Headlines

admin

ကလေးမြို့က ကျောင်းသား/သူ ၁ ထောင်ကျော်တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုဖို့အခက်အခဲများစွာရှိနေ

ဧပြီလ ၂၅ ရက်။ မတ်လ ၂၈ ရက်ကပြင်းထန်စွာလှုပ်သွားတဲ့ ငလျင်ဒဏ် ကြောင့် မန္တလေးတက္ကသိုလ်မှာထားတဲ့ ကချင်၊စစ်ကိုင်း၊မန္တလေး၊နေပြည်တော်က ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာ ၆ သောင်းကျော်မီးလောင်ပျက်စီးခဲ့တဲ့အတွက် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမယ့်အထဲစစ်ကိုင်းတိုင်း၊ကလေးမြို့နယ်လည်းပါဝင်ကာ ကလေးမြို့က ၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခဲ့တဲ့ ကျောင်းသား/သူ ၁ ထောင်ကျော်ဟာ စာမေးပွဲပြန်လည်ဖြေဆိုဖို့အခက်အခဲများစွာရှိနေတယ်လို့ကျောင်းသား/သူမိဘတွေဆီက သိရပါတယ်။ ချင်းပြည်နယ် ကနေ စစ်ရှောင် အများစု ခိုလှုံရာ မြို့တစ်မြို့ ဖြစ်တဲ့ ချင်းတောင်ခြေ ကလေးမြို့မှာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ စာစစ်ဌာန ၃ ခု ကနေ ဖြေဆိုသူ ၁၁၀၇ ဦး ရှိခဲ့ပါတယ်။ ကလေးမြို့စာစစ်ဌာနများမှ တက္ကသိုလ်ဝင် စာမေးပွဲ အဖြေလွှာများဟာ မန္တလေးငလျင် ဒဏ်ကြောင့် ပျက်စီး မီးလောင်ခဲ့တာကြောင့် ဇွန်လ…

Read More

CDF – Mindat Commander-in-Chief Says We Will Work Together to Liberate Hakha and Thantlang in Addition to the Tedim Operation

April 25. In addition to the Tedim Operation, which will be carried out as the Chin Brotherhood Operation, we will work together to liberate Hakha and Thantlang in Addition to the Tedim Operation, which will be carried out as the Chin Brotherhood Operation, so we will continue to support and encourage the Chin Brotherhood members,…

Read More

တီးတိန်စစ်ဆင်ရေးအပြင် ဟားခါး၊ ထန်တလန် လွတ်မြောက်ရေးအတွက်လည်း စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်မယ်လို့ CDF – Mindat စစ်ဦးစီးချုပ်ပြော

ဧပြီလ ၂၅ ရက်။ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ရမယ့် တီးတိန်စစ်ဆင်ရေး အပြင် ဟားခါး၊ ထန်တလန် လွတ်မြောက်ရေးအတွက်ကိုလည်း စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်လို့ ချင်းညီနောင်အဖွဲ့ဝင်တွေကို ဆက်ပြီး အားပေးဝိုင်းရံထောက်ခံပေးကြဖို့ ဧပြီလ ၂၄ ရက်နေ့မှာကျရောက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ရဲ့တော်လှန်ရေး (၄) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ချင်းညီနောင်အဖွဲ့ဝင် ၊CDF – Mindat စစ်ဦးစီးချုပ်ဆလိုင်းထန်းချွမ်ဖေက မိန့်ခွန်းမှာထည့်သွင်းပြောကြားပါတယ်။ CDF – Mindat စစ်ဦးစီးချုပ်ဆလိုင်းထန်းချွမ်ဖေက “လက်ရှိအောင်မြင်နေတဲ့ ကျနော်တို့ ချင်းညီနောင်စစ်ဆင်ရေးကိုလည်း ဆက်လက်ပြီးဝိုင်းရံပံ့ပိုးပေးကြပါ ကျနော်တို့ချင်းညီနောင်ဟာ ဆက်ပြီးတော့ ဖော်ဆောင်ရမယ့် တီးတိန်စစ်ဆင်ရေး ထိုနည်းတူဘဲ ကျနော်တို့ ချင်းပြည်နယ်အတွင်းမှာရှိနေသေးတဲ့ ဟားခါး၊ ထန်တလန် စတဲ့မြို့တွေလွတ်မြောက်ရေးအတွက်ကိုလည်း ကျနော်တို့ စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် အဲဒါကြောင့်ဆက်ပြီးတော့ ချင်းညီနောင်စစ်ဆင်ရေး၊ ချင်းညီနောင်အဖွဲ့ဝင်တွေကိုလည်း ဆက်ပြီးတော့ အားပေးဝိုင်းရံထောက်ခံပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” လို့ပြောပါတယ်။ နောက်လာမယ့် ၅…

Read More

ပလက်ဝမြို့နယ်က ဒေသခံချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီးသတ်ဖို့ကြိုးစားခဲ့တဲ့ AA တပ်သား ၂ ဦးကို ဖမ်းဆီးကာ စစ်ဆေးမှုတွေလုပ်နေတယ်လို့ AA ကပြော

ဧပြီလ ၂၅ ရက်။ ဧပြီလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး ရေနစ်သတ်ဖို့ကြိုးစားခဲ့တဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ၂ ဦးကို ပြစ်မှုဖြစ်ပွားတဲ့နေကတည်းက ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က မနေ့ ဧပြီလ ၂၄ ရက် မှာ ရခိုင်မီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာမှာ ဖြေကြားထားပါတယ်။ ဦးခိုင်သုခက “အဲ့ဒီမုဒိမ်းမှု ကျူးလွန်တယ်ဆိုတဲ့ ကိစ္စက မှန်ပါတယ်ခင်ဗျာ။ ဒီကိစ္စကတော့ပလက်ဝမြို့နယ်၊ စိမ့်စင်းဝကျေးရွာမှာ ဖြစ်ပွားသွားခဲ့တာပါ။ပြစ်မှုဖြစ်ပွားတဲ့ နေ့ကတည်းက အဲ့ဒီပြစ်မှုကျူးလွန်တဲ့ ရဲဘော် နှစ်ယောက်ကိုကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။ အခုကတော့ သူတို့ကိုစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီကိစ္စမှာ တရားမျှတမှုရရှိဖို့အတွက်…

Read More

အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို လွှဲပြောင်းပို့ခံရတဲ့ အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားတဲ့ အပေါ် အိန္ဒိယအစိုးရဘက်က တာဝန်ယူမှုရှိဖို့ India For Myanmar အဖွဲ့ကတောင်းဆို

ဧပြီလ ၂၅ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်ကနေ မြန်မာနိုင်ငံ၊စစ်ကောင်စီထံလွှဲပြောင်းပို့ခံရတဲ့ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားတဲ့ အပေါ် အိန္ဒိယအစိုးရဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုပေါ်အများကြီးမှုတည်ကာ၊အိန္ဒိယအစိုးရကိုတောင်းဆိုနေကြောင်း အိန္ဒိယ-မြန်မာအရေး လေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ် ကပြောပါတယ်။ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်က မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ ကလေး ၂၇ ဦးကို အိန္ဒိယဘက်ကတာဝန်ရှိသူတွေက စစ်ကောင်စီထံ မတ်လ ၂၁ ရက်နေ့က အိန္ဒိယ – မြန်မာနယ်စပ်ရှိ တမူးနယ်စပ်ကနေ တဆင့်လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အဆိုပါလွှဲပြောင်းပေးပို့ခံရသူတွေကို နိုင်ငံရေးမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ စစ်ကောင်စီက တမူးမြို့အချုပ်ထဲမှာ ဆက်လက်ဖမ်းချုပ်ထားတာလို့ သိရပါတယ်။ India For Myanmar တည်ထောင်သူ…

Read More

ငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်ဖြေရမယ့်အထဲ ကလေးမြို့နယ်က ကျောင်းသား/သူတွေလည်း ပါဝင်တယ်လို့သိရ

ဧပြီလ ၂၄ ရက်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ၊စစ်ကိုင်းမြို့ကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေးတက္ကသိုလ်အတွင်းမှာထားရှိတဲ့ ၂၀၂၅ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၆ သောင်းကျော်ဟာ မီးလောင်ကျွမ်းခဲ့တာတာကြောင့် ကချင်၊ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်က ကျောင်းသားတွေကိုလာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်ဖြေရမယ်လို့ စစ်ကောင်စီက ဧပြီလ ၂၂ ရက်နေ့မှာ ကြေညာထားကာ အများပြည်သူ ကန့်ကွက်ဝေဖန်မှုတွေရှိနေတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်ဖြေကြရမယ့်အထဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က တက္ကသိုလ်ဝင်တန်း(G-12)ကျောင်းသား/သူတွေလည်း ပါဝင်တယ်လို့သိရပါတယ်။ က လေးမြို့ ဒေသခံတစ်ဦးက “၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်က G12 ကျောင်းသူ၊ ကျောင်းသားတွေ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ပြန်ဖြေရမှာလို့သိရတယ် တချို့ကိုယ်ပိုင်အထက်တန်းကျောင်းတွေဆိုရင် သူတို့ကျောင်းသူ၊…

Read More