တော်လှန်ရေးရဲဘော် (၃) ဦးနဲ့အတူ မူးယစ်ဆေးဝါးအမြောက်အများနှင့် လက်နက်တချို့ ဖမ်းဆီးရမိခဲ့တယ်လို့ CDF – Hakha ထုတ်ပြန်
ဇူလိုင်လ ၁၀ ရက်။ ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် သယ်ယူပို့ဆောင်လာသော စိတ်ကြွဆေးပြား၊ ဘိန်းဖြူအမြောက်အများနှင့် လက်နက်တွေ အပါအဝင် တော်လှန်ရေးရဲဘော် ၃ ဦး နှင့် ယာဉ်မောင်း၊ စပယ်ယာ တို့ကို ဟားခါးမြို့နယ်အတွင်း ဇူလိုင်လ ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha (CDF – Hakha ) မှ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ Hilux 9K-1693 နှင့် ကိုစိုးသူပိုင်ဆိုင်သော 1J-6011 Forland ကားတို့ဖြင့် သယ်ယူလာသည့် စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ…

