Headlines

အချင်းချင်းပဋိပက္ခဖြစ်စေတဲ့ ဘယ်ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းကိုမှ အားပေးထောက်ခံမှာ မဟုတ်ဘူးလို့ CDF – Paletwa ထုတ်ပြန်

ဇူလိုင်လ ၇ ရက်။ တော်လှန်ရေးကာလအတွင်း လူမျိုးနွယ်စု၊ ဒေသ ကိစ္စရေးတွေမှာ လုံးဝ ဝင်ရောက်စွက်ဖက်ပူးပေါင်းပါဝင်ဖို့ အားမပေးကြောင်းနဲ့ အချင်းချင်း ပဋိပက္ခဖြစ်စေတဲ့ မည်သည့် ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းကိုမျှ အားပေးထောက်ခံမှာ မဟုတ်ဘူးလို့ Chinland Defense Force – Paletwa ( CDF – Paletwa) က ဒီကနေ့ ဇူလိုင်လ (၇) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ချင်းပြည်လွတ်မြောက်ရေး အမျိုးသားတည်ဆောက်ရေးလမ်းစဉ်နဲ့ အာဏာရှင်စနစ်ဟူ သမျှ တိုက်ဖျက်ရေးတို့မှာ ရည်မှန်းချက်တူ တော်လှန်ရေး တပ်ဖွဲ့တွေ နဲ့ ဆက်လက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိ ချင်းပြည်တွင်း ဖြစ်ပွားနေတဲ့ လူမျိုးချင်းတူ ညီအစ်ကိုကြား သွေးထွက်သံယိုမှုကိစ္စဟာ ချင်းလူမျိုးတွေရဲ့ သွေးစည်းညီညွှတ်ရေး လမ်းစဉ်ကို လွန်စွာထိခိုက်စေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။…

Read More

ရိဒ်ခေါဒါရ်မြို့ကို CNO / CNDF က သိမ်းပိုက်ပြီး CNO / CNDF ဌာနချုပ်ကို CNF/A က ပြန်သိမ်းတယ်လို့ CNO/CNDF ကဆို

ဇူလိုင်လ ၇ ရက်။ အိန္ဒိယ-မြန်မာနယ်စပ်က ဖလမ်းမြို့နယ်၊ရိဒ်ခေါဒါရ်မြို့ကို ဇူလိုင် ၅ ရက်က ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/ CNDF) က သိမ်းပိုက်လိုက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF/CNA) ကလည်း မနေ့ ဇူလိုင် ၆ ရက်မှာ ဖလမ်းမြို့နယ်ထဲက CNO/CNDF ဌာနချုပ်ကို ပြန်သိမ်းလိုက်တယ်လို့ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က “ကျတော်တို့ ရိဒ်ခေါဒါရ်အကုန်လုံးကို ကျနော်တို့ CNO/ CNDF က ထိန်းချုပ်ထားတဲ့ အခြေအနေမှာရှိပါတယ် အခုလက်ရှိအခြေနေမှာ မနေ့ညက CNA က ဘာမှမဆိုင်ဘဲနဲ့ ကျနော်တို့ ဌာနချုပ်ဘက်ကို အလစ်ငိုက် သိမ်းသွားတာရှိပါတယ် နောက်ပြီး ဖလမ်းဘက်ကိုလည်း သိမ်းဖို့ရန်အတွက် ချီတက်လာတာရှိပါတယ်” လို့ပြောပါတယ်။ HPO/CDF-Hualngoram ထိန်းချုပ်ထားတဲ့…

Read More

တီးတိန်မြို့နယ် မွာလ်ပီးရွာက စစ်ကောင်စီတပ်စခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့ကသိမ်းပိုက်

ဇူလိုင်လ ၆ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးပြီး ခြေကုပ်ယူထားတဲ့ တီးတိန်မြို့နယ်၊ စီးယင်းဒေသ မွာလ်ပီးကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မနေ့ဇူလိုင်လ ၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ကလေးမြို့နယ်အစပ် ခိုင်ကမ်းထိ ဆုတ်သွားတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF/A) ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF/A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ မွာလ်ပီးကျေးရွာမှာ ခြေကုပ်ယူထားတဲ့ စကစ စခန်းတွေကို သိမ်းပိုက်နိုင်တယ်ဆိုတာ အတည်ပြုလို့ ရပါတယ် ဒါပေမယ့် စကစတွေ ကလေးနယ်စပ် ခိုင်ကမ်းကို ဆုတ်ကြတာပါ”လို့ပြောပါတယ်။ ကလေးမြို့နဲ့ ၁၇ မိုင်အကွာ ကလေး-သိုင်းငင်းလမ်းပေါ်က မွာလ်ပီးကျေးရွာမှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီစခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည် (Chinland)ကောင်စီတပ်ဖွဲ့ ၊…

Read More

မလေးရှားမှာ ချင်းလူမျိုးများ မဆင်မခြင် နေထိုင်ပြုမူမူများကြောင့် ဖမ်းဆီးခံရပါက တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်း ICC ထုတ်ပြန်

ဇူလိုင်လ ၅ ရက်။ မလေးရှားရောက် ချင်းလူမျိုးများအနေနဲ့ မဆင်မခြင် နေထိုင်ပြုမူမှုများကြောင့် ဖမ်းဆီးခံရမှုများကြုံတွေ့ပါက Independent Chin Communities (ICC) များဖြစ်တဲ့ ACR, CRC, DCM, FRO နဲ့ ZAM တို့အနေဖြင့် တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ကြောင်း ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ ယခုလက်ရှိတွင် မြန်မာဒုက္ခသည်များ၊ အထူးသဖြင့် ချင်းလူမျိုးများနေထိုင်ရာ အိမ်ယာ၊ တိုက်ခန်း၊ ရပ်ကွက်တိုင်းတွင် အနေအထိုင် မဆင်မခြင်မှုများ၊ စည်းမဲ့ကမ်းမဲ့နေထိုင်သွားလာသောက်စားမှုကြောင့် မလေးရှားနိုင်ငံသားများမှ တိုင်းကြားမှုများရှိနေတယ်လို့ အသိပေးချက်စာမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အရက်မူးယစ်ပြီး‌ အော်ဟစ်ခြင်း၊ စကားများခိုက်ရန်ဖြစ်ပွားခြင်း၊ ညအချိန်မတော် လမ်းဘေးထိုင်ကာ အရက်သေစာသောက်စားခြင်း၊ လမ်းဘေးတွင်အိပ်ခြင်း၊ ညအချိန်မတော် လမ်းဘေးနဲ့ လူနေအိမ်အောက်များတွင် မူးယစ်ပြီး အော်ဟစ်ခြင်း၊ ဘောလုံးပွဲများအချိန်လွန်ကြည့်ခြင်း၊ ဘုရားကျောင်းတက်ဆင်းချိန်တွင်…

Read More

Zomi National Party Applies for Registration Under the Leadership of U Thang Sian Khai

July 4 The Zomi National Party (ZNP), led by U Thang Sian Khai, has submitted an application to register as a political party, according to reports from military-controlled media. The application was submitted to the Union Election Commission (UEC) on July 3. According to the reports, the Zomi National Party applied in accordance with Article…

Read More

HPO/ CDF – Hualngoram နဲ့ CNO / CNDF တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမယ်

ဇူလိုင်လ ၅ ရက်။ ဖလမ်းမြို့နယ်မှာ ဇူလိုင် ၂ ရက်ကစပြီးတောက်လျှောက် ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့ HPO/ CDF – Hualngoram တပ်ဖွဲ့နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) တို့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့မှာ ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က “ဟုတ်ပါတယ် မီဇိုရမ်အစိုးရလို့ဘဲပြောရမှာပေါ့ Adyocacy Group for peace (ငြိမ်းချမ်းရေးတွက် လှုပ်ရှားဆောင်ရွက်တဲ့အဖွဲ့) က ၂ ဖက်စလုံးကို ဆွေးနွေးကြမယ်ပေါ့လေ အဲလိုပုံစံနဲ့ သူတို့ဘက်ကနေ ကမ်းလှမ်းတဲ့ဟာရှိပါတယ် ဆိုတော့ ၂ ဦး နှစ်ဖက်ကြားမှာ သူတို့ဘက်ကနေ ကြားဝင်ဖြန်ဖြေပေးတဲ့ပုံစံဖြစ်တယ်။၂ ဦးနှစ်ဖက်တွေ့ဆုံပြီး ဘယ်လိုပုံစံနဲ့…

Read More

မလေးရှားမှာ ပတ်ဝန်းကျင် တိုင်ကြားတာခံရလို့ အထောက်ထားမဲ့ မြန်မာ ၁၅၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရ

ဇူလိုင်လ ၄ ရက်။ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့၊ Cheras Ria Apartment မှာ ပတ်ဝန်းကျင်ရဲ့ တိုင်ကြားတာခံရလို့ လူဝင်မှုကြီးကြပ်ရေးဌာန နဲ့ ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်/၃ ရက်နေ့က နှစ်ရက်ဆက်တိုက် ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးခဲ့တယ်လို့ ရွှေ့ပြောင်းအရေးကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။ မလေးရှားနိုင်ငံက ရွှေ့ပြောင်းအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “Cheras Ria Apartment မှာ ၂ ညဆက်တိုက်ဖမ်းတယ် ပထမညဖမ်းတဲ့ချိန် ထွက်ပြေးတဲ့သူရှိတာသိလို့ နောက်တနေ့ ပြန်ဖမ်းတာလို့ သိရပါတယ် အထောက်ထားမဲ့ မြန်မာ ၁၅၀ ကျော်လောက်တော့ အဖမ်းခံရတယ်လို့ သိရတယ် အဓိက ပတ်ဝန်းကျင် တိုင်ကြားမှုနဲ့ ဖမ်းတာများတယ်၊ ဖမ်းတာက နေ့တိုင်းတောက်လျှောက်ပဲ ဖမ်းနေတာ ဒီကာလ…

Read More

သူကြိုက်တဲ့ မင်းသမီး မိုးဟေကို နဲ့ တွေ့ခွင့်ရသွားတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van

ဒီကနေ့ ဇူလိုင်လ ၄ ရက်မနက်မှာ Canal+ ကနေ UFC ဖလိုင်းဝိတ်တန်းအဆင့် ၁ ဖိုက်တာ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ရဲ့ UFC 317 နိုင်ပွဲအတွက် အင်တာဗျူးလုပ်နေတဲ့ အချိန်မှာ Joshua Van ကို surprise အကြီးကြီး တိုက်ချလိုက်ပါတယ်။ အဲဒါကတော့ Joshua Van အသက်ငယ်ငယ် လေးကတည်းကနေ သဘောကျ အားပေးခဲ့တဲ့ မြန်မာမင်းသမီးမိုးဟေကို နဲ့ တွေ့ဆုံပေးလိုက်တာပါ။ မြန်မာပြည်ဖွား ၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်တဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လက်ရှိအချိန်ထိ UFC ပြိုင်ပွဲပေါင်း ၉ ပွဲအထိ ထိုးသတ်ထားကာ ၈ ပွဲနိုင်၊ ၁…

Read More

ဦးထန်ရှင်းခိုင် ခေါင်းဆောင်တဲ့ ဇိုမီးအမျိုးသားပါတီ (ZNP) က နိုင်ငံရေးပါတီမှတ်ပုံတင်ပေးဖို့ လျှောက်ထား

ဇူလိုင်လ ၄ ရက်။ ဦးထန်ရှင်းခိုင် ခေါင်းဆောင်တဲ့ ဇိုမီးအမျိုးသားပါတီ (Zomi National Party) က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုဇူလိုင်လ ၃ ရက်နေ့မှာ လျှောက်ထားခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မီဒီယာများရဲ့ ဖော်ပြချက်အရ သိရှိခဲ့ရ ပါတယ်။ ဇွန်လ ၂၄ ရက်နေ့မှာ ပါတီ တည်ထောင်ခွင့် ရရှိထားတဲ့ ဇိုမီးအမျိုးသား ပါတီ (ZNP) က ပါတီ တည်ထောင်ခွင့်ပြုတဲ့ နေ့ကစလို့ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နဲ့ အညီ မှတ်ပုံတင်ပေးဖို့ လျှောက်ထားတာ လို့ ဖော်ပြထား ပါတယ်။ ဇိုမီးအမျိုးသားပါတီဟာ ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ၂၀၂၅၊…

Read More

အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အိန္ဒိယအစိုးရထံ လွှဲပေးခဲ့တဲ့ UNHCR India ရုံးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့တဲ့ လုပ်ရပ်တွေကို ဖြေရှင်းအရေးယူပေးဖို့ အဖွဲ့အစည်း ၁၄၁ ဖွဲ့ကအိတ်ဖွင့်ပေးစာ ပေးပို့

ဇူလိုင်လ ၄ ရက်။ အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေအပါအဝင် တခြားခိုလှုံသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အိန္ဒိယအစိုးရထံ လွှဲပေးခဲ့တဲ့ UNHCR India ရုံးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့တဲ့ လုပ်ရပ်တွေကို ဖြေရှင်းအရေးယူပေးဖို့ မြန်မာပြည်သူလူထုနဲ့ ပြည်တွင်းပြည်ပ မြန်မာအဖွဲ့အစည်း ၁၄၁ ဖွဲ့က ဆွစ်ဇာလန်နိုင်ငံရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့တယ်လို့ ဇူလိုင်လ ၄ ရက်မှာထုတ်ပြန်ပါတယ်။ အိတ်ဖွင့်ပေးစာထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံ စစ်အာဏာ သိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ခိုလှုံရန် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၀၀၀၀ ကျော်ဟာ UNHCR India ရုံးမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ကာ အကာကွယ် တောင်းခံခဲ့ကြပြီး အဲဒီထဲမှာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားခြိမ်းခြောက်မှုခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ…

Read More