Headlines

မတူပီမြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်လိုတဲ့ NGO/INGO နဲ့ အခြားဘယ်အဖွဲ့မဆို CDF – Matupi (တပ်မဟာ – ၂)ဆီ ခွင့်ပြုချက်ယူရမယ်လို့ အသိပေး

မတ်လ ၂၀ ရက်။

မတူပီမြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်လိုတဲ့ NGO/INGO နဲ့ အခြားမည်သည့် အဖွဲ့အစည်းကမဆို ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ( တပ်မဟာ – ၂) တပ်မဟာရုံးမှာ ကြိုတင်အကြောင်းကြားပြီး ခွင့်ပြုချက်ရယူပြီးမှသာ လုပ်ငန်းဆောင်ရွက်ခွင့်ပြုမယ်လို့ ဒီကနေ့မတ်လ ၂၀ ရက်နေ့မှာ CDF – Matupi (တပ်မဟာ – ၁) ကထုတ်ပြန်ပါတယ်။

ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ( တပ်မဟာ – ၂) နယ်မြေအတွင်း ပြည်သူ့ဝန်ဆောင်မှုပေးရာမှာလည်း CC/CB ဟူ၍ပြောဆိုခြင်း၊ မိမိဆန္ဒမပါဘဲ CC/CBကို အတင်းအဓ္ဓမ ထောက်ခံစေခြင်း၊ အခွင့်အရေးနှင့်ပြည်သူကို စည်းရုံး၊ စည်းဝေးခြင်း၊ စည်းလုံးနှင့်ပြီးတဲ့ ကျေးရွာတွေ အဖွဲ့ကွဲစေခြင်းတွေကို တွေ့ရှိပါက မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို ကြီးလေးတဲ့ ပြစ်ဒဏ် ခံရမယ်လို့လည်း ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ( တပ်မဟာ – ၂) ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မတူပီကနေ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေ နေရပ်ကိုလွတ်လပ်စွာ ပြန်လာနိုင်ရေးကိုလည်း ဦးစားပေးဆောင်ရွက်လျှက်ရှိရာ နေရပ်ပြန် မိဘပြည်သူတွေအနေနဲ့ ကျေးရွာ တောတောင်တွေမှာ ပေါက်ကွဲစေတက်တဲ့ ပစ္စည်းတွေ့ရှိပါက သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေထံ ချက်ချင်းအကြောင်းကြားစေလိုတယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ မတူပီမြို့နယ်အတွင်းမှာ Chinland Council (CC) အဖွဲ့ဝင်ဖြစ်တဲ့ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ( တပ်မဟာ – ၂) နဲ့ ချင်းညီနောင် (CB) အဖွဲ့ဝင် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ( တပ်မဟာ – ၁) တွေက သီးခြားဆီနယ်မြေတွေကို ထိန်းချုပ်ထားပါ။

မတူပီမြို့ကိုတော့ CDF – Matupi (တပ်မဟာ – ၁) ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး မတူပီမြို့ပေါ်အုပ်ချုပ်စီမံရေးတွေကိုတော့ CDF – Matupi (တပ်မဟာ – ၁) က ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *