Headlines

ပလက်ဝမြို့နယ်မှာ နေအိမ် ၅ လုံးမီးလောင်ခဲ့ပြီး လေဖြတ်နေသူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

မေလ ၁၆ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အထက်ဘလိုင်ရွာမှာ မနေ့မေလ ၁၅ ရက်နေ့ မနက် ၁၁ ဝန်းကျင်လောက်မှာ ဟင်းချက်ရာကနေ မီးလောင်ခဲ့လို့ နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး လေဖြတ်နေသူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ဦးဆင်လုံး အိမ်က ထမင်း၊ ဟင်းချက်ရာကနေ လောင်တာ ဖြစ်တယ် လေဖြတ်နေတဲ့ တစ်ယောက် ဒဏ်ရာရတယ်လို့ သိရတယ် ဦးဆင်လုံး၊ ဦးလှကျော်ရွှေ၊ ဦးဦးသာလှ၊ ဦးဖာဝင်း၊ ဦးကျော်ဝင်း အိမ်တွေ ပြာကျတယ်။ မနက် ၁၁ နာရီမှာ လောင်ပြီးတော့ နေ့လည် ၁ နာရီမှမီးငြိမ်းနိုင်တယ် ရွာသားတွေက ဝိုင်းငြိမ်းလို့” လို့ပြောပါတယ်။

မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်ကနေ လောင်တဲ့မီးကို ရွာသားတွေက ဝိုင်းဝန်းငြိမ်သက်ခဲ့ကြပြီး နေ့လယ် ၁ နာရီဝန်းကျင်မှာ မီးငြိမ်းသတ်နိုင်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်တဲ့ ပလက်ဝမြို့နယ်မှာ ဒီ ၂၀၂၅ ခုနှစ်အတွင်း မီးလောင်မှု လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *