Headlines

တီးတိန်မြို့နယ် ဒေသခံလူငယ် ၁ ဦးကို သေဒဏ်စီရင်လိုက်ကြောင်း ZRA-EC မှ ထုတ်ပြန်

ဇွန်လ ၁၅ ရက်။

တီးတိန်မြို့နယ် တွီးထန်ရွာနေ ဒေသခံလူငယ် Kap Lian Mang အား ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လုပ်ကြံခံရတဲ့ ZRA-EC အဖွဲ့၀င် Pa Pau Ngaih Mang အမှု ကြောင့် ဖမ်းဆီးပြီး သေဒဏ် စီရင် လိုက်ကြောင်း တီးတိန်ခရိုင် အတွင်းမှာ အခြေပြု စစ်ရေးလှုပ်ရှားသည့် လက်နက်ကိုင် အဖွဲ့အစည်း တခု ဖြစ်သော Zomi Revolutionary Army-Eastern Command (ZRA-EC) က ဇွန်လ ၁၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ Pa Pau Ngaih Mang လုပ်ကြံ သတ်ဖြတ် ခံရတဲ့ ပတ်သက်ပြီး Zomi National Army အဖွဲ့ နဲ့ ဆက်စပ်သူများကို အမြန်ဆုံး စုံစမ်း ဖော်ထုတ်ခဲ့ကြောင်း၊ Cin Za Khup ရဲ့ သား ဖြစ်တဲ့ တွီးထန်ရွာသား Kap Lian Mang ကို ရွာထဲကနေ ဖမ်းဆီးပြီး အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်တဲ့ သေဒဏ်ဖြင့် စီရင်လိုက်ကြောင်း ဖော်ပြ ထား ပါတယ်။

ဒါ့အပြင် ZRA-EC အနေဖြင့် ဇိုမီးလူမျိုးများအတွင်း လက်နက်ကိုင် အဖွဲ့အစည်း တခုသာ ထားရှိရန် မူဝါဒ ရှိခဲ့ပြီး ဖြစ်သည်ကြောင်း၊ ZNA ကဲ့သို့သော လက်နက်ကိုင် အဖွဲ့အစည်း အသစ် ပေါ်ပေါက်လာမှု အပေါ် များစွာ ဝမ်းနည်း စိတ်မကောင်း ဖြစ်ခဲ့ရကြောင်း၊ ZNA အနေဖြင့် Pa Pau Ngaih Mang ကို လုပ်ကြံ သတ်ဖြတ်ခြင်းဖြင့် မိမိတို့ထက် အရင် သွေးမြေကျအောင် လုပ်ခဲ့ကြ ပြီ ဖြစ်ကြောင်း၊ ZNA အဖွဲ့ဝင်များ နှင့် ယင်းတို့နဲ့ ပတ်သက်သူများကို လည်း ဆက်လက် အရေးယူ ဆောင်ရွက်သွား မည် ဖြစ်ကြောင်း များလည်း ထုတ်ပြန်ချက်မှာလည်း ထည့်သွင်း ဖော်ပြထား ပါတယ်။

“တွီးထန်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် Zomi Youth Association-Tuithang ရဲ့ ခေါင်း ေဆာင်တွေကို ZRA-EC ဘက်က တွန်းဇံမြို့ မှာ Tg Kap Lian Mang ရဲ့ အလောင်း လာယူဖို့ ဖုန်းဆက်လာ ခဲ့ ပါတယ်။ သူ တကယ် သေဆုံးသွားပြီ ဆိုတာ အတည်ပြုလို့ ရသွားပါပြီ” လို့ ဒေသခံ တဦး က အတည်ပြု ပြောကြား လာပါတယ်။

ချင်းပြည်နယ် တီးတိန်ခရိုင် အတွင်းမှာ အခြေပြု စစ်ရေးလှုပ်ရှားလာသည့် လက်နက်ကိုင် အဖွဲ့အစည်း သစ် တခု ဖြစ်တဲ့ Zomi National Amry(ZNA)အဖွဲ့ကမူ ZRA-EC အနေဖြင့် Pa Pau Ngaih Mang လုပ်ကြံ သတ်ဖြတ် ခံရမှုနဲ့ ပတ်သက်ပြီး လက်သည် တရားခံများ စုံစမ်း သိရှိဖြစ်လျက်နဲ့ ZNA ကို အပေါ် စွပ်စွဲ ထားသည်မှာ မှန်ကန်မှု မရှိကြောင်း ကြေငြာချက် ထုတ် ငြင်းဆန် ခဲ့ပါတယ်။

ZRA-EC ရဲ့ ပြည်ထဲရေး ဌာနမှာ လုပ်ကိုင် ဆောင်ရွက် နေတဲ့ Pa Mang (ခေါ်) Pa Pau Ngaih Mang ဟာ ဇွန်လ ၉ ရက်နေ့မှာ တီးတိန်မြို့နယ် ဆွောင်းဇန်ရွာ မှ တုန်းဇံ ရွာသို့ အလည်အပတ် သွားရောက်ပြီး ရွာသို့ ပြန်လာစဉ် ညနေပိုင်းမှာ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရ ပြီး ရုပ်အလောင်းဟာ ဇွန်လ ၁၀ မနက် ၁ နာရီ ခန့်မှာ ဆွောင်းဇန်ရွာရှိ ကွယ်လွန်သူရဲ့ နေအိမ်သို့ ရွာသားများမှ သယ်ဆောင်သွားကြ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *