
ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ နာမည်စာရင်းကို အောက်တိုဘာလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး လွှတ်တော် ၃ ရပ်( အမျိုးသား၊ပြည်သူ့၊ပြည်နယ်) လွှတ်တော်ကိုယ်စားလှယ် ၂၈ နေရာအတွက် ဝန်ကြီးဟောင်း ဦးစိုးထက်(NCC) ၊ ဝန်ကြီးဟောင်း ဦးနိုးထန်ကပ်(NCC)၊ဝန်ကြီးဟောင်းဦးပေါင်လွန်မင်ထန်း(ZNP) အပါအဝင် ကိုယ်စားလှယ်လောင်း ၈၃ ဦး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အမည်စာရင်းထုတ်ပြန်ချက် အရသိရပါတယ်။
ချင်းပြည်နယ်မှာ ခူမီးအမျိုးသားပါတီ (KNP) မှ တစ်နေရာ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ၉ နေရာ၊ ဇိုမီးအမျိုးသားပါတီ (ZNP) မှ ၁၉ နေရာ၊ ချင်းပြည်သစ် ကွန်ဂရက်ပါတီ (NCC) မှ ၂၆ နေရာ နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ၂၈ နေရာ အသီးသီး ယှဉ်ပြိုင်မှာဖြစ်ကြောင်း စာရင်း အရ တွေ့ရှိရပါတယ်။
ချင်းပြည်နယ်အတွင်း ယှဉ်ပြိုင်မည့် ချင်းပြည်သစ် ကွန်ဂရက်ပါတီ(NCC) အနေဖြင့် ကိုယ်စားလှယ် နေရာ ၂၈ နေရာ အတွက် ကိုယ်စားလှယ်လောင်း နေရာ အားလုံး အတွက် မှတ်ပုံတင်ထားသော်လည်း သတ်မှတ် အရည်အချင်း မပြည့်မှီခြင်းကြောင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) နှင့် တွန်းဇံမြို့နယ် ပြည်သူ့ လွတ်တော် မဲဆန္ဒနယ် တို့ အတွက် အမတ်လောင်း လစ်လပ်နေခဲ့ပြီး ပါတီ အနေဖြင့် လက်ရှိမှာ အယူခံ ဝင်နေဆဲဖြစ်ကြောင်း၊ ရက်ပိုင်း အတွင်း အတည်ပြုချက် ရရှိတော့မည် ဖြစ်ကြောင်း NCCပါတီ၏ ပြောရေး ဆိုခွင့်ရသူ တစ်ဦး ထံမှ သိရှိရပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင် ကျင်းပမယ့် ၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ပိုင်း(၁) မှာတော့ ချင်းပြည်နယ်ကနေ ဟားခါးမြို့နယ် နှင့် တီးတိန်မြို့နယ်၊တွန်းဇံမြို့နယ်၊ ဖလမ်းမြို့နယ် နှင့် ထန်တလန် မြို့နယ် တို့ သာ ပါဝင်လာမှာ ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ကျန် အပိုင်းတွေ ဘယ်ချိန်မှာ ကျင်းပမည်ကို သိရှိထားခြင်း မရှိသေးကြောင်း ချင်းပြည်သစ် ကွန်ဂရက်ပါတီရဲ့ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။
ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ဖြင့် ကြေငြာ ခဲ့သော ကိုယ်စားလှယ်လောင်း စာရင်းမှာ အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါတယ်။
#ချင်းပြည်နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းများ
တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးဆလိုင်းအောင်ပြည့် (USDP)
ဦးဇင်ရှင်းပြောင် (NCC)
ဦး ဒဲရစ်ကမ်ဇအာလ် (ZNP)
ဟားခါးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးကံလင်း (KNP)
ဦးဗန်နီ (USDP)
ဦးရိုဘင် (NCC)
ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးဗန်မွန်လျန် (NCC)
ဒေါက်တာသိန်းဆွေ (USDP)
ဖလမ်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးကဗ်ထောင်း (ခ) မျိုးလွင် (USDP)
ဦးခေါလျံထောင်း (NCC)
တွန်းဇံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးခမ်လမ့်တွောင် (ZNP)
ဦးဇမ်းကျင့်ထန် (USDP)
#ချင်းပြည်နယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းများ
(မဲအများဆုံးရသူ အနိုင်ယူစနစ်) မဲဆန္ဒနယ် အမှတ် (၁) (တီးတိန်ခရိုင်)
ဦးကိုင်ခန့်မန်း (NCC)
ဦးပေါင်လွန်းမင်ထန် (ZNP)
ဦးလျန်ဇခုပ် (USDP)
ဦးအာကာ (PPP)
(မဲအများဆုံးရသူ အနိုင်ယူစနစ်) မဲဆန္ဒနယ် အမှတ် (၃) (ဖလမ်းခရိုင်)
ဦးညီညီထွန်း (PPP)
ဦးထီယံအုပ်ထန်း (NCC)
ဦးရမ်ကိပ်ကျဲ(အိုး) (USDP)
(မဲအများဆုံးရသူ အနိုင်ယူစနစ်) မဲဆန္ဒနယ် အမှတ် (၆) (ဟားခါးခရိုင်)
ဦးထလာထန်း (USDP)
ဦးမျိုးသူရလင်း (PPP)
အချိုးကျ ကိုယ်စားပြု မဲဆန္ဒနယ် အမှတ် (၁)၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများ
NCC
ဒေါ် ကျိန်လျန်းဝုန်၊ ဦးကြာထွန်း၊ ဒေါက်တာ ခန့်လင်း၊ ဦးစိုးထက် (ခ) ဆလိုင်းမဲလု၊ ဦးနိုထန်ဘဲလ် (ခ) နိုထန်ကပ်၊ ဦးနိန်ရှိန်း
ZNP
ဒေါ်ကျိန်ငိုက်မန်၊ ဦးထန်ခန့်ဆောမ်း၊ ဦးဒါးလ်လဲရှမ်း၊ ဦးနန်ခင်းဇမ်း၊ ဦးလန့်ရှင်းဂင့်၊ လန့်ရှင်းထန်
USDP
ဦးကီးပိုင်း၊ ဦးကျင့်တုန်းမန်၊ ဦးဇော်လွန်းအောင်၊ ဦးဘွဲထလုန်၊ ဦးမြတ်ကိုကိုဦး၊ ဦးအောင်မင်းနိုင်
PPP
ဒေါ်ခင်သန္တာစိုး၊ ဒေါ်စိုးယုယုအေး၊ ဒေါ်နီလာဝင်း၊ ဒေါ်နှင်းအိခိုင်၊ ဒေါ်ပန်းအိဖြူ၊ ဦးမျိုးအောင်စိုး
#ချင်းပြည်နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ
တီးတိန်မြို့နယ် မဲဆန္ဒနယ် (မဲအများဆုံးရသူ အနိုင်ယူစနစ်)
ဒေါက်တာ ကောင်းထက်ခိုင် (USDP)
ဦးပေါင်ဇလန်း (ZNP)
ဒေါ်ဝုန်သွယ်ကိမ် (NCC)
ဟားခါးမြို့နယ် မဲဆန္ဒနယ် (မဲအများဆုံးရသူ အနိုင်ယူစနစ်)
ဦးလျန်ကျဲအို (NCC)
ဒေါက်တာဝုန်ဆွန်းထန် (USDP)
ထန်တလန်မြို့နယ် မဲဆန္ဒနယ် (မဲအများဆုံးရသူ အနိုင်ယူစနစ်)
ဒေါ်ထလွဲကြား (NCC)
ဦးနီကမ်း (USDP)
ဖလမ်းမြို့နယ် မဲဆန္ဒနယ် (မဲအများဆုံးရသူ အနိုင်ယူစနစ်)
ဦးကျုံးဘိခ် (USDP)
ဦးဘွာလ်ဆိုင်လို (NCC)
တွန်းဇံမြို့နယ် မဲဆန္ဒနယ်(မဲအများဆုံးရသူ အနိုင်ယူစနစ်)
ဦးထန်လျန်းဆုမ်း (ZNP)
ဒေါ်လမ်းငိုက်ဟွဲ (NCC)
ဦးလာလ်လျံမန် (ခ) သက်ထွန်း (USDP)
ချင်းပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ မဲဆန္ဒနယ် မဲဆန္ဒနယ် အမှတ် (၁)
USDP
ဦးကောလ်လျန်းထန်၊ ဦးဆလိုင်းမြင့်မိုး၊ ဦးဆန်အုပ်မန်း၊ ဦးတင်ကာကျင်း၊ ဦးထူးလွင်၊ ဦးထန်းလှေ့၊ ဦးထွန်းထွန်း၊ ဦးသန့်ဇင်ဦး၊ ဦးအောင်ကျော်ဒွေး
NCC
ဦးစိုးကျော်စွာနိုင်၊ ဦးဆလိုင်းခွဲယန်း၊ ဦးဆန်မင်း(ခ)စံမင်း၊ ဦးဇင်မင်းသိုက်၊ ဦးထန်ဇမန်း၊ ဦးထန်းအောင်၊ ဦးပေါလု၊ ဦးဝမ်းလျန်ထန်၊ ဦးသျှန်းနိုင်မန်း
ZNP
ဒေါ်ကျင်းလမ့်ဝုန်၊ ဒေါ်ခုပ်ဆန်းဝုန်၊ ဒေါ်ဇင့်လွန်းကိမ်၊ ဦးဇမ်းရှင်းဒါလ်း၊ ဦးထန်ရှင်းထောင်း၊ ဦးဒါးလ်လမ်းမုန်၊ ဦးလန့်ဇမန်၊ ဦးဝုန်လျန်းထန်