ကလေးမြို့နယ်မှာ ဧဝံဂေလိ တရားဟောဆရာ တစ်ဦး မိုင်းနင်းမိလို့ ခြေထောက် တဖက် ဖြတ်တောက်ခဲ့ရကာ အကူအညီလိုအပ်နေ
မေလ ၂၇ ရက်။ မေလ ၂၆ ရက်နေ့ မနက် ၈နာရီ ခန့်မှာ ကလေးမြို့နယ် စီးစံကျေးရွာနေ ခရစ်ယာန် ဧဝံဂေလိ တရားဟော ဆရာ Evan Bawi Tlen Fai ဟာ စက္ကန့်ကျေးရွာ နှင့် စက်မှုဇုံအကြား သွားလာစဉ်မှာ မိုင်းနင်းမိတဲ့အတွက် အပြင်းအထန်ဒဏ်ရာရပြီး ခြေထောက် တဖက် ဖြတ်ခဲ့ရကာ ကလေးမြို့ပြည်သူ့ဆေးရုံမှာ ဆက်လက် ဆေးကုသမှု ခံယူနေရကာအကူအညီလိုအပ်နေတယ် လို့ ဆွေမျိုး နီးစပ်သူ တစ်ဦး ထံမှ သိရှိရပါတယ်။ “ဆရာက ဖလမ်းမြို့နယ် ဝေဘူလဘက် ရှိ ဇတွာလ် ကျေးရွာမှာ Crusade လုပ်ဖို့ အတွက် တာဟန်းက အဖွဲ့သားတွေကို ဝင်ခေါ်ဖို့ သွားခဲ့တယ်။ စက္ကန့်ကျေးရွာ အလွန်၊ စက်မှုဇုံနားရောက်တော့…

