Headlines

ဖလမ်းမြို့နယ်၊ထင်းရှုးစခန်း ခံစစ်ကုန်းကို ချင်းပူးပေါင်းတပ်ဖွဲ့တွေပြန်သိမ်းပိုက်၊လက်နက်ကြီးနဲ့လက်နက်ခဲယမ်းများစွာ ရရှိ

created by Polish

ဖေဖော်ဝါရီလ ၁၄ ရက်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ ထင်းရှုးစခန်းက ခံစစ်ကုန်းကို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မနက်ပိုင်း ၁ နာရီလောက်မှာ ပြန်သိမ်းပိုက်ခဲ့ပြီး လက်နက်ငယ် ၁၁ ခန့််ပြန်ရခဲ့သလို စစ်ကော်မရှင်တပ်ဖွဲ့တွေ တိုက်ပွဲအတွင်း မသယ်နိုင်လို့ ဖွက်ထားတဲ့ လက်နက်ကြီးတွေကိုလည်း မဏိပူရ်မြစ်တဘက်ခြမ်းတွင် ပြန်တွေ့ခဲ့တယ်လို့ ဖလမ်းမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO / CNDF)ရဲ့​ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကပြောပါတယ်။

ဖလမ်းမြို့နယ် ထင်းရှုးစခန်းက ချင်းလက်နက်ကိုင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ခံစစ်ကုန်းကို သိုင်းငင်းကနေ တက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က မနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က သိမ်းပိုက်ခဲ့တာဖြစ်ပြီး ချင်းလက်နက်ကိုင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်း ၁ နာရီလောက်မှာ ထိုးစစ်ပြန်ဆင်ကာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ ထင်းရှုးစခန်းဘက်ပေါ့ သိုင်ငင်းကနေ တက်လာတဲ့ စစ်ကြောင်းမှာ သူတို့ဘက်ကနေ မနေ့က ကျနော်တို့တော်လှန်ရေးတပ်တွေ ခံစစ်ထားတဲ့နေရာကုန်းကို သူတို့ဘက်ကသိမ်းတယ်ပေါ့နော် ဒီနေ့မနက် ၁ နာရီလောက်မှာ ကျနော်တို့ ထိုးစစ်ပြန်ဆင်ပြီးမှ လက်နက်ငယ် ၁၁ လက်လောက် ဒီကနေ့ မနက် သိမ်းတဲ့ဟာ ရှိပါတယ်။ နောက်ပြီး လက်နက်ကြီးကျည်တွေကိုတော့ ဝေဘူလဘက်ကနေ စစ်ကြောင်းသူတို့လာတဲ့ခါတုန်းက မဏိပူရ်ရမြစ်ရောက်တဲ့ချိန် ကျနော်တို့နဲ့ ၈ ရက်လောက်ပစ်ခတ်မှုရှိတော့ သူတို့မသယ်နိုင်တော့ ဝှတ်ထားတဲ့ဟာတွေဖြစ်တယ် ဟိုတနေ့က စကစ ဘက်ကနေ ကျနော်တို့ဖမ်းမိတဲ့ဟာရှိတယ် အဲဒီနောက် နယ်မြေရှင်းလင်းရေးတွေလုပ်ပြီးမှ သူတို့ဖွတ်ထားတဲ့ဟာတွေကို ကျနော်တို့ပြန်ယူတဲ့သဘောဖြစ်ပါတယ် မဏိပူရ်ရမြစ်တဘက်ခြမ်းမှာပေါ့နော်” လို့ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဖလမ်းမြို့ ပြန်ရရှိနိုင်ဖို့ စစ်အင်အားထောင်ချီ သုံးပြုပြီးချီတက်တိုက်ခိုက်နေသလိုလေကြောင်းပစ်ကူ၊ ဒရုန်းတွေ နဲ့ တိုက်ခိုက်နေတာ ၄ လဝန်းကျင်ရှိလာပြီဖြစ်ပေမယ့် ချင်းလက်နက်ကိုင်တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေရဲ့ တန်ပြန်ထိုးစစ်တွေမှာ အထိအခိုက် ကျဆုံးများနေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *