Headlines

admin

Global Zomi Lengthe 2025 အဆိုပြိုင်ပွဲမလေးရှားနိုင်ငံမှာ အောင်မြင်စွာ ကျင်းပ၊တေးဂီတ အနုပညာရှင်များကို ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်

ဩဂုတ်လ ၂ ရက်။ Zomi Music Uplift Society (ZOMUS) မှ အဆိုပြိုင်ပွဲ Season 3 အဖြစ် ပြုလုပ်ခဲ့တဲ့ Global Zomi Lengthe 2025 သီချင်း အဆို ပြိုင်ပွဲဖိုင်နယ်ပွဲကို ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းမှာ မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ရှိ HGH Convention Centre Sentul တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး Lia Huaisen (Malaysia) မှ Winner ဆုရရှိသွားကြောင်း၊ ကွယ်လွန်ခဲ့ပြီး ဖြစ်တဲ့ ဇိုမီး တေးဂီတ အနုပညာရှင်များ ကို The Evergreen Award ကိုလည်းကောင်း၊ သက်ကြီး ဇိုမီး တေးဂီတ အနုပညာရှင်များကို…

Read Full News

နိုင်ငံသားများရဲ့ လွတ်လပ်မှု နှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၃ ခု ကိုရပ်ဆိုင်းထားတဲ့ ဥပဒေ ပြဋ္ဌာန်း

ဩဂုတ်လ ၂ ရက်။ ၂၀၂၅ ခုနှစ် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၃ ခုကို ရပ်ဆိုင်းဖို့ ပြင်ဆင်တဲ့ ဥပဒေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရအာဏာသိမ်းစစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ(ကာလုံ)က ဩဂုတ် ၁ ရက်မှာပြဋ္ဌာန်းလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၂ ကို ကိုးကားပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၅၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ တို့ပါ ပြဋ္ဌာန်းချက်တွေကို ရပ်ဆိုင်းထားလိုက်တယ်လို့ ကာလုံက ပြင်ဆင်တဲ့ ဥပဒေထဲမှာ ဖော်ပြထားပါတယ်။ ရပ်ဆိုင်းလိုက်တဲ့ ပုဒ်မ…

Read Full News

အရေးပေါ်အခြေအနေကြေညာခံရတဲ့အထဲ ပါဝင်တာကြောင့် ကန်ပက်လက်မြို့နယ်ကလမ်းတချို့ယာယီပိတ်မယ်လို့ထုတ်ပြန်

ဩဂုတ်လ ၂ ရက်။ အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်အခြေအနေကြေညာခံရတဲ့ မြို့နယ်တွေထဲ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့လည်း ပါဝင်တာကြောင့် ကန်ပက်လက်မြို့နယ် ဒါးရင်းဒူးဒေသ ခေါ်နူးတပ်ရင်းရဲ့ ထိန်းချုပ်မှုနယ်မြေ အတွင်းက မိဘပြည်သူတွေ အရေးပေါ်အခြေအနေ ခရီးသွားလာတာကလွဲရင် လမ်းတွေ သြဂုတ်လ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ယာယီပိတ်ထားမယ်လို့ CDF – Kanpetlet Battalion (5) Khonu Battalion က ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကန်ပက်လက်မြို့နယ် ဒါးရင်းဒူးဒေသ ခေါ်နူးတပ်ရင်းရဲ့ ထိန်းချုပ်မှုနယ်မြေ အတွင်း ကာကွယ်ရေးဆိုင်ရာ အရေးပေါ်လုံခြုံရေးကိစ္စရပ်တွေ ဆောင်ရွက်လိုတာကြောင့် ရပ်နီးရပ်ဝေး ခရီးသွားလာခြင်း ဆိုင်ကယ်ကယ်ရီဖြင့် ကုန်စီပို့ဆောင်ခြင်း၊ ဒေသခြားသွားလာမှုတွေ အရေးပါ်အခြေအနေမှအပ ခရီးသွားလာခြင်း နှင့် ကုန်သွယ်စီးဆင်းမှု တွေအပါအဝင်…

Read Full News

ပုသိမ်ထောင်မှာ အကျဉ်းကျနေတဲ့ ပလက်ဝမြို့နယ်က ဒေသခံ ၁၆ ဦး ဒီကနေ့မနက်မှာ ပြန်လွတ်လာတယ်လို့သိရ

ဩဂုတ်လ ၁ ရက်။ နိုင်ငံရေးအမှုနဲ့ ပုသိမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ၊ ပါးဝကျေးရွာက ဒေသခံ အမျိုးသား ၁၉ ဦးထဲကနေ အမျိုးသား ၁၆ ဦးတို့ဟာ ဒီကနေ့ မနက်ပိုင်း သြဂုတ်လ ၁ ရက်နေ့မှာ ပြန်လွတ်လာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “သူတို့ဒီကနေ့မနက်ပိုင်းမှာ ပြန်လွတ်လာပြီ လွတ်ရက်စေ့လို့ ပြန်လွတ်ပေးတာပေါ့ ၁၉ ဦးမှာ ၁၆ ဦးက ၄ နှစ်စီထောင်ချခံရသူတွေပေါ့ ကျန်တဲ့ ၃ ဦးက ၇ နှစ်စီအမှုချမှတ်ထားတော့ မလွတ်သေးဘူး အခုလွတ်လာတဲ့ ၁၆ ဦးက ပုသိမ်ကနေ ရန်ကုန်ပြန်နေကြပြီ အားလုံးကျန်းကျန်းမာမာပဲလို့ သိရတယ်” လို့ပြောပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ၊…

Read Full News

၂၀၂၅ ရွေးကောက်ပွဲ ချင်းပြည်နယ်မှာ လုပ်နိုင်ပါ့မလား ??

Aung Lian လုံခြုံရေးစိန်ခေါ်မှုကြားက စစ်ကောင်စီဟာ ချင်းပြည်နယ် ဟားခါး၊ထန်တလန်၊တီးတိန်မြို့နယ်ထိိန်းချုပ်နိုင်ပြီး ကျန်မြို့နယ်များကို ချင်းလက်နက်ကိုင်များကထိန်းချုပ်ထားနေဆဲပါ။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပလက်ဝမြို့နယ်သည် တိုက်ပွဲအပြင်းထန်ဆုံးကာလဖြစ်၍ ရွေးကော်က မြို့ပေါ်ရပ်ကွက်ဘဲ မဲဆန္ဒနယ်သတ်မှတ်ခဲ့ပြီး ပလက်ဝမြို့နယ် မဲပေးဦးရေ ၅၀၀၀၀ကျော် ရှိပေမဲ့ မဲလာပေးသူတွေက ၄၀၀၀ကျော်နဲ့ အထမြောက်ကြောင်း အသိအမှတ်ပြုခဲ့သည်။ ၂၀၂၅ရွေးကောက်ပွဲအတွက် ၂၀၂၀တုန်းက ပလက်ဝမြို့နယ်ကို အခြေခံပြီး ရွေးကောက်ပွဲမဖြစ်မနေလုပ်ရမဲ့သဘောဖြစ်ပါမည်။ ယခုပြင်ဆင်လိုက်တဲ့ ပြည်သူ့၊အမျိုးသား၊တိုင်းနှင့်ပြည်နယ်လွှတ်တော်ဥပဒေမှာ နိုင်သူအကုန်ယူစနစ်နှင့်အချိုးကျစနစ် ၂မျိုးသုံးပြီးကျင်းပသွားမည်။ ပြည်ထောင်စုလွှတ်တော်က အရင်ကျင်းပပြီး တိုင်းနှင့်ပြည်နယ်ကို ၂၀၂၆ ဇန်နဝါရီလမှာကျင်းပမှာလား။ အခုပြင်ဆင်ထားတဲ့ဥပဒေအရတော့ နိုင်သူအကုန်ယူစနစ်အရင်ကျင်းပပြီး အချိုးကျစနစ်ကို နောက်မှကျင်းပမဲ့သဘောဖြစ်လိမ့်မည်။ ၁။ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် အဓိက ပြင်ဆင်ဖြည့်စွက်သည့် ဥပဒေ ၄/(က)မှာ တစ်မြို့နယ်တွင် တဦးသည် နိုင်သူအကုန်ယူစနစ်ဖြစ်ပြီး ၄/(ခ)မှာ ကျန်တဦးမှာ အချိုးကျစနစ်ဖြစ်သည်။ အချိုးကျအတွက် မြို့နယ်များစုစည်း၍…

Read Full News

ဖလမ်းမြို့နယ်၊လုမ်သဲရွာမှာ နေအိမ် ၁ လုံးမီးလောင်ခဲ့ပြီး နေအိမ်ထဲက ၉ နှစ်အရွယ် ကလေး တစ်ဦး မီးလောင်ခံရပြီး သေဆုံးခဲ့ရ

ဇူလိုင်လ ၃၁ ရက်။ ဖလမ်းမြို့နယ် ၊ Lumte (လုမ်သဲ)ကျေးရွာမှာ မနေ့ဇူလိုင်လ ၃၀ ရက်နေ့ည ကိုးနာရီဝန်းကျင်လောက်မှာ နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး အသက် ၉ နှစ်အရွယ် ကလေး တစ်ဦး မီးလောင်ခံရလို့ သေဆုံးခဲ့တယ်လို့ ဖလမ်းဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက“ မနေ့ည ၉ နာရီဝန်းကျင်လောက်မှာ ဖယောင်းတိုင် မီးကနေ တဆင့် နေအိမ်မီးလောင်တာလို့ သိရတယ် သူတို့နေအိမ်မီးလောင်တော့ သူတို့ သမီး ၉ နှစ်အရွယ်လည်း မီးလောင်ခံရလို့ သေဆုံးတယ်လို့ သိရတယ်” လို့ပြောပါတယ်။ သေဆုံးတဲ့ကလေးရဲ့မိသားစုဟာ စစ်ဘေးရှောင်ရင်း လုမ်သဲရွာမှာ နေထိုင်ကြတဲ့ မိသားစုတွေလို့ သိရပြီး သားသမီးတွေ စာကြည့်တဲ့ ဖယောင်းတိုင်ကနေ တဆင့် အခုလို နေအိမ်တစ်ခုလုံး မီးလောင်ကျွမ်းခဲ့တာလို့လည်း သိရပါတယ်။

Read Full News

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နဲ့ဦးညိုစော ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်ကိုဖွဲ့စည်း

ဇူလိုင်လ ၃၁ ရက်။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေးအတွက် ယာယီသမ္မတဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နဲ့ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးညိုစော ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်ကို ယနေ့ (ဇူလိုင် ၃၁ ရက်) တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစတင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတရုံးမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီ ၁ ရက်က အမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်အားပယ်ဖျက်ကြောင်း ဒီနေ့ ဇူလိုင် ၃၁ ရက်နံနက်ပိုင်းက ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမှာဆုံးဖြတ်ပါတယ်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်မှာ ဥက္ကဌအဖြစ်…

Read Full News

အမေရိကန်ကို ကျောင်းသားဗီဇာနဲ့ ရောက်တာ ၅ ရက်သာရှိသေးတဲ့ ချင်းလူငယ်တစ်ဦး မတော်တဆ ရေနစ်သေဆုံး

ဇူလိုင်လ ၃၀ ရက်။ ကျောင်းသားဗီဇာနဲ့ အမေရိကန်နိုင်ငံကို ရောက်ရှိလာတာ ၅ ရက်သာရှိသေးတဲ့ အသက် (၂၀) အရွယ် ချင်းလူငယ်တစ်ဦးဟာ မိသားစုတွေနဲ့ အပန်းဖြေသွားရာမှာ မတော်တဆ ရေနစ်သေဆုံးခဲ့တယ်လို့ Indiana Chin Baptist Church က ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးသွားတဲ့ ချင်းလူငယ် Tony Sui Tling ရဲ့ ရုပ်အလောင်းကို Danville Coroner Office မှာထားရှိပြီး လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ အင်ဒီယားနားပြည်နယ်မှာ သဂြိုလ်ဖို့ မိဘဆွေမျိုးသားချင်းတွေနဲ့ အသင်းတော်တာဝန်ရှိသူတွေက စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ Pu Robin Hmuncung နဲ့ Pi Far Chin Sung…

Read Full News

မရာလက်နက်ကိုင် ၂ ဖွဲ့အကြား စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ ၂ဖွဲ့စလုံးက ထုတ်ပြန်၊ ပြောဆို

ဇူလိုင်လ ၃၀ ရက်။ ချင်းပြည်နယ် မရာဒေသမှာ ဇူလိုင်လ အစပိုင်းကာလမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ကြတဲ့ MTC/MDF နဲ့ IMC / CDF – Mara မရာလက်နက်ကိုင် ၂ အဖွဲ့အကြား လက်ရှိစစ်ရေးတင်းမာနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့ကြောင်း ၂ ဖွဲ့စလုံးက ထုတ်ပြန်တာ၊ ပြောဆိုတာတွေ ရှိပါတယ်။ MTC/ MDF နဲ့ AA ပူးပေါင်းအဖွဲ့ က IMC / CDF – Mara ဌာနချုပ်အနီးနားရှိ ကျေးရွာတွေကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး ၂ ဖက်စစ်ရေးတင်းမာနေသလို ပိတ်ဆို့ခံရတဲ့ ကျေးရွာအသီးသီးက ဒေသခံထောင်ချီသော ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ IMC / CDF – Mara က မနေ့…

Read Full News

ပလက်ဝမြို့နယ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ချင်းအမျိုးသမီးများ၏ဘဝ

ဆမ်မာန်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားသည့် ၂၀၂၄ ခုနှစ်မှစပြီး တစ်နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများသည် အနည်းဆုံး လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်များသည် ဒေသခံအမျိုးသမီးများ၏ ဘဝများကို ကြောက်ရွံ့မှုနှင့် မလုံခြုံမှုအတွင်း နစ်မြှုပ်စေခဲ့ပြီး ၎င်းတို့၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် ဆမီးမြို့၊ AA. စခန်းအနီးတွင် ဒေသခံချင်းအမျိုးသမီးတစ်ဦးအား ရခိုင်စကားပြောသည့် အမည်မသိလူတစ်စုက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး သတိလစ်သည်အထိ ရိုက်နှက်ကာ ချောင်းစပ်တစ်‌နေရာတွင် စွန့်ပစ်ထားခဲ့သည်။ ဒေသခံချင်းအမျိုးသမီးတစ်ဦးက “ဒီလိုရက်စက်မှုတွေက ကျွန်မတို့ရွာထဲမှာ ဘယ်သူမှ လုံခြုံမှုမရှိတော့ဘူးလို့ ခံစားရစေတယ်။ ပလက်ဝကို အေအေ မရောက်လာခင် အချိန်မှာဆိုရင် အခုလိုမျိုး ဖြစ်ရပ်တွေမရှိဖူးပါဘူး။”…

Read Full News