မလေးရှားနိုင်ငံမှာ အဲကွန်းတပ်ဆင်ရင်း ၁၈ ထပ်အဆောက်အဦးပေါ်ကနေ ချင်းအမျိုးသား ၁ ဦး ပြုတ်ကျသေဆုံး၊ ဒီကနေ့မှာလည်း သေဆုံးလျက်ရှိတဲ့ ချင်းအမျိုးသားအလောင်းထပ်မံတွေ့ရှိ
ဩဂုတ်လ ၆ ရက်။ မလေးရှားနိုင်ငံမှာ အသက် ၄၁ နှစ်အရွယ် ချင်းအမျိုးသား ၁ ဦးဟာ သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းက အဲကွန်းတပ်ဆင်ရင်း ၁၈ ထပ် အဆောက်အဦးကနေ ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပြီး ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့မှာလည်း ကွာလာလမ်ပူမြို့ Bukit Bintang မှာ သေဆုံးလျက်ရှိတဲ့ အသက် ၃၂ နှစ်အရွယ် ချင်းအမျိုးသားအလောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ၁၈ ထပ်အဆောက်အဦးပေါ်ကနေ ပြုတ်ကျခဲ့တဲ့ Ko Timothy Ling Kee ဟာ မလေးရှားရောက် ချိုးကက်သလစ် ဘာသာသူများ(CRCA)မှ အထူးအားကိုးရတဲ့ အထူးအားကိုးရတဲ့သူ ဖြစ်ပြီး အသက်၄၁ နှစ်အရွယ် အိမ်ထောင်သည် သားသမီးရှိသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ သေဆုံးသွားတဲ့…

