အိုင်းဒီးရဲ့ “သစ်ရွက်နီရောင်ပြေးလေးတွေ” ကဗျာစာအုပ် စတင်ဖြန့်ချိ
စက်တင်ဘာလ ၂၅ ရက်။ ချင်းလူမျိုး ကဗျာဆရာမ Anna Biak Tha Mawi (ခ) အိုင်းဒီး ရဲ့ “သစ်ရွက်နီရောင် ပြေးလေး တွေ” ကဗျာစာအုပ်ကို နှစ်ကာလစာပေစာအုပ်တိုက် ကနေ စတင်ဖြန့်ဝေလိုက်ပြီဖြစ်တယ်လို့ စက်တင်ဘာလ (၂၅) ရက်နေ့မှာ ကြေညာထားပါတယ်။ စာမျက်နှာ ၁၇၄ မျက်နှာ နဲ့ ရောင်စုံပန်းချီ ၂၂ မျက်နှာပါတဲ့ ကဗျာစာအုပ်မှာ စက္ကူအမျိုးအစား – ခရင်မီဖြစ်ပြီး ကဗျာရေးသားသူ အိုင်ဒီးကိုယ်တိုင်ရေးဆွဲတဲ့ ရောင်စုံပန်းချီများဖြင့်ပုံဖော်ထားပြီး ချင်းနဲ့မြန်မာဘာသာ နှစ်ခုဖြင့်ထုတ်၀ေတာဖြစ်ပါတယ်။ ကဗျာစာအုပ်မှာ အပိုင်း (၉) ပိုင်းပါရှိတယ်လို့ဖော်ပြထားပြီး မြန်မာဘာသာနဲ့ရေးထားတဲ့ ကဗျာတွေကို ချင်း(လိုင်) ဘာသာဖြင့် ချင်းစာရေးဆရာတစ်ဦးဖြစ်သူ Salai Tial Awi Thang ကဘာသာပြန်ဆို ထားတယ်လို့သိရပါတယ်။ အခုစာအုပ်ဟာ…

