Headlines

ချင်းအမျိုးသားကောင်စီ အဖြစ် ၂ ဖက် ပေါင်းစည်းရန် Chinland Council နဲ့ ICNCC တို့ သဘောတူညီမှုရရှိ

ဖေဖော်ဝါရီလ ၂၆ ရက်။

ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အ နေဖြင့် ချင်းပြည်အတွင်းရှိ ချင်းပြည်သူများအတွက် ကောင်စီ ၂ ရပ် ရှိ နေခြင်းကိုမဖြစ်သင့်ကြောင်း နှစ်ဖက်လက်ခံယုံကြည်ကြသည်နှင့်အညီ ကောင်စီအသစ်တစ်ရပ်အဖြစ် ပေါင်းစည်းရန်သဘောတူညီခဲ့ကြပြီး ထိုကောင်စီအမည်ကို ချင်းအမျိုးသားကောင်စီ ( Chin National Council ) ဟု ခေါ်တွင်ရန်သဘောတူညီကြကြောင်း Chinland Council နဲ့ ICNCC တို့အကြားချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက်ကို ဒီနေ့ ဖေဖော်ဝါရီလ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ချင်းအမျိုးသားကောင်စီ(Chin National Council ) အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမှုကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန်သဘောတူညီကြပြီလို့ ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့က ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။

ချင်းပြည် (Chinland) ကောင်စီမှာ ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး ( CNF/CNA) ၊ CDF -–Matupi တပ်မဟာ (၂) ၊ CDF – Lautu ၊ CDF – Tongzang ၊ CDF – Zotung၊ CDF – Hakha ၊ CDF-Thantlang ၊ CDF-Hualngoram ၊CDF / CDM SIYIN၊ PDA – Tedim ၊ CDF – KKG၊ CDF – Mara ၊ CDF – Paletwah ၊ CDF – Zanniatram နဲ့ Mindat Council စတဲ့ အဖွဲ့တွေနဲ့ ဖွဲ့စည်းထားပါတယ်။

ချင်းညီနောင်အဖွဲ့ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)ကနေ လုပ်ဆောင်တာဖြစ်ပြီး ချင်းညီနောင်အဖွဲ့မှာ ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ၊ (ZFU / PDF – Zoland)၊ CDF – Mindat ၊ CDF – Kanpalet ၊ CDF -–Matupi တပ်မဟာ (၁) ၊ MTC/ MDF နဲ့စတဲ့ လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နဲ့ဖွဲ့စည်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *