Headlines

မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူဟာ CNF အဖွဲ့ဝင် တစ်ဦးသာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေဟာလည်း CNF ဟာမဟုတ်ဘူးလို့ ဆလိုင်းထက်နီပြော

ဇန်နဝါရီလ ၁၇ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးမိတဲ့အထဲ ချင်းအမျိုးသားတပ်ဦး (CNF)အဖွဲ့ဝင် တစ်ဦးသာပါပြီး ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေဟာလည်း CNF ဟာမဟုတ်ဘူးလို့ ချင်းအမျိုးသားတပ်ဦး (CNF/A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။

CNF/A ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “၅ဦးလုံးက CNF အဖွဲ့ဝင်တွေ မဟုတ်ပါဘူး၊ CNF အဖွဲ့ဝင်တော့ တစ်ဦးပါတယ်၊ CNA ကမဟုတ်ဘူး၊လက်နက်တွေကလည်း CNF ဟာ မဟုတ်ပါဘူး” လို့ပြောပါတယ်။

မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်အတွင်းက ဆိုင်သရွာကို မီဇိုရမ် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ရိုင်ဖယ် ၆ လက်၊ AK ကျည် ၁၀,၀၅၀ တောင့်နဲအတူ မြန်မာနိုင်ငံက လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဇန်နဝါရီလ ၁၅ ရက်နေ့က ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ယခုကဲ့သို့ လက်နက်နဲ့ကျည်များဖမ်းဆီးရမှုဟာ မီဇိုရမ်ပြည်နယ်အတွင်းလက်နက်ခဲယမ်းဖမ်းဆီးမှုတွင် ပမာဏအများဆုံးဖြစ်ပြီးဒေသအတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအပေါ် ဆိုးရွားတဲ့ခြိမ်းခြောက်မှုအဖြစ်သတ်မှတ်ထားတဲ့အပြင် အခုလို မီဇိုရမ်ပြည်နယ်တွင်းကနေလက်နက်မှောင်ခိုတင်သွင်းမှုကို ဘက်မလိုက်ပဲ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ချင်းအမျိုသားတပ်ဦး (CNF) ရဲ့ ခေါင်းဆောင် ၁ ဦး အပါအဝင် လူ ၅ ဦးကို လက်နက်တွေနဲ့ခဲယမ်းတွေအတူမီဇိုရမ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း အိန္ဒိယမီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *