Headlines

၂ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၃၀ ခန့်ရှင်းလင်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း (၂၀) ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သလို လက်နက် (၈၀) ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ CNF ထုတ်ပြန်

မတ်လ ၁၈ ရက်။

ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ၂၀၂၅ ခုနှစ်၊ ၂ လတာအတွင်း စစ်ကောင်စီတပ်စခန်းတချို့ သိမ်းပိုက်နိုင်ခဲ့သလို ရန်သူ့အင်အား (၃၀) ခန့်ကိုလည်း ရှင်းလင်းနိုင်တဲ့အပြင် စစ်သုံ့ပန်း (၂၀) ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး ရန်သူ့လက်နက် (၈၀) ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ မတ်လ (၂၀) ရက်​နေ့တွင်ကျ​ရောက်မည့် (၃၇) နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အတွက် ဒီကနေ့ မတ်လ ၁၈ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး(CNF) ကထုတ်ပြန်ပါတယ်။

ချင်းအမျိုးသားတပ်ဦးအနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး လှုပ်ရှားမှုအရှိန်ကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလို (၃၇) နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ အကျဉ်းသား (၇၂) ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့လည်း ချင်းအမျိုးသားတပ်ဦး(CNF) ကထုတ်ပြန်ပါတယ်။

မတ်လ (၂၀) ရက်နေ့ဟာ အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းပြီး အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်တူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့တဲ့ (၃၇) နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း အသက်ပေးလှူသွားကြတဲ့ အာဇာနည်တွေအားလုံးကို ဦးညွှတ်ဂါဝရပြုကြာင်းလည်း ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ပြည်သူတွေဆုံးရှုံးခဲ့ရတဲ့ လူမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအစိုးရ၊ အဖွဲ့အစည်းတွေ စေတနာရှင်တွေကနေ ပံ့ပိုးကူညီကြဖို့ကိုလည်း ချင်းအမျိုးသားတပ်ဦး(CNF) ကတိုက်တွန်းနှိုးဆော်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *