Headlines

မင်းတပ်မြို့အဝင်မှာ တောမီးလောင်နေလို့ မီးဘေးအန္တရာယ်ကို စုပေါင်းလက်တွဲကာကွယ်ကြဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အသိပေး

မတ်လ ၁၂ ရက်။

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက် အထိန်းကွပ်မဲ့ တောမီးလောင်ကျွမ်းနေတာကြောင့် မီးဘေးအန္တရာယ်ကို စုပေါင်းလက်တွဲ ကာကွယ်ကြဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အရပ်သားပြည်သူတွေအနေနဲ့ မိမိနေအိမ် မီးဘေးအန္တရာယ်ကို သတိထားနေကြရန်၊ မီးဘေးအန္တရာယ်ကိုလည်း စုပေါင်းလက်တွဲ ကာကွယ်ကြရန်နဲ့ မြို့အနီးတဝိုက်တောင်ယာလုပ်ကိုင်သူတွေ၊ တောလိုက်ငှက်ပစ်သူတွေ အနေနဲ့လည်း တောမီးရှို့မှုတွေ မဖြစ်စေရန် သတိထားစောင့်ကြည့်ကူညီကြဖို့ကိုလည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ပြီး CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မင်းတပ်မြို့တွင်း ပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ကိုလည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ ပြန်လည်ခွင့်ပြုပြီလို့လည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *