Headlines

Mara Territory Administrative Council announces military service for all Mara people under the age of (45)

June 5. The first regular central meeting of the third Mara Territory Administrative Council (MTC/MDF) of the term of office has approved the decision to conscript all Mara people under the age of (45), with the exception of those under the age of (45). The Mara Territory Administrative Council (MTC/MDF) held its first regular central…

Read Full News

မတူပီ – မင်းတပ်လမ်း ပြုပြင်နေတာကြောင့် ဇွန်လ ၁၅ ရက်နေ့အထိ သွားလာခြင်းမလုပ်ဖို့ အသိပေး

ဇွန်လ ၆ ရက်။ ချင်းပြည်နယ်တောင်ပိုင်းက မတူပီ – မင်းတပ်လမ်းကို ပြုပြင်နေတာကြောင့် ဇွန်လ ၆ ရက်နေ့ကနေ ဇွန်လ ၁၅ ရက်နေ့အထိ လုံးဝ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ ( CDF – Matupi ) က ဇွန်လ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ မတူပီပြည်သူလူထုရဲ့ ကုန်စည်စီးဆင်းရာအဓိကလမ်းဖြစ်တဲ့ မတူပီ – မင်းတပ်လမ်း မိုင်တိုင် (၉၁) မှာ ယိုယွင်းပျက်စီးနေတဲ့အတွက် (MRO)/ ( CDF – Matupi ) အနေနဲ့ ပြုပြင်တဲ့ကာလကို ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့ကနေ ဇွန်လ ၅…

Read Full News

ချင်းလူမျိုးအချင်းချင်းအကြား အကြမ်းဖက်မှုကင်းရှင်းစေရေး CYO North America နဲ့ချင်းလူငယ်အဖွဲ့များက တောင်းဆို

ဇွန်လ ၆ ရက်။ ချင်းလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ဖို့နဲ့ အချင်းချင်းကြား အကြမ်းဖက်မှု ကင်းရှင်းစေရေးအတွက် ချင်းခေါင်းဆောင်များအားလုံးနဲ့ လူမှုအသိုင်းအဝိုင်းအားလုံးကို တောင်းဆိုကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် Chin Youth Organization of North America နဲ့ချင်းလူငယ်အဖွဲ့များက တိုက်တွန်းကြောင်း ဇွန်လ ၅ ရက်မှာထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်တွင် ချင်းလူငယ်များဖြစ်ကြတဲ့ မိမိတို့အနေနဲ့ ချင်းလူမျိုးအချင်းချင်းကြား တင်းမာမှုများ တိုးပွားလာခြင်းနဲ့ ပဋိပက္ခဖြစ်နိုင်ခြေရှိသည်ဟူသော နာကျင်ဖွယ်ကောလဟလများ ပျံ့နှံ့နေမှုများ အတွက် စိတ်မကောင်းကြောင်း၊ ချင်းလူမျိုးအချင်းချင်း မည်မျှပင်သဘောထားကွဲလွဲစေကာမှု မိမိတို့လူမျိုးအချင်းချင်းအကြား သွေးထွက်သံယိုဖြစ်စေတဲ့အခြေအနေမျိုးအထိ မည်သည့်အခါမျှ မဖြစ်သင့်ကြောင်း ဖော်ပြပါတယ်။ မြန်မာပြည်တွင်းအခြေစိုက် ချင်းလူငယ်အဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင်ဟောင်း နှင့် လက်ရှိအရပ်ဖက်အဖွဲ့အစည်းတစ်ခုတွင် ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးက “ ကျွန်တော်ရဲ့အဖွဲ့အမည်ကိုတော့မဖော်လိုဘူး။ ဒါပေမယ့် အခုလို ထုတ်ပြန်ချက်ကိုမြင်တော့ တစ်ခုတော့ပြောချင်တယ်။ ဒီလိုမျိုး လူငယ်တွေကခေါင်းဆောင်တွေကို…

Read Full News

အသက် (၄၅) နှစ်အောက် မရာပြည်သူတိုင်း စစ်မှုထမ်းရန် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီထုတ်ပြန်

ဇွန်လ ၅ ရက်။ အသက် (၄၅) နှစ်အောက် မရာပြည်သူတိုင်းချွင်းချက်မှလွဲ၍ စစ်မှုထမ်းရန် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC/MDF)ရဲ့ တတိယအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း ပထမအကြိမ် ပုံမှန်ဗဟိုအစည်းအဝေးက အတည်ပြုဆုံးဖြတ်ကြောင်း ဇွန်လ (၅) ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မရာပြည်သူ့ ညီလာခံကို မေလ (၃၀) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ MTC/MDF ၏ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း/ပြည်ပမှ ဗဟိုကော်မတီဝင်များ၊ CDM အစုအဖွဲ့များ၊ အမှုဆောင်စီမံအုပ်ချုပ်ရေးကော်မတီဝင်များ၊ ဗဟိုတရားသူကြီးအဖွဲ့ဝင်များ၊ ကာကွယ်ရေးတပ်ဖွဲ့မှ ကိုယ်စားလှယ် ဗဟိုကောင်စီဝင်များ၊ လူမှုအသင်းအဖွဲ့မှ အထူးဖိတ်ကြားထားသူများနှင့်လေ့လာစောင့်ကြည့်သူများအပါအဝင် စုစုပေါင်း (၆၅) ဦးတက်ရောက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဗဟိုကောင်စီအစည်းအဝေးကနေ မရာနယ်မြေအားလုံးကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအပါအဝင် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးနဲ့သက်ဆိုင်တဲ့ အဆိုပေါင်း (၂၀) ကိုဆွေးနွေးဆုံးဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ထို့အပြင်…

Read Full News

မင်းတပ်မြို့နယ်အတွင်း ရှားပါး အပင်မျိုးစိတ်တွေ၊ သားရဲတိရစ္ဆာန်နဲ့ ရေမြေသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း တို့ကို လုပ်ဆောင်ဖို့ သစ်ပင်စိုက်ပျိုးခဲ့ကြောင်းထုတ်ပြန်

ဇွန်လ ၅ ရက်။ ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း ရှားပါး အပင်မျိုးစိတ်တွေ၊ သားရဲတိရစ္ဆာန်နဲ့ ရေမြေသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း တို့ကို စနစ်တကျ အချိန်ယူ အရှိန်မြင့် လုပ်ဆောင်သွားဖို့ စီစဉ်ကာ သစ်ပင်စိုက်ပျိုးခဲ့ကြတယ်လို့ ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိန်းအမှတ်အနေနဲ့လည်း မင်းတပ်မြို့ဝင်မုခ်ဦးအနီးမှာ သစ်ပင်တွေ စိုက်ပျိုးခဲ့ကြတယ်လို့ ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။ မင်းတပ်မြို့နယ်အတွင်းရှိ ရေမြေသဘာဝတောတောင်တွေကို ထိန်းသိမ်းခြင်းအားဖြင့် ရေဝေရေလဲ တောတောင်သဘာဝနှင့်တကွ ရှားပါး တိရစ္ဆာန်မျိုးစိတ်တွေ အပင်မျိုးစိတ်တွေကို ထိန်းသိမ်းခြင်းအားဖြင့် ရှေးဘိုးဘေးတွေထံက လက်ခံရရှိတဲ့ တောတောင်သဘာဝအလှတွေကို နောက်မျိုးဆက်တွင် ပိုမိုတိုးတက် သာယာဝပြောစေရန် လုပ်ကြရမယ်လို့လည်း ဆိုပါတယ်။ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ရှားပါး အပင်မျိုးစိတ်တွေ၊ သားရဲတိရစ္ဆာန်နဲ့…

Read Full News

ကလေးမြို့လေဆိပ်မှာ ကျပ်သိန်း၂သောင်း၃ထောင်ကျော်တန်ဖိုးရှိတဲ့ ရွှေတုံး ၂၆ တုံးဖမ်းဆီးခဲ့တယ်လို့ သိရ

ဇွန်လ ၅ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့လေဆိပ်မှာ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ ရွှေတုံး ၁၆ ပဲရည် ၂၆ တုံးအပါအဝင် ရွှေထည်ပစ္စည်း ၄ မျိုး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း၂သောင်း၃ ထောင်ကျော် (၂၃၄၇၃၆၅၀၀၀ ) ကို ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြချက်အရသိရပါတယ်။ ကလေးမြို့လေဆိပ်မှာ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ပြီး တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိတဲ့ ရွှေတုံး ၁၆ ပဲရည် ၂၆ တုံးအပါအဝင် ရွှေထည်ပစ္စည်း ၄ မျိုးကို ဖမ်းဆီးခဲ့ပြီး မြန်မာ့သတ္ထုတွင်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။ ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့နယ်က…

Read Full News

မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ ခုမှ နိုင်ငံသားများ အမေရိကန်နိုင်ငံကို ဝင်ရောက်ခွင့် ပိတ်ပင်တဲ့ အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုး

ဇွန်လ ၅ ရက်။ အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးအန္တရာယ်များမှကာကွယ်ရန် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ နိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံသို့ ခရီးသွားလာဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်တဲ့ အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုးလိုက်ကြောင်း CBS သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားများကို အမေရိကန်ကို ဝင်ရောက်ခွင့် လုံး၀ ပိတ်ပင်ခြင်းရမှာ အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှုများပြားခြင်းကြောင့်ဖြစ်ပြီး B1/B2 ဗီဇာဖြင့် သက်တမ်းလွန်နေထိုင်မှု ၂၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ F၊ M နှင့် J ဗီဇာ သက်တမ်းလွန်နေထိုင်မှု ၄၂ ဒသမ ၁၇ ရာခိုင်နှုန်းရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံက အမေရိကန်က ဖယ်ရှားသော နိုင်ငံ သားများကို ပြန်လည် လက်ခံရန် ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က…

Read Full News

တီးတိန်မြို့နယ်မှာ ယခုနှစ် အခြေခံပညာကျောင်း ၂၀ ကျော်ဖွင့်နိုင်ပြီး ၊ကျောင်းအပ်နှံသူကျောင်းသား/သူ ဦးရေ ၇၀၀၀ ကျော်ရှိ

ဇွန်လ ၄ ရက်။ တီးတိန်မြို့နယ်မှာ ယခုနှစ်၂၀၂၅-၂၆ ပညာသင်နှစ်မှာအခြေခံပညာကျောင်းပေါင်း ၂၀ ကျော်ဖွင့်လှစ်နိုင်ပြီး ကျောင်းအပ်နှံတဲ့ကျောင်းသား ဦးရေ ၇၀၀၀ ကျော် ရှိကြောင်း ပညာရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သည့် ဒေသခံများ ထံမှ သိရှိရပါတယ်။ “တီးတိန်မြို့နယ်မှာ ကျောင်းပေါင်း ၆၀ ကျော်က ဖွင့်လှစ် ဖို့ စာရင်း ပို့ထားတွေ့ရတယ်။ ကျောင်းသား/သူ ပေါင်း ၇ ထောင်ကျော် ရှိတယ်။ ဇွန်လ ၄ ရက်နေ့ အထိ ကျောင်းဖွင့်လှစ် သင်ကြား ပေးနိုင်တယ် လို့ စာရင်းပို့တဲ့ကျောင်း ပေါင်း နှစ် ဆယ် ကျော် ရှိတယ်။ လက်ရှိ ဖုန်းလိုင်း နှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ကြောင့် စာရင်း မပို့နိုင်သေးတဲ့…

Read Full News

လုံခြုံရေးကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတချို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

ဇွန်လ ၄ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်းမှာ လုံခြုံရေးအခြေအနေတွေကြောင့် ည (၇) နာရီနောက်ပိုင်း ကုန်စည်တင်မော်တော်ယာဉ်တွေအနေနဲ့ မြို့တွင်းဖြတ်သန်းသွားလာခြင်း ညအိပ်ရပ်နားခြင်းတွေမပြုလုပ်ရဆိုတဲ့ စည်းကမ်းချက်တွေအပါအဝင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တချို့ကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂ ရက်နေ့ ရက်စွဲနဲ့ ဒီကနေ့ ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “ည(၇)နာရီနောက်ပိုင်း ကုန်တင်ယာဉ်တွေ မြို့တွင်းဖြတ်သန်းသွားလာတာ၊ ညအိပ်မရပ်ခိုင်းတာက လုံခြုံရေးအရစည်းကမ်းထုတ်တာပါ။ မြို့သိမ်းပြီးနောက်ပိုင်း မြို့တွင်းမှာ ၃ ကြိမ်လောက် ယာဉ်မတော်တဆမှု ဖြစ်တယ် ပြင်းထန်ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး မင်းတပ် – မတူပီကားလမ်းမှာတော့ မြို့သိမ်းပြီးနောက်ပိုင်း ယာဉ်မတော်တဆမှုတွေ ၅ ကြိမ်လောက်ဖြစ်တယ်။ ကားပျက်စီးဆုံးရှုံးတာတွေ၊ ထိခိုက်ဒဏ်ရာကြီးမာတာတွေလည်း ရှိခဲ့တယ်” လို့ ေပြာပါတယ်။…

Read Full News