Headlines

admin

မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်တဲ့ စစ်ရှောင်များရဲ့ ဇီ၀ဆိုင်ရာအချက်အလက်မှတ်ပုံတင်ခြင်းကို ဇူလိုင်လ စလုပ်မယ်

ဇွန်လ ၂၅ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်တွင်းရှိ ခရိုင် (၁၁) ခုစလုံးတွင် မြန်မာနိုင်ငံဖက်ကနေ လာရောက်နေထိုင်တဲ့ စစ်ရှောင်များရဲ့ ဇီ၀အချက်အလက် (biometric) မှတ်ပုံတင်ခြင်းကို ဇူလိုင်လ ကနေစတင်လုပ်ဆောင်မှာဖြစ်တယ်လို့ ဒီကနေ့ ဇွန်လ (၂၅) ရက်နေ့မှာ Northeast Today မီဒီယာကဖော်ပြပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရစာရင်းအရစာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံကနေ စစ်ဘေးရှောင်လာသူ ဦးရေ ၃၂၀၀၀ ကျော်ရှိတယ်လို့ပြောဆိုထားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် Vanlalmawia က “အမျိုးသားသတင်းအချက်အလက်စင်တာ (National Informatics Centre – NIC)  ဖော်ဆောင်ထားတဲ့ နိုင်ငံခြားသားများ ခွဲခြားသတ်မှတ်ရေး ပေါ်တယ်လ် (Foreigner Identification Portal) မှတစ်ဆင့် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်မှာဖြစ်ပြီး ပြင်ဆင်မှုအားလုံး ပြီးစီးနေပြီးဖြစ်သလို ခရိုင်အရာရှိများကိုလည်း လေ့ကျင့်ပေးထားပြီးပါပြီ”လို့ပြောပါတယ်။ စစ်ဘေးရှောင်များရဲ့ အချက်အလက်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ဒုတိယကော်မရှင်နာများဦးဆောင်တဲ့ ခရိုင်အဆင့်ကော်မတီများက ဆောင်ရွက်မှာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး K.Sapdanga ဦးဆောင်တဲ့ ပြည်နယ်အဆင့် ကော်မတီက မှတ်ပုံတင်ရေးလုပ်ငန်းအားလုံးကို ကြီးကြပ်ကွက်ကဲသွားမှာဖြစ်ပါတယ်။ ယခုစီမံကိန်းကို အဓိကအားဖြင့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအတွင်း…

Read More

ရွေးကောက်ပွဲအလွန် မှာ လက်နက်ကိုင်လမ်းစဉ်ကို ဆက်ပြီး ဖက်တွယ်ကာ လုပ်ဆောင်နေမယ်ဆိုရင် ဒီမိုကရေစီနဲ့ သွေဖယ်နေတာကို သတိပြုကြဖို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ပြော

ဇွန်လ ၂၅ ရက်။ ရွေးကောက်ပွဲအလွန် လွှတ်တော်ပေါ်လာပြီး ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနိုင်တဲ့ချိန်မျိုးမှာ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ ဒေသစွဲ ကာ မိမိတို့ ဆန္ဒကိုယ်သာ ဦးစားပေးလုပ်ဆောင်နေတာဟာ ဒီမိုကရေစီနဲ့ သွေဖယ်နေတယ်ဆိုတာ သတိပြုကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့မှာ နေပြည်တော်မှာ စတင်ကျင်းပတဲ့ Peace Forum အခမ်းအနားဖွင့်ပွဲမှာ ပြောပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လွှတ်တော်ပေါ်ပေါက်လာပြီး ကျနော်တို့သွားချင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက် လှမ်းနိုင်တဲ့အချိန်ခါမျိုးမှာ လက်နက်ဆွဲကိုင်ပြီး မိမိတို့လိုလားချင်တာကို တောင်းဆိုတာမျိုး လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲဒေသစွဲ ဖြင့် မိမိတို့ ဆန္ဒကိုယ်သာ ဦးစားပေးလုပ်ဆောင်ဖန်တီးနေတာမျိုးတွေဟာ ဒီမိုကရေစီနဲ့ သွေဖယ်နေတယ် မှန်ကန်တဲ့လမ်းစဉ်ဟုတ်ဘူးဆိုတာကိုလည်း အလေးနက်သတိပြုကြစေလိုပါတယ် မိမိတို့လိုလားချက်တွေကို လွှတ်တော်အတွင်းမှာ ဆွေးနွေးဆုံးဖြတ်အတည်ပြုဆောင်ရွက်…

Read More

ဇိုမီး အမျိုးသားပါတီကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်တယ်လို့ ကြေညာ

ဇွန်လ ၂၅ ရက်။ နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားတဲ့ ဇိုမီးအမျိုးသားပါတီ(Zomi National Party) ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွှတ်သည်ကို စိစစ်တွေ့ရှိတာကြောင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီကနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ အဖွဲ့ ၂၇ ဖွဲ့ရှိပြီး ယင်းသို့ လျှောက်ထားသည့် အဖွဲ့ များနဲ့ ဇိုမီးအမျိုးသားပါတီ နှင့် ပအိုးဝ်အမျိုးသား ညီညွှတ်ရေးပါတီတို့ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ကြောင်း စိစစ်တွေ့ရတာကြောင့် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပါတီတည်ထောင်ခွင့်ရရှိတဲ့ ဇိုမီးအမျိုးသားပါတီသည် ခွင့််ပြုချက်ရရှိတဲ့နေ့ကစလို့ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ…

Read More

နယူးဒေလီမြို့ရှိ ရိုဟင်ဂျာခရစ်ယာန် ဒုက္ခသည်တွေကို India for Myanmar က ငွေရေးကြေးရေး ကူညီထောက်ပံ့

ဇွန်လ ၂၄ ရက်။ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရှိ ဖိနှိပ်ဖမ်းဆီးခံနေရတဲ့ ရိုဟင်ဂျာ ခရစ်ယာန်ဒုက္ခသည်တွေနဲ့အတူ တစ်သားတည်းရပ်တည်လျက် စာနာမှုပြသတဲ့ အနေနဲ့ အိန္ဒိယရှုပီးငွေ ၅၄၀၀၀ ကို ရိုဟင်ဂျာအသိုင်းအဝိုင်းခေါင်းဆောင်တွေဆီကနေ တဆင့် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ အိန္ဒိယ-မြန်မာ အရေး လေ့လာ စောင့်ကြည့်နေတဲ့ India for Myanmar အဖွဲ့က ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ India for Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ရိုဟင်ဂျာခရစ်ယာန်ဒုက္ခသည် အဖွဲ့အစည်းက ကူညီမဲ့သူမရှိတဲ့အခြေအနေဖြစ်တာမို့ ကျနော်တို့ သူတို့ကို အကူအညီပေးတာပါ ကျန်တဲ့ ရိုဟင်ဂျာ အဖွဲ့အစည်းက ကျနော်တို့ကို အဆက်အသွယ်မလုပ်တာကြောင့်လည်းပါပါတယ် ကျနော်တို့ကို ခရစ်ယာန် ရိုဟင်ဂျာ အဖွဲ့အစည်းက ဒီလိုအခက်အခဲရှိတယ်ဆိုပြီးမှ အကူအညီတောင်းလာတဲ့ခါကြတော့ ငွေကြေးရေးအကူအညီအပါအဝင် တခြားလိုအပ်တဲ့အကူအညီဟာမျိုးတွေကို…

Read More

မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်မြို့မှာ အရက်မူးပြီးရမ်းကားလေ့ရှိတဲ့မြန်မာစစ်ဘေးရှောင်လူငယ် ၂ ဦး မြန်မာပြည်ပြန်ပို့ခံရမယ်လို့ သိရ

ဇွန်လ ၂၄ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်မြို့ပေါ်မှာ စစ်ဘေးရှောင်နေတဲ့ မြန်မာစစ်ဘေးရှောင်လူငယ် (၂) ဦးဟာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားကာ ပြဿနာရှာလေ့ရှိတာကြောင့် မြန်မာနိုင်ငံကို ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးထား ပြန်ရမယ်လို့ မီဇိုးလူငယ်အသင်း (YMA) က အသိပေးထားတယ်လို့ သိရပါတယ်။ အဲဒီအမျိုးသား (၂) ဦးဟာ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ကနေ လာပြီးစစ်ဘေးရှောင်နေကြတဲ့ Lalhmachuana အသက် ၂၇ နှစ် နဲ့ Mangkarthanga အသက် ၂၀ နှစ် တို့ဖြစ်ကြတယ်လို့ မီဇိုရမ်သတင်းတွေမှာဖော်ပြချက်အရ သိရပါတယ်။ Lalhmachuana နဲ့ Mangkarthanga တို့ (၂) ဦးတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ ၊ တနင်္ဂနွေနေ့က…

Read More

CNF ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး Biak Ling ကွယ်လွန်ခြင်းပေါ် နှမြောတသဖြစ်ရကြောင်း KIO က ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ဇွန်လ ၂၄ ရက်။ ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော်(CNF/A) စတင်တဲ့ ၁၉၈၈ ကတည်းက ပါဝင်လာခဲ့သူဖြစ်ပြီး ချင်းအမျိုးသားတပ်မတော်(CNA)မှာ ၃၇ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ၊ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး Biak Ling အသက် (၆၂) နှစ် ကွယ်လွန်သွားရခြင်းအပေါ် ဝမ်းနည်းကြေကွဲ နှမြောတသဖြစ်ရတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO )က ဇွန်လ ၂၃ ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဗိုလ်မှူးကြီး Biak Ling ဟာ အရေးကြီးတဲ့ တော်လှန်ရေး တာဝန်တွေကို ဦးထိတ်ထားကာ ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးစားသွားခဲ့တဲ့ပေါ် KIO ဗဟိုကော်မတီ နှင့် တကွ KIO တပ်ဖွဲ့ဝင်တွေက လေးစားဂုဏ်ပြုအပ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးစဉ်အတွင်း ဝါရင့်တော်လှန်ရေးခေါင်းဆောင် တဦးဖြစ်တဲ့…

Read More

တီးတိန်မြို့နယ်က လေထန်ကုန်း ခေါ် Thangmual ဒေသကို စစ်ကောင်စီလေတပ်မှ ဗုံးကြဲပြီး ဒေသခံ တစ်ဦး ဒဏ်ရာ ရရှိ

ဇွန်လ ၂၄ ရက်။ ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်မှာ ကလေး-တီးတိန် လမ်းမကြီး ပေါ်ရှိ အများအပန်းဖြေရာ နေရာ တစ်ခု ဖြစ်တဲ့ တီးတိန်မြို့နယ်က လေထန်ကုန်း ခေါ် Thangmual အနီးတဝှိုက်ကို စစ်ကောင်စီ လေတပ်မှ ဗုံး နှစ်လုံး ကြဲချခဲ့တာ ကြောင့် အနီးအနား နေ ဒေသခံ တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ် လို့ ဒေသခံများ ထံမှ သိရှိရပါတယ်။ “တက်လာတဲ့ တိုက်လေယာဉ်က ဗုံး ၆ လုံးလောက် ကြဲချ ခဲ့တယ်။ နှစ်လုံးက လေထန်ကုန်း လို့ ခေါ်ကြ တဲ့ ထုတ်လိုင် လမ်းခွဲ အနားကို ကျ ပေါက်ကွဲ…

Read More

မင်းတပ် – မတူပီ ကားလမ်း ပြန်အသုံးပြုလို့ရပြီလို့ မင်းတပ် ပအဖ ထုတ်ပြန်

ဇွန်လ ၂၄ ရက်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းတပ် – မတူပီ လမ်းမှာ မြေပြိုပျက်စီးခဲ့တဲ့ လမ်းပိုင်း တွေကို ပြုပြင်ပြီးစီးသွားပြီဖြစ်လို့ ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ကစလို့ ပြန်အသုံးပြုလို့ ရပြီလို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မင်းတပ် – မတူပီ လမ်းမကြီးဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းတွေ မြေပြိုပျက်စီးခဲ့ပြီး ပျက်စီးခဲ့တဲ့ လမ်းတွေကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၁၈ ရက်နေ့ကစလို့ စက်ယန္တရားတွေနဲ့ ပြုပြင်ဆောင်ရွက်ခဲ့ပြီး လမ်းပြုပြင်ဆောင်ရွက်နိုင်ဖို့ကိုလည်း ဇွန်လ ၂၁ ရက်ကနေ ၂၈ ရက်နေ့အထိ ဖြတ်သန်းသွားလာခြင်းမလုပ်ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့တဲ့ဟာကို ပြန်ပယ်ဖျက်လိုက်တယ်လို့လည်း ဖော်ပြထားပါတယ်။ ချင်းပြည်နယ်မှာ မိုးတွင်းကာလအတွင်း ကားလမ်းတွေမြေပြိုတာ လမ်းပျက်စီးတာတွေကြောင့် မကြာခဏ…

Read More

အစ္စရေးနဲ့အီရန် အပစ်အခတ်ရပ်စဲပြီဖြစ်ပြီး အစ္စရေး-အီရန် ၁၂ ရက်ကြာစစ်ပွဲ လို့ သမ္မတထရမ့် ခေါ်ဆို

ဇွန်လ ၂၄ ရက်။ အစ္စရေး နဲ့ အီရန်အကြား အပစ်အခတ်ရပ်စဲပြီဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကာလအတွင်း ငြိမ်းချမ်းစွာ တစ်ဖက်နဲ့တစ်ဖက် လေးစားမှုဖြင့် နေထိုင်ရမှာဖြစ်ပြီး အပစ်အခတ်ရပ်စဲမှု စနစ်တကျအလုပ်ဖြစ်သွားပါက “၁၂ ရက်ကြာ စစ်ပွဲ” လို့ ခေါ်ဆိုရမယ့်အရာကို အဆုံးသတ်နိုင်တဲ့ ဇွဲ၊ သတ္တိနှင့် ဉာဏ်ပညာရှိသော နိုင်ငံနှစ်ခုလုံးဖြစ်တဲ့ အစ္စရေးနဲ့ အီရန်တို့ကို ကျွန်ုပ် ဂုဏ်ပြုလိုပါတယ် လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားကြောင်း ဇွန်လ ၂၄ ရက် ဒီကနေ့ မနက်မှာ အိမ်ဖြူတော်ကထုတ်ပြန်ပါတယ်။ အစ္စရေးနဲ့ အီရန်အကြား ၎င်းတို့၏ ဆက်လက်လုပ်ဆောင်နေတဲ့ နောက်ဆုံးမစ်ရှင်များကို ခြောက်နာရီအတွင်း လျှော့ချပြီးစီးတဲ့အခါ အပစ်အခတ်ရပ်စဲရေးကို ၁၂ နာရီကြာပြုလုပ်မည်ဖြစ်ပြီး ထိုအချိန်တွင် နှစ်ဖက်စစ်ပွဲပြီးဆုံးပြီလို့ သတ်မှတ်မှာဖြစ်ကြောင်း နှစ်ဖက်နိုင်ငံစလုံးက လုံး၀သဘောတူညီခဲ့ပြီးဖြစ်တယ်လို့ အိမ်ဖြူတော်လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါတယ်။ တရားဝင်အားဖြင့်…

Read More