UFC ပြိုင်ပွဲမှာ ချင်းလူငယ် ဖိုက်တာ Joshua Van ဘရာဇီးဖိုက်တာကို အလဲထိုးပြီး အနိုင်ယူ
ဇွန်လ ၈ ရက်။ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ် ပရူဒန်ရှယ် စင်တာမှာ ကျင်းပတဲ့ UFC 316 ပြိုင်ပွဲမှာ ချင်းလူငယ် ဖိုက်တာ Joshua Van က ပြိုင်ဘက် ဘရာဇီးဖိုက်တာ ဘရူနိုဆီလ်ဗာကို တတိယအချီမှာ အလဲထိုးပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီကနေ့UFC ပွဲစဉ်မှာ Joshua Van ဟာ အချီတိုင်းမှာ ဘရူနိုကို လဲကျစေခဲ့ပြီး ကောင်းမွန်တဲ့ လက်သီးထိုးချက်တွေအပြင် ရှင်းလင်းပြတ်သားတဲ့ ထိုးကွက်တွေဟာ ကြည့်ရှုသူတွေကို နှစ်ခြိုက်စေခဲ့တာပါ။ အသက် ၂၃ နှစ်ပဲရှိသေးတဲ့ ဗန်ဟာ UFC ရဲ့ စောင့်ကြည့်ရမယ့် ကြောက်စရာ ဖိုက်တာတစ်ယောက်၊ ချန်ပီယံလောင်းအဖြစ်လည်း ဒီကနေ့ပွဲအပြီး ရှုမြင်ခံနေရပြီဖြစ်ပါတယ်။ မြန်မာပရိသတ် အများအပြားကလည်း အားပေးနေကြတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ…

