Headlines

ဟားခါးနဲ့တီးတိန်မြို့က ပြည်သူတွေအနေနဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ အပြင်ထွက်ခြင်းမလုပ်ဖို့အသံတိတ်သပိတ်လုပ်ဖို့ထုတ်ပြန်

ဒီဇင်ဘာလ ၂၆ ရက်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ရက်နီးကပ်လာချိန် ဟားခါးနဲ့တီးတိန်မြို့ပေါ်နှင့် ဒေသတွင်းက ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အတွင်း အပြင်ထွက်တာ၊ခရီးသွားတာတွေ မလုပ်ဖို့ ၊အသံတိတ်သပိတ်လုပ်ဖို့ ၊ဟားခါးမြို့နယ်အခြေစိုက် CDF-Hakha နဲ့တီးတိန်မြို့နယ်အခြေစိုက် PDF Zoland တပ်ဖွဲ့က အသီးသီးထုတ်ပြန်ထားပါတယ်။

နေအိမ်၌သာ နေထိုင်ကာ အသွားအလာ သတိထားကြဖို့ နဲ့ ကျေးလက်နေပြည်သူတွေအနေဖြင့်လည်း ခရီးသွားလာတာ မပြုလုပ်ကြဖို့ လေးစားစွာ အသိပေးတယ်လို့ PDF Zoland ရဲ့ ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟားခါးမြို့နဲ့ တီးတိန်မြို့နယ် တွေမှာ စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပါတီစုံ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha အနေဖြင့်လည်း ဟားခါးမြို့နေ ဒေသခံပြည်သူတွေအနေဖြင့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မိမိနေအိမ် နေထိုင်ကြပြီး အသံတိတ်သပိတ် ဆင်နွှဲကြဖို့ကိုလည်း ဒီဇင်ဘာလ ၂၄ ရက်နေ့က အသိပေးထားပါတယ်။

ရွေးကောက်ပွဲလုပ်ဖို့ ရက်ပိုင်းသာလိုတော့တဲ့ ဟားခါးမြို့ပေါ်မှာလည်း ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဒေသတွင်း လက်နက်ကိုင် CDF – Hakha တပ်ဖွဲ့က ဟားခါးမြို့က စစ်ကော်မရှင် တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *