Headlines

မီဇိုရမ်ပြည်နယ် လကီရွာ နှင့် ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝရွာ အကြား ကားလမ်းဖောက်လုပ်နေ

ဇူလိုင်လ ၂၈ ရက်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မရာအစိုးရ ( MADC) နဲ့လက်တွဲပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လကီရွာ နှင့် ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝရွာ အကြား ကားလမ်းဖောက်လုပ်နေတယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ / မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့( MTC/ MDF) အဖွဲ့ရဲ့ အုပ်ချုပ်ရေးတွင် president တာဝန်ယူ ထားတဲ့ Dr.Bik က Chin World Media ကိုပြောပါတယ်။ အိန္ဒိယ – မြန်မာနယ်စပ် လကီရွာကနေ ပလက်ဝမြို့နယ်အထိ လက်ရှိဖောက်လုပ်နေတဲ့ ကားလမ်းအတွက် ရူပီးငွေ သိန်း ၈၀ ဝန်းကျင်ကုန်ကျမှာဖြစ်သလို ဘတ်ဂျက်လုံလောက်မှုရှိရင် လမ်းဖောက်လုပ်တာကို ဒီနှစ်အတွင်း အပြီးသတ်နိုင်အောင် ကြိုးစားနေကြတယ်လို့လည်း ( MTC/ MDF) အဖွဲ့ရဲ့ အုပ်ချုပ်ရေးတွင် president…

Read More

ချင်းပြည်နယ်ကနေ ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ ၁၁၀ ဦးရှိ

ဇူလိုင်လ ၂၇ ရက်။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို ဇူလိုင်လ ၂၇ မနက် ၄ နာရီတွင် စတင် ကြေငြာခဲ့ရာ ချင်းပြည်နယ်ကနေ စာမေးပွဲ အောင်မြင်သူ ၁၁၀ ဦး ရှိပြီး ဂုဏ်ထူး ရရှိသူ မရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ၏ အောင်စာရင်း ထုတ်ပြန်ချက် အရ သိရှိခဲ့ရ ပါတယ်။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ချင်းပြည်နယ်ကနေ အထက(၁) ဟားခါး နှင့် အထက(၁) တီးတိန် စတဲ့ စာစစ်ဌာန နှစ်ခု မှာ ကျင်းပ နိုင်ခဲ့ပြီး ဖြေဆိုသူ ၄၀၈ ဦး မှာ အောင်မြင်သူ ၁၁၀ဦး နဲ့ အောင်ချက် ရာခိုင်နှုန်း…

Read More

ချင်းလက်နက်ကိုင် အဖွဲ့အစည်းတွေကြားက ပဋိပက္ခလျှော့ချနိုင်ရေး ChinSoliidarityNow online လူထုလှုပ်ရှားမှု ပြုလုပ်မယ်

ဇူလိုင်လ ၂၆ ရက်။ ချင်းလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ လျှော့ချနိုင်ဖို့အတွက် ရည်ရွယ်ပြီး ChinSoliidarityNow online လူထုလှုပ်ရှားမှုကို ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့ ည ၇ နာရီ (မြန်မာစံတော်ချိန်) မှာ စတင်ပြီး Chin Civic Movement (CCM) ကနေ ပြုလုပ်မယ်လို့ သိရပါတယ်။ ChinSoliidarityNow online ရည်ရွယ်ချက်က ချင်းတမျိုးသားလုံး စည်းလုံးညီညွှတ်ရေးကို ဦးထိပ်ထားရန်၊ ချင်းအချင်းချင်းကြား သဘောထား မတူညီမှုတွေ နဲ့ ပဋိပက္ခတွေဖြေရှင်းရာမှာ စစ်ရေးအရ ဖြေရှင်းမှုတွေ ရှောင်ရှားရန် ချင်းလူထုမှ ချင်းတော်လှန်ရေး အင်အားစုတွေကို တိုက်တွန်းခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ Chin Civic Movement (CCM)ဟာ ချင်းအရပ်ဘက်အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်များဖြင့်…

Read More

CNO နဲ့ CNF တို့အကြား မီဇိုရမ်အစိုးရက စေ့စပ်ညှိနှိုင်းပေးနေတယ်လို့ CNF ဆို

ဇူလိုင်လ ၂၅ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ၂ ဖက်တင်းမာမှုတွေဖြစ်ပွါးနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) နှင့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) တို့အကြား မီဇိုရမ်အစိုးရက ကြားဝင်စေ့စပ်ညှိနှိုင်းပေးပြီး CNF/CNA အနေနဲ့လည်း သူတို့သဘောထားကို မီဇိုရမ်ပြည်နယ်အစိုးရထံ တင်ပြထားတယ်လို့ CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။ CNF/CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “လက်ရှိဖလမ်းမြို့နယ် မှာ ကျနော်တို့ဘက်က တပ်စွဲထားတာ အသေးစိပ်တော့မသိဘူးပေါ့၊ ရှိရင်လည်း ယာယီပဲဖြစ်မှာပါ ။အားလုံးက ပွင့်ပွင့်လင်းလင်းညှိချင်တာပါပဲ ၊ တော်လှန်ရေးကာလမှာ တဖွဲ့နဲ့တဖွဲ့ အငြင်းမပွားဖို့ပဲ လိုချင်တယ် ။ စော ကတည်းက ကျနော်တို့က နဂိုအတိုင်းပဲ နေကြပါလို့ပြောပြီးသားလေ။ မီဇိုရမ်အစိုးရက…

Read More

ကလေးမြို့မှ ချင်းတောင်သို့ ဆန်သယ်ယူခွင့်ကန့်သတ်မှု ၁၁ လ ပြည့်သည် အထိ တရားဝင် ပြန်လည် ခွင့်ပြုခြင်း မရှိသေး

ဇူလိုင်လ ၂၃ ရက်။ ကလေးမြို့အထွက်ရှိ စစ်ကောင်စီ ဂိတ်များမှ ချင်းပြည်နယ်သို့ ဆန် သယ်ယူခွင့်ကန့်သတ်မှု ၁၁ လ ပြည့်ပြီ ဖြစ်သော်လည်း တရားဝင် ပြန်လည် သယ်ဆောင်ခွင့်ပြုတာမျိုး မရှိသေးဘူး လို့ ကလေးမြို့နေ ဆန်အရောင်းအဝယ် ပြုလုပ်သူ တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။ ကလေးမြို့ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များ ကနေ စားသောက်ကုန် ပစ္စည်းတွေ သယ်ဆောင်ခွင့်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ ကနေ စပြီး ပိတ်ပင် ကန့်သတ် ခဲ့တာ ဖြစ်ပြီး တချို့ ပိတ်ပင်ချက်တွေ ပြန်လည် လျော့ပေါ့ ပေးခဲ့သော်လည်း ဆန် သယ်ဆောင်မှုကို မူ ဆက်လက် ကန့်သတ် ခဲ့တာ…

Read More

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်း စစ်မျက်နှာဖွင့်တိုက်ခိုက်မှု ၁ နှစ်ကျော်အတွင်း ၈ ကြိမ်ထက်မနည်းဖြစ်ခဲ့ကြောင်း ISP-Myanmar ထုတ်ပြန်

ဇူလိုင်လ ၂၃ ရက်။ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းကြား ၂၀၂၄ ခုနှစ်ကစလို့ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ဗျူဟာမြောက် အရေးပါတဲ့ နေရာတွေကို အပြန်အလှန် စစ်မျက်နှာဖွင့်တိုက်ခိုက်ကြတဲ့ ပဋိပက္ခဖြစ်စဉ်မျိုး ၁ နှစ်ကျော်အတွင်း ၈ ကြိမ်ထက်မနည်းဖြစ်ခဲ့တယ်လို့ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာလေ့လာမှုတွေကို သုတေသနပြုလုပ်နေတဲ့ ISP – Myanmar ရဲ့ ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ “အက်ကြောင်းပိုနက်လာသော ချင်းတော်လှန် ရေးတပ်ဖွဲ့များ ” စာတမ်းမှာ ဖော်ပြထားပါတယ်။ ချင်းပြည်တွင် CNF/CNA အပြင် ချင်းလက်နက်ကိုင်တပ် ၂၀ ကျော်ရှိသည်။ ထိုအဖွဲ့များမှာ ၂၀၂၃ ခုနှစ်အထိ ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) အောက်၌ ပူးပေါင်းခဲ့ကြသည်။ မျိုးနွယ်စု ကွဲပြားမှုနှင့် နိုင်ငံရေးစုဖွဲ့ပုံ…

Read More

CDF – Mara နဲ့ MDF အကြား ဖြစ်တဲ့တိုက်ပွဲတွေမှာ AA မပါကြောင်း၊ AA ဟာ ချင်းအချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဝင်ပါမယ့် အဖွဲ့လည်း မဟုတ်ကြောင်း MDF ကပြော

ဇူလိုင်လ ၂၃ ရက်။ Chinlan Council အဖွဲ့ဝင် IMC / CDF – Mara တပ်ဖွဲ့ နဲ့ ချင်းညီနောင်အဖွဲ့ဝင် MTC / Mara Defense Force (MDF) တပ်ဖွဲ့အကြား ဖြစ်တဲ့ ထိတွေ့တိုက်ပွဲ ပဋိပက္ခတွေမှာ အာရက္ခတပ်တော်(AA) မပါဝင်ကြောင်း၊AA ဟာ ချင်းအချင်းချင်းဖြစ်တဲ့ ထိတွေ့တိုက်ပွဲ ပဋိပက္ခတွေမှာ ဝင်ပါမယ့် အဖွဲ့လည်း မဟုတ်ကြောင်း၊ MTC/MDF ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ President / တပ်ပိုင်းမှာ Commander in Chief တာဝန်ယူထားတဲ့ Dr. Bik က Chin World Media ကိုပြောပါတယ်။ MDF ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ President /…

Read More

ချင်းပြည်နယ်မှ ပညာရေး ဝန်ထမ်း ၂ ထောင်နီးပါး ထပ်မံ ထုတ်ပယ်ခံရကြောင်း CHRO မှ ဖော်ပြ

ဇူလိုင်လ ၂၃ ရက်။ အာဏာသိမ်းစစ်ကောင်စီက ချင်းပြည်နယ် အတွင်းရှိ အခြေခံပညာကျောင်း နှင့် ရုံးများမှ အကြောင်းမဲ့ နှင့် ခွင့်မဲ့ ပျက်ကွက် နေတဲ့ သင်ကြား/စီမံ အရာထမ်း နှင့် အမှုထမ်း ၁၉၃၉ ဦးကို နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ နဲ့ အညီ ထုတ်ပယ်လိုက်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) ရဲ့ ဇူလိုင်လ ၂၂ ရက် ဖော်ပြချက် အရ သိရှိရပါတယ်။ CHRO မှ ရရှိတဲ့ အချက်အလက်များ အရ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ရှိ အခြေခံပညာဦးစီးဌာန ၏ အရာထမ်း ၂၅ ဦး နှင့် အမှုထမ်း ၂၇၇၀ ဦးကို…

Read More

ချင်းပြည်မှာဖွင့်မယ့် သူနာပြုသင်တန်းကျောင်းအတွက် သင်ကြားရေးသူနာပြုဆရာ/မ တွေကိုအလုပ်ခေါ်

ဇူလိုင်လ ၂၂ ရက်။ သူနာပြုသင်တန်းကျောင်းအတွက် သင်တန်းသားတွေကို သင်ကြားပေးနိုင်တဲ့ အတွေ့အကြုံရှိ သူနာပြု ၃ ဦး ခန့်ဖို့ Chinland Council ကဖွဲ့စည်းပေးထားတဲ့ ချင်းပြည်( Chinland) အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ လာရောက်လျှောက်မည့်သူတွေအနေဖြင့် Diploma သို့မဟုတ် Bachelor ဘွဲ့ရသူနာပြု ၊ သူနာပြုလက်မှတ်ရှိသူ ၊အနည်းဆုံး ၂ နှစ်တာ ဆေးဘက်အတွေ့အကြုံ သို့မဟုတ် သင်ကြားရေးအတွေ့အကြုံရှိသောသူ ၊ပဋိပက္ခဒေသများတွင် အလုပ်လုပ်ဖူးခြင်း ရှိသူ ၊ လူထုကျန်းမာရေးနှင့် ပညာရေးအပေါ် စိတ်အားထက်သန်သူ ၊ အုပ်စုနှင့် အလုပ်လုပ်ရသည့်လုပ်ငန်းခွင်တွင် ဆက်ဆံရေးနှင့် အဖွဲ့လိုက်လုပ်ကိုင်နိုင်စွမ်းရှိသူ၊ ကွန်ပြူတာနှင့် နည်းပညာပိုင်းတွင် ကျွမ်းကျင်သူ ဖြစ်ရမယ်လို့လည်း ဖော်ပြထားပါတယ်။ လျှောက်ထားသူတွေအနေဖြင့် ကိုယ်ရေးအကျဉ်း၊…

Read More

ကလေးမြို့နဲ့ ရာဇာဂြိုလ်ကြားမှာ WY ဆေးပြား ၄ အိတ် ( ၈၀၀၀၀၀ လုံး)နဲ့ ငွေသား သိန်း ၁၅၀ ကို CNO ( Upper Chindwin Region ) က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်

ဇူလိုင်လ ၂၁ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ရာဇာဂြိုလ်မြို့ကြားမှာ ဇူလိုင် ၁၈ ရက်က WY ဆေးပြား ၄ အိတ် ( ၈၀၀၀၀၀ လုံး) နဲ့ ငွေသား ကျပ်သိန်း ၁၅၀ ကိုချင်းအမျိုးသားအဖွဲ့ချုပ် ( Chin National Organization ( Upper Chindwin Region) ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့တယ်လို့ ဇူလိုင်လ ၂၀ ရက်နေ့က CNOက ထုတ်ပြန်ပါတယ်။ ကလေးမြို့ကနေ တမူးမြို့ဘက်ကို ထွက်ခွာလာတဲ့ ဆိုင်ကယ် ၄ စီးဖြင့် လူ ၅ ဦးကို မသင်္ကာလို့ စစ်ဆေးရာကနေ ၎င်းတို့ ဆိုင်ကယ်နဲ့အတူ ပါလာတဲ့ WY ဆေးပြား အိတ် ၄ အိတ်တို့ကို…

Read More