Headlines

အာဏာသိမ်းမှုမှာပါဝင်တဲ့ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်မှု နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းကာလ ၃ ရက် သတ်မှတ်

ဩဂုတ်လ ၇ ရက်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ ကာလုံအစည်းအဝေးကျင်းပကာ တိုင်းပြည်ကိုအရေးပေါ်အခြေအနေသတ်မှတ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာ ၃ ရပ် လွှဲပြောင်းပေးခဲ့သူ၊ စစ်အာဏာသိမ်းမှုမှာပါဝင်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သွားတဲ့အတွက် ဩဂုတ် ၇ ရက်ကနေ ၉ ရက်အထိကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း အထိမ်းအမှတ်ကာလအဖြစ် ကြေညာထားကာ၊ဝမ်းနည်းကြောင်း ကြေညာထားတဲ့ ကာလအတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအလံကို တိုင်ဝက်လျှော့ချပြီး လွှင့်ထူသွားကြဖို့ ညွှန်ကြားထားတယ်လို့အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ယာယီသမ္မတဦးမြင့်ဆွေ အသက် ၇၄ နှစ် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) ဟာ ဒီကနေ့ဩဂုတ်လ ၇ ရက်နံနက် ၈နာရီ ၂၈ မိနစ်မှာ နေပြည်တော်အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ကုတင်၁၀၀၀)မှာ ကွယ်လွန်သွားကြောင်းအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။…

Read Full News

ချင်းတောင်ကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်သား ၁၉ ဦး လက်နက်ခဲယမ်းတွေနဲ့ အတူ အလင်းဝင်ခဲ့တယ်လို့ ထုတ်ပြန်

ဩဂုတ်လ ၇ ရက်။ ချင်းတောင်ကို ကလေးမြို့ကနေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၁၉ ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံတွေနဲ့ Ranger Kalay Defend Force ထံ အလင်းဝင်ခဲ့တယ်လို့ သြဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။ ကလေးမြို့ကနေ ချင်းတောင်ကို စစ်ကြောင်းထိုးခဲ့တဲ့ မေလက စတင်ပြီး ဇူလိုင်လ အတွင်း အလင်းဝင်လာသူတွေဖြစ်ပြီး အလင်းဝင်လာသူတွေထဲက ၁၈ ဦးဟာ အတင်းအဓမ္မစစ်မှုထမ်းရန် ဖမ်းဆီးခံရသူတွေဖြစ်ပြီး ကျန် ၁ ဦးက ဒုတပ်ကြပ်အဆင့် ရှိသူဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ အလင်းဝင်လာတဲ့ စစ်သည် ( ၁၉ ) ဦးက လက်နက်ငယ် ၃လက် ၊ ကပစကျည် ၈၀၀ ၊ ကျည်ဘောက် ၂၀ ၊…

Read Full News

မလေးရှားရဲဌာနက ရဲမှုးအဖွဲ့နှင့် ချင်းလူထုတွေ့ဆုံပွဲကို ဩဂုတ်လ ၉ ရက်နေ့ ကျင်းပမှာဖြစ်ပြီး ချင်းလူမျိုးတွေ တက်ရောက်ပေးကြဖို့အသိပေး

ဩဂုတ်လ ၆ ရက်။ မလေးရှားရောက် ချင်းဒုက္ခသည်ညွှန့်ပေါင်းအဖွဲ့ ( ICC) က ဦးဆောင်ပြီး လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ ကျင်းပမယ့် IPD – Dang Wangi ရဲဌာနက ရဲမှုးအဖွဲ့နှင့် ချင်းလူထုတွေ့ဆုံပွဲကို မလေးရောက် ချင်းလူမျိုးတွေ တက်ရောက်ပေးကြဖို့ ICC က ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့မှာ အသိပေးထားပါတယ်။ မလေးရှားရောက် ချင်းဒုက္ခသည်တွေအတွက် အလွန်အရေးကြီးတဲ့ လူထုတွေ့ဆုံပွဲဖြစ်တာကြောင့် အသင်းတော်လူကြီးများနဲ့ အခြားအဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ မိမိမန်ဘာတွေကို တက်ရောက်ဖို့ တိုက်တွန်းပေးကြရန်နှင့် အထူးသဖြင့် ကွာလာလမ်ပူဧရိယာအတွင်းရှိ ချင်းလူမျိုးတွေအနေနဲ့ မဖြစ်မနေ တက်ရောက်ပေးကြဖို့ကိုလည်း ICC က အထူးအသိပေး အကူအညီတောင်းထားပါတယ်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့နေရာတချို့မှာ ချင်းလူမျိုးတွေရဲ့ စည်းကမ်းမဲ့ သောက်စားမူးရစ် ရမ်းကားတာတွေ၊စည်းကမ်းမဲ့…

Read Full News

ဒုက္ခသည်မဟာမင်းကြီး နဲ့ ချင်းဒုက္ခသည်ကော်မတီ မနက်ဖြန်တွေ့ဆုံဆွေးနွေးဖို့ရှိတာကြောင့် နယူးဒေလီရှိ မြန်မာဒုက္ခသည်တွေ ပူးပေါင်းပါဝင်ပေးဖို့ CRC တောင်းဆို

ဩဂုတ်လ ၆ ရက်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံတာ၀န်ခံ ဒုက္ခသည်မဟာမင်းကြီး ( UNHCR Chief Of Mission ) နဲ့ ချင်းဒုက္ခသည်ကော်မတီ ( CRC) ဦးဆောင်သူတွေ မနက်ဖြန် သြဂုတ်လ (၇) ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိတာကြောင့် နယူးဒေလီရှိ မြန်မာဒုက္ခသည်တွေ စည်းလုံးညီညွှတ်စွာရပ်တည်ကြောင်း ပြသဖို့ မြန်မာနိုင်ငံသားအားလုံး မပျက်မကွက် ပါဝင်ဆန္ဒပြကြဖို့ကို CRC က ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့မှာ တောင်းဆိုကြောင်း ထုတ်ပြန်ထားပါတယ်။ နယူးဒေလီမြို့ရှိ မြန်မာဒုက္ခသည်တွေဟာနယူးဒေလီ ဒုက္ခသည်မဟာမင်းကြီးရုံး(UNHCR-India ) ရှေ့မှာ ဒုက္ခသည်တွေ ရရှိသင့်တဲ့ အခွင့်အရေးတွေရဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့ အထိ ရက်ပေါင်း ၂၃…

Read Full News

မလေးရှားနိုင်ငံမှာ အဲကွန်းတပ်ဆင်ရင်း ၁၈ ထပ်အဆောက်အဦးပေါ်ကနေ ချင်းအမျိုးသား ၁ ဦး ပြုတ်ကျသေဆုံး၊ ဒီကနေ့မှာလည်း သေဆုံးလျက်ရှိတဲ့ ချင်းအမျိုးသားအလောင်းထပ်မံတွေ့ရှိ

ဩဂုတ်လ ၆ ရက်။ မလေးရှားနိုင်ငံမှာ အသက် ၄၁ နှစ်အရွယ် ချင်းအမျိုးသား ၁ ဦးဟာ သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းက အဲကွန်းတပ်ဆင်ရင်း ၁၈ ထပ် အဆောက်အဦးကနေ ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပြီး ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့မှာလည်း ကွာလာလမ်ပူမြို့ Bukit Bintang မှာ သေဆုံးလျက်ရှိတဲ့ အသက် ၃၂ နှစ်အရွယ် ချင်းအမျိုးသားအလောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ၁၈ ထပ်အဆောက်အဦးပေါ်ကနေ ပြုတ်ကျခဲ့တဲ့ Ko Timothy Ling Kee ဟာ မလေးရှားရောက် ချိုးကက်သလစ် ဘာသာသူများ(CRCA)မှ အထူးအားကိုးရတဲ့ အထူးအားကိုးရတဲ့သူ ဖြစ်ပြီး အသက်၄၁ နှစ်အရွယ် အိမ်ထောင်သည် သားသမီးရှိသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ သေဆုံးသွားတဲ့…

Read Full News

ချင်းပြည်နယ်မှာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ရှားပါးတာကြောင့် M.B.B.S ဆေးပညာသင်တန်း ဖွင့်လှစ်မယ်လို့ သိရ

ဩဂုတ်လ ၅ ရက်။ ချင်းပြည်အတွင်း ကြုံတွေ့နေရသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်းကို ကျော်လွှားနိုင်ရန်၊ ပိုမိုလိုအပ်သောနေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ကစတင်ပြီး Bachelor of Medicine, Bachelor of Surgery (M.B.,B.S) သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်တယ်လို့ Chinland Council က ဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရ၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့သြဂုတ်လ ၅ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒီသင်တန်းကို Interim University Council, Univeristy of Medicine 1 နှင့် Ministry of Health and Sports, Government of Chinland တို့ပူးပေါင်းပြီး ဖွင့်လှစ်မှာလို့လည်း ထုတ်ပြန်ထားပါတယ်။…

Read Full News

CDF – Kanpetlet ကတာဝန်ပေးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကလွဲရင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ လက်ဝယ်ပိုင်ဆိုင်ထားရှိသူတွေကို အရေးယူမယ်လို့ CDF – Kanpetlet က ထပ်မံ သတိပေး

ဩဂုတ်လ ၆ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကို CDF – Kanpetlet ကတာဝန်ပေးအပ်ခံရတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှအပ တိုက်ခိုက်ရေးမောင်းပြန် ရိုင်ဖယ်အမျိုးမျိုး ၊ စစ်သုံးကျည်ဆံအမျိုးမျိုး၊ ဖောက်ခွဲရေးပစ္စည်း အမျိုးမျိုး၊ စကားပြောစက်အမျိုးမျိုး ၊ ဒရုန်းနဲ့ စက်ဘက်ဆိုင်ရာသုံး မည်သည့်ပစ္စည်းမဆို တရားမဝင်လက်ဝယ် ပိုင်ဆိုင်ထားရှိတာ၊ ရောင်းဝယ်ဖောက်ကားတာ မပြုလုပ်ဖို့နဲ့ အကယ်လို့ စုံစမ်းစစ်ဆေးတွေ့ရှိရင် စစ်ဘက်ဆိုင်ရာ ဥပဒေအရ ထိထိရောက်ရောက် အပြစ်ပေး အရေးယူဆောင်ရွက်သွားမယ်လို့ ထပ်မံသတိပေးတဲ့ကြောင်း သြဂုတ်လ ၆ ရက်နေ့မှာ CDF – Kanpetlet ကထုတ်ပြန်ပါတယ်။ လက်ရှိကန်ပက်လက်မြို့နယ် CDF – Kanpetlet ထိန်းချုပ်ဧရိယာအတွင်း နယ်မြေတည်ငြိမ် အေးချမ်းမှုမရှိစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားပြည်သူတစ်ချို့ကို တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ်တွေ Short Gun…

Read Full News

တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းများ ကိုဒေသခံများမှ ကိုယ်ထူကိုယ်ထပြုပြင်နေရ

ဩဂုတ်လ ၅ ရက်။ တီးတိန်မြို့နယ် အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းမ ဖြစ်သည့် တီးတိန်-မံဆောင်း -လိုင်တွီး- ရိဒ် လမ်းပိုင်း အပါအဝင် တခြား လမ်းသွယ်များရှိ ပျက်စီးနေသော လမ်းပိုင်းများကို ဒေသခံများမှ ကိုယ်ထူကိုယ်ထ ပြုပြင် နေရတယ် လို့ ဒေသခံများရဲ့ ပြောပြချက် အရ သိရှိခဲ့ရ ပါတယ်။ “လိုင်တွီးရွာ နှင့် တီအိုချောင်း (ရိဒ်) ကြား က လမ်း အတော် ပျက်စီးတယ်။ လိုင်တွီးရွာ ကား အသင်း နဲ့ တီအိုဘက် ကားအသင်းတွေ ပူးပေါင်းပြီး ပြင်ဆင်နေပါတယ်” လို့ ဒေသခံ တစ်ဦး ထံမှ ပြောပါတယ်။ မဏိပူရမြစ်ကို ဖြတ်ကူးပြီး သွားလာနိုင်တဲ့ တီးတိန်-ကပ်တဲလ်- လဲင်းတန် လမ်းဟာ လည်း…

Read Full News

မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ ဇီဝ အချက်အလက်တွေကို သြဂုတ်လအတွင်း အပြီးကောက်ယူမယ်လို့သိရ

ဩဂုတ်လ ၅ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ရှိ ခရိုင်အသီသီးရောက်ရှိနေတဲ့ မြန်မာစစ်ဘေရှောင်တွေရဲ့ Biometric ဇီဝအချက်အလက်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကနေ စတင်ကောက်ယူနေပြီး သြဂုတ်လအတွင်း အပြီးသတ်ကောက်ယူသွားဖို့ ပြင်ဆင်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ မီဇိုရမ်ပြည်နယ်အတွင်းက Serchhip, Lunglei , Champhai, Saitual, Khawzawl, Aizawl, Lawngtlai, Mamit, Siaha, Kolasib နဲ့ Hnahthial စတဲ့ ခရိုင် ၁၁ ခုမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဖြစ်ကြတဲ့ မြန်မာစစ်ဘေးရှောင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေရဲ့ ဇီဝအချက်အလက်တွေကို မီဇိုရမ်ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပူးပေါင်းပြီး ကောက်ယူနေတာလို့လည်း သိရပါတယ်။ မီဇိုရမ်ပြည်နယ်ထဲ စစ်ဘေးရှောင်နေထိုင်သူတစ်ဦးက “စကောက်တာက ဇူလိုင်လ ကုန်ပိုင်းလောက်ကနေ စကောက်နေကြပြီ ဒီသြဂုတ်လအတွင်း…

Read Full News

ရန်ကုန်သွားမယ့် ရခိုင်လူငယ်တွေကို စက်လှေပေါ်လိုက်ပါစီးနင်းခွင့်ပေးမိတဲ့ ချင်းအမျိုးသားတစ်ဦးကို AA ဖမ်းဆီးသွားကာ အဆက်အသွယ်မရဖြစ်နေ

ဩဂုတ်လ ၅ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒေသ ၂ ဒိုင်ရ်ဒေသ၊ ခိုက်ခါအုပ်စု၊ ဘူးချောင်းဝကျေးရွာနေ စက်လှေမောင်းတဲ့ ချင်းအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်သွားမယ့် ရခိုင်ပြည်က ရခိုင်လူငယ်တွေကို သူစက်လှေပေါ် စီးနင်းလိုက်ပါခွင့်ပေးမိလို့ ပလက်ဝမြို့နယ် သံထောင်ဂိတ်မှာ အာရက္ခတပ်တော်(AA)ရဲ့ ဖမ်းဆီးတာ ခံရပြီး ဒီကနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဖမ်းဆီးခံရတဲ့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ နီးစပ်တဲ့ ပလက်ဝဒေသခံတစ်ဦးက “အဖမ်းခံရတာ ဇူလိုင်လ ၂၀ ရက်နေ့က ဖြစ်တယ် သူကမြောက်ဦးဘက်ကို ရခိုင်ကုန်သယ်တွေရဲ့ ကုန်ပစ္စည်းတွေကို သွားပို့ပြီး အပြန်မှာ ရခိုင်လူငယ်တွေက လိုက်ချင်တယ်လို့ ပြောလို့ တင်လာတာဖြစ်တယ် အဲဒါ သံထောင်ရွာက AA ဂိတ်မှာ အကုန်လုံးအဖမ်းခံရတယ်။ AA…

Read Full News