Headlines

ခမ်းပတ်မြို့ကို ဒီညမှာ စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်

ဇန်နဝါရီလ ၂၀ ရက်။

ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်ခဲ့လို့ အရပ်သားထိခိုက် သေဆုံးတာတွေ ရှိခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို ဒီကနေ့ ဇန်နဝါရီ ၂၀ ည (၇) နာရီဝန်းကျင််လောက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ ၂ ကြိမ်တိုက်ခိုက်သွားခဲ့တယ််လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးပြောတာက “ခမ်းပါတ်မြို့အဝင် မြို့ရဲ့တောင်ဘက် နန်းကတိတ်ရွာနားကို လေကြောင်းကနေ ၂ ကြိမ် ခိုက်သွားတယ်လို့ သိရတယ် ထိခိုက်၊ ကျဆုံး တွေတော့ မသိရသေးဘူး” လို့ပြောပါတယ်။

ခမ်းပတ်မြို့ကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဒီည (၇) နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်တာလို့ ဒေသခံတစ်ချို့ကပြောပါတယ် ထိခိုက်ဒဏ်ရာရ တာတွေနဲ့ ပက်သက်တဲ့ အသေးစိတ်ကိုတော့ ချင်းဝါလ်မီဒီယာအနေနဲ့ ဆက်လက်ဖော်ပြသွားပါမယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ခမ်းပတ်မြို့နဲ့ ကနန်ရွာဘုန်းကြီးကျောင်းကို တိုက်ခိုက်ခဲ့လို့ တော်လှန်ရေးရဲဘော်တစ်ဦးနဲ့ ၃ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ရပြီး လူတချို့ ထိခိုက်ဒဏ်ရာရကာ နေအိမ်အမြောက်များပျက်စီးခဲ့ရပါတယ်။

ခမ်းပတ်မြို့ဟာ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးကားလမ်းပေါ်မှာတည်ရှိပြီး ချင်းလူမျိုးအများစုနေထိုင်တဲ့ လူဦးရေ ၅ ထောင်ခန့်နေထိုင်တဲ့ မြို့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ သိမ်းပိုက်ချုပ်ထားတဲ့ မြို့လည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ သူတို့လက်လွှတ်ဆုံးရှုံးထားတဲ့ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်လာနေတယ်လို့လည်း လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့တွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *