Headlines

ကလေးမြို့အကျဉ်းထောင်ကနေ နိုင်ငံရေး အကျဉ်းသား/ အကျဉ်းသူအများစုပါဝင်တဲ့ ၁၁၅ ဦး လွတ်လာတယ်လို့ သိရ

မတ်လ ၂ ရက်။ အာဏာသိမ်း စစ်ကော်မရှင်က မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးလိုက်တဲ့အထဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား / အကျဉ်းသူ အများစုပါဝင်တဲ့ ၁၁၅ ဦးကို လွတ်ပေးလိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေသိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများအရေးနဲ့ နီးစပ်သူဒေသခံတစ်ဦးက “ နိုင်ငံရေးအကျဉ်းသူ ၂၅ ဦး ၊ အကျဉ်းသား က ၈၁ ယောက်လို့ စာရင်းအတိအကျသိရတယ် ၊ ကျန်တာကတော့ တခြားပြစ်မှုတွေနဲ့ ပြန်လွတ်တဲ့သူတွေ” လို့ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် ( PPNM) ရဲ့ ကနဦးရရှိထားတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်လာတဲ့ ဦးရေမှာ ကလေးမြို့မော်လိုက်အကျဉ်းထောင်ကနေ အမျိုးသား ၈၁ ဦးနဲ့ အမျိုးသမီး…

Read Full News

ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့စစ်ကော်မရှင်တပ်ရဲ့လက်နက်ရိက္ခာတချို့ ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေရရှိ

မတ်လ ၃ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ၎င်းတပ်ဖွဲ့ဝင်တွေကို Y – 12 လေယာဉ်နဲ့ ချပေးတဲ့ လက်နက်ရိက္ခာတချို့ကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရရှိခဲ့တယ်လို့ ဖလမ်းမြို့နယ် အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO / CNDF)ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက”ပစ္စည်းရတာက မနေ့ညကပါ။ တချို့ Y – 12 ချတဲ့ဟာတွေက သူတို့ ( စစ်ကော်မရှင်တပ်ဖွဲ့ ) နဲ့ ကျနော်တို့ကြားထဲ ကျတဲ့ဟာရှိတယ် တချို့နေရာမျိုးမှာဆိုရင် ကျနော်တို့နဲ့ ပိုနီးတဲ့နေရာမှာ ကျတဲ့ဟာမျိုးရှိတယ် မတိကျဘူးပေါ့ အဲဒီပစ္စည်းတွေ ကောက်ဖို့ဆိုရင် သူတို့ဘက်ကလည်း စစ်ကြောင်း ထိုးပြီးမှ ကောက်လို့ ရမဲ့ ပုံစံမျိုးဖြစ်တယ်”လို့ပြောပါတယ် ။…

Read Full News

မီဇိုအမျိုးသမီး အိမ်ထောင်ရေးနဲ့ အမွေဆက်ခံမှုဆိုင်ရာ ဥပဒေပြင်ဆင်ချက်တွေဟာ အဖွဲ့အစည်းပေါင်းစုံနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ဆောင်ခဲ့တာလို့ မီဇိုရမ်ဝန်ကြီးချုပ်ပြော

ဖေဖော်၀ါရီလ ၂၈ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲ့ အိမ်ထောင်ရေးနဲ့ အမွေဆက်ခံမှုဆိုင်ရာ ဥပဒေပြင်ဆင်ချက်တွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်နဲ့ အများပြည်သူကြား ဝေဖန်ဆွေးနွေးမှုတွေ ပြင်းထန်နေချိန်မှာ၊ ဝန်ကြီးချုပ် Lalduhoma က ဒီပြင်ဆင်ချက်တွေဟာ အစိုးရက တစ်ဦးတည်းသဘောနဲ့ လုပ်ဆောင်တာမဟုတ်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးပြီးမှ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ခုခံကာကွယ်ပြောဆိုလိုက်ပါတယ်။ ဥပဒေရေးရာဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် Lalduhoma တင်သွင်းခဲ့တဲ့ “မီဇိုအိမ်ထောင်ရေးနှင့် ပစ္စည်းအမွေဆက်ခံမှု (ပြင်ဆင်ချက်) ဥပဒေမူကြမ်း” ကို မီဇိုရမ်ပြည်နယ်လွှတ်တော်က ဒီလအစောပိုင်းမှာ အတည်ပြုခဲ့တာပါ။ ဒီဥပဒေဟာ ၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့တဲ့ မူလဥပဒေကို ပိုမိုခိုင်မာအောင် လုပ်ဆောင်တာဖြစ်ပြီး မယားအများအယူစနစ်၊ လူမျိုးခြားနဲ့ လက်ထပ်ခြင်းနဲ့ အမျိုးသမီးတွေရဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်ဆိုင်ရာ ပြဌာန်းချက်တွေကို ထည့်သွင်းထားတာဖြစ်ပါတယ်လို့ဆိုပါတယ်။ ဒီပြင်ဆင်ချက်အရ မယားအများအယူစနစ်ကို တရားဝင်ပိတ်ပင်လိုက်ပြီး အမျိုးသမီးတွေအနေနဲ့ လင်မယားပိုင်ပစ္စည်းရဲ့ ၅၀…

Read Full News

စစ်အာဏာသိမ်းပြီး မိုင်းဒဏ်ကို အပြင်းအထန် ခံနေရတဲ့ ချင်းပြည်

ရေး – DonBosco ချင်းပြည်နယ်အတွင်းက ဟားခါးမြို့နဲ့ တီးတိန်မြို့၊ ခိုင်ကမ်းမြို့ပေါ်များမှလွဲပြီး မင်းတပ်၊ မတူပီ၊ ဖလမ်း၊ ကန်ပက်လက်၊ တွန်းဇံနဲ့ ပလက်ဝ စတဲ့ မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်တွေကို အလုံးစုံ တိုက်ထုတ်နိုင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲတွေ အောင်မြင်ခဲ့ပေမယ့် ချင်းပြည်သူတွေအတွက်တော့ နောက်ထပ် “အသံတိတ်စစ်ပွဲ” တစ်ခုကတော့ လက်ရှိအချိန်သာမကရေရှည်ဖြေရှင်းရမယ့် အန္တရယ်အဖြစ် ရောက်ရှိလာတယ်လို့ မြေမြှုပ်မိုင်းနဲ့ပတ်သက်တဲ့ စောင့်ကြည့်တဲ့အဖွဲ့အစည်းတွေရဲ့ အစီအရင်ခံစာတွေက သက်သေပြလို့နေပါတယ်။ အဲဒါကတော့ မြို့ရွာတွေထဲမှာ ကျန်ရစ်ခဲ့တဲ့ မြေမြှုပ်မိုင်း အန္တရာယ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့တွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကော်မရှင်ဟာ လေကြောင်းအန္တရာယ်ကိုပါ မထင်ရင်မထင်သလို အမြဲတမ်း ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း BNI ရဲ့ Myanmar Peace Monitor အစီရင်ခံစာအရ ချင်းပြည်နယ်အတွင်း…

Read Full News

ကိုယ်စားဝန်ထမ်း တရားမဝင်ငှားရမ်းမှုဖြင့် မီဇိုရမ်အစိုးရဝန်ထမ်း ၂၉ ဦးကို အလုပ်မှထုတ်ပယ်

ဖေဖော်၀ါရီလ ၂၅ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ အစိုးရဌာနအသီးသီးက ဝန်ထမ်း ၂၉ ဦးဟာ ၎င်းတို့ရဲ့ တာဝန်တွေကို ကိုယ်တိုင်မလုပ်ဘဲ တရားမဝင် ကိုယ်စားဝန်ထမ်း (Proxy) ငှားရမ်းခိုင်းစေခဲ့တဲ့အတွက် အလုပ်ကနေ ထုတ်ပယ်လိုက်ရတယ်လို့ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဝန်ကြီး K Sapdanga က ပြောကြားခဲ့ကြောင်း ဖေဖော်၀ါရီ ၂၅ ရက်နေ့မှာ India Today သတင်းဌာနကဖော်ပြပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပတဲ့ မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ကိုယ်စားဝန်ထမ်းငှားရမ်းခဲ့တဲ့ ဝန်ထမ်း ၃၇ ဦးကို စစ်ဆေးခဲ့ရာမှာ ၂၉ ဦးကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပြီး ကျန်တဲ့ ၈…

Read Full News

“စစ်ကော်မရှင်အနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ‘ပြည်တွင်းရေးဝင်မစွက်ဖက်ရ’ ဆိုတဲ့ အာဆီယံမူကို ဒိုင်းသဖွယ် အမြဲတမ်း အသုံးချနေတာတွေကို အခုချက်ချင်း ရပ်တန့်သင့်ပါပြီ။” Interview with CHRO

“စစ်ကော်မရှင်အနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ‘ပြည်တွင်းရေးဝင်မစွက်ဖက်ရ’ ဆိုတဲ့ အာဆီယံမူကို ဒိုင်းသဖွယ် အမြဲတမ်း အသုံးချနေတာတွေကို အခုချက်ချင်း ရပ်တန့်သင့်ပါပြီ။ ဘယ်သူမှ တရားဥပဒေရဲ့ အထက်မှာ မရှိသလို၊ အချိန်တန်ရင် မိမိတို့ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူ၊ တာဝန်ခံရမယ့် ဘေးကနေ ဘယ်လိုမူဝါဒနဲ့မှ ဖုံးကွယ်ပြီး ရှောင်လွှဲလို့ မရနိုင်တော့ပါဘူး။” အရှေ့တီမော (Timor Leste) တရားရုံးမှာ စစ်ကော်မရှင်ကို တရားစွဲဆိုမှုနှင့် မြန်မာ့အရေး နိုင်ငံတကာ တရားစီရင်ရေး အလားအလာများ” အကြောင်းအရာနဲ့ ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Salai Mang Hre Lian နဲ့ Exclusive Interview ပြုလုပ်ထားပါတယ်။ မေး – DonBosco မေး။ ။…

Read Full News

မီဇိုအမျိုးသမီးများ အခြားလူမျိုးနှင့် လက်ထပ်ပါက မိမိသာမက သားသမီးများပါ မီဇိုလူမျိုးအခွင့်အရေး ဆုံးရှုံးမည့်ဥပဒေ ပြည်နယ်လွှတ်တော်အတည်ပြု

ဖေဖော်၀ါရီလ ၂၅ ရက်။ မီဇိုအမျိုးသမီးတစ်ယောက်အနေနဲ့ မီဇိုလူမျိုးမဟုတ်သူနဲ့ အိမ်ထောင်ပြုခဲ့ရင် မိမိရဲ့ လူမျိုးစုဝင်အဖြစ် ရပ်တည်ခွင့်နဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှာဖြစ်သလို၊ သူမရဲ့ သားသမီးတွေပါ အစိုးရက သတ်မှတ်ထားတဲ့ လူမျိုးစုဆိုင်ရာ ခံစားခွင့်များ ရရှိဖို့ အရည်အချင်း ပျက်ပြယ်သွားမယ့် ဥပဒေပြင်ဆင်ချက်ကို အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်လွှတ်တော်က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုလိုက်ပါတယ်။ ဥပဒေနှင့် တရားစီရင်ရေးဆိုင်ရာ ဝန်ကြီးအဖြစ်ပါ တာဝန်ယူထားတဲ့ ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က ဒီဥပဒေပြင်ဆင်ချက်ကို လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပြီး၊ ဒါဟာ မီဇိုလူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို ခေတ်ကာလနဲ့အညီ ပြုပြင်ပြောင်းလဲဖို့နဲ့ လူမျိုးစုလက္ခဏာကို ပိုမိုခိုင်မာအောင် ထိန်းသိမ်းဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် မီဇိုအမျိုးသမီးတွေ အခြားလူမျိုးနဲ့ လက်ထပ်တဲ့အခါ လူမျိုးစုဆိုင်ရာ ခံစားခွင့်တွေ…

Read Full News

ကလေးမြို့-ရန်ကုန် လေကြောင်းခရီးစဉ်အချို့ ရပ်နားထားပေမယ့် ကျန်ခရီးစဉ်များ ပုံမှန်အတိုင်းပြေးဆွဲနေ

ဖေဖော်ဝါရီ ၂၃ ရက်။ ချင်းတောင်ခြေ ၊စစ်ကိုင်းတိုင်း၊ ကလေးမြို့ – ရန်ကုန် – မန္တလေးကို ပျံသန်းပြေးဆွဲနေတဲ့ မြန်မာ့လေကြောင်းလိုင်း (MNA) လိုင်းတချို့က ရပ်နားထားပေမယ့် ကျန်တဲ့ လေကြောင်းလိုင်းအားလုံးက ပုံမှန်အတိုင်းပြေးဆွဲနေတယ်လို့ သိရပါတယ်။ ကလေးမြို့ကနေ ရန်ကုန် – မန္တလေးကို မြန်မာ့လေကြောင်းလိုင်း(MNA) UB နံပါတ် ၄ လုံးက ရပ်နားထားပေမယ့်( MNA )UB နံပါတ် ၃ လုံးက ပုံမှန်ပြေးဆွဲနေသလို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) တို့ကလည်း ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိတယ်လို့ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တွေဆီကနေ သိရပါတယ်။ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးက “ မြန်မာ့လေကြောင်းလိုင်း(MNA) UB ၄ လုံးဘဲ ပိတ်ထားတာပါ MNA UB သုံးလုံးက ထွက်ပါတယ် ပိတ်ထားတဲ့ MNA UB…

Read Full News

UFC ဖလိုက်ဝိတ်တန်းချန်ပီယံ Joshua Van ရဲ့ခါးပတ်ကာကွယ်ရမယ့်ပွဲကို ဂျပန်ဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမယ်

ဖေဖော်ဝါရီလ ၂၃ ရက်။ UFC ဖလိုက်ဝိတ်တန်း (Flyweight) ချန်ပီယံ မြန်မာနွယ်ဖွား ချင်းလူငယ်ဖိုက်တာ Joshua Van ရဲ့ ချန်ပီယံခါးပတ် ကာကွယ်ရမယ့်ပွဲကို ဂျပန်ဖိုက်တာ Tasuro Taira နဲ့လာမယ့် ဧပြီလ ၁၁ ရက်နေ့ UFC 327 ပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်မယ့်အကြောင်း UFC က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကြေညာထားပါတယ်။ ဒီပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ဒီပွဲဟာ UFC သမိုင်းမှာ အာရှနွယ်ဖွား ဖိုက်တာ ၂ ဦးရဲ့ ပထမဆုံး ခါးပတ်လုပွဲ ဖြစ်လာမှာလို့လည်း သိရပါတယ်။ ချင်းဖိုက်တာ Joshua Van နဲ့ ယှဉ်ပြိုင်ထိုသတ်မယ့် ဂျပန်ဖိုက်တာ Tasuro Taira…

Read Full News