မင်းတပ်မြို့က အရပ်သားနေအိမ် ၅ လုံးထက်မနည်း ထပ််မံမီးရှို့ခံရ
စက်တင်ဘာလ ၂၆ ရက်။ ချင်းပြည်နယ် မင်းတပ်မြို့ အရှေ့ပြင် MPT ရုံးနဲ့ နမ့်ထာရပ်ကွက်ဘက်သွားတဲ့ ကြားလမ်းက အရပ်သားပြည်သူနေအိမ် တွေကို စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့စက်တင်ဘာလ ၂၆ ရက်နေ့ မှာ ထပ်မံမီးရှို့ခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်မြို့ဒေသခံတစ်ဦးက “အခုတော့ လောင်သေးသလားတော့ မသိရတော့ဘူးမိုလည်း အုံနေတော့။ နေအိမ် ၅ လုံးလောက်တော့ရှိမယ် မီးလောင်တာက အဝေးကနေ ဆိုတော့ သေချာမသိရသေးဘူး။ အခုလောင်တဲ့ နေရာတွေက အိမ်ရှင်တွေက စစ်ဘေးရှောင်နေကြတယ်”လို့ပြောပါတယ်။ အရပ်သားနေအိမ် ၅ လုံးတော့မီးလောင်တယ်လို့ သိရပြီး နောက်ထပ် နေအိမ်ဘယ်နှလုံးလောင်တယ်ဆိုတာတော့ မသိသေးရဘဲ အဲဒီမီးလောင်တဲ့ အိမ်တွေက အိမ်ရှင်တွေဟာလည်း စစ်ဘေးရှောင်နေကြတယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။ ချင်းဒေသကွယ်ရေးတပ်ဖွဲ့ဘက်က သူတို့ကို(စစ်ကောင်စီတပ်ဖွဲ့) သွားရောက်တိုက်ခိုက်ချင်ရင် မြင်ရအောင်လို့ မြင်ကွင်းရှင်းတယ်လို့ပဲ ယူဆတဲ့ကြောင်း…

