မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့ရဲ့ မဟာမိတ် မုံရွာခရိုင်အမှတ် (၃) တပ်ရင်းက ရဲဘော် (၇) ဦးကျဆုံးခဲ့
ဒီဇင်ဘာလ ၂၇ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့ရဲ့ မဟာမိတ်တပ်ဖွဲ့ မုံရွာခရိုင််အမှတ် (၃) တပ်ရင်းက ရဲဘော် (၇) ဦးကျဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း မုံရွာခရိုင်အမှတ် (၃)တပ်ရင်းက ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းက “ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းက ရဲဘော် (၇)ယောက် ပေးဆပ်ကျဆုံးခဲ့ရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်ကို ပဓာနမထားပဲ အောင်ပွဲတွေရရှိနိုင်ရန် ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် (၇) ဦးကို ဦးညွှတ်ဂုဏ်ပြုကြောင်းနဲ့ နွေဦးတော်လှန်ရေးမိဘပြည်သူတွေအနေနဲ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ရဲဘော်တွေအားလုံးရဲ့ မလျော့သောဇွဲဖြင့် ယနေ့အချိန်ထိ လိုချင်သော ပန်းတိုင်မရောက်မချင်း ဆက်လက်ပြီး ကြိုးစားနေမည်ဖြစ်ကြောင်းကိုလည်း သစ္စာကတိပြုတယ်”…

