Headlines

admin

UNHCR ကဒ် ပြန်လည်မရရှိသေးတဲ့ မလေးရှားမှ ချင်းဒုက္ခသည်များ အမည်စာရင်းပြန်ပေးရန် ICC ထုတ်ပြန်

ဇူလိုင်လ ၉ ရက်။ မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကဒ်အသိမ်းခံရပြီး အသနားခံစာတင်ပေမယ့် ကဒ်ပြန်လည်မရရှိသေးသူတွေအနေနဲ့ ဇူလိုင်လကုန်နောက်ဆုံးထားပြီး မိမိ အသနားခံစာတင်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှာ အမည်စာရင်းများ ပြန်လည်ပေးအပ်ဖို့ Independent Chin Communities (ICC) ကဇူလိုင် (၈) ရက်နေ့မှာ အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။ UNHCR ရဲ့ Chin Cessation Policy ခေါ် ချင်းဒုက္ခသည်များ ဒုက္ခသည်အဖြစ်မှ ရပ်ဆိုင်းခြင်းကာလ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များအတွင်း UN ကဒ်များ မတရားအသိမ်းခံရပြီး ကဒ်များပြန်ပေးရန် မိမိအဖွဲ့အစည်းများမှ အသနားခံစာတင်ပေမယ့် ယနေ့ချိန်ထိ ပြန်မရရှိသေးတဲ့ (13C-UNHCR ကဒ်ကိုင်) မလေးရှားရောက် ချင်းဒုက္ခသည်များ အနေဖြင့် မိမိအသနားခံစာတင်ခဲ့တဲ့ အဖွဲ့အစည်းများ ထံ အမည်စာရင်းနဲ့ အချက်အလက်များ…

Read More

ဇိုမီးအမျိုးသားပါတီမှ အသုံးပြုမယ့် ပါတီ အမည်၊ အလံ နှင့် တံဆိပ်ကို ၇ ရက်အတွင်း ကန့်ကွက်နိုင်

ဇူလိုင်လ ၈ ရက်။ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ဇူလိုင်လ ၃ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့တဲ့ ဇိုမီးအမျိုးသားပါတီ(ZNP) မှ အသုံးပြုရန် တင်ပြခဲ့ကြသည့် ပါတီ အမည်၊ အလံ နှင့် တံဆိပ်များကို ကန့်ကွက်လိုပါက ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ဇူလိုင် ၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ စစ်ကောင်စီ လက်အောက်ခံ မီဒီယာများမှ တဆင့် ကြေငြာခဲ့ပါတယ်။ ဇိုမီးအမျိုးသားပါတီရဲ့ ပါတီအမည်၊ အလံ နှင့် တံဆိပ် တို့ကို ကန့်ကွက်လိုပါက ယခု ကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက် နိုင်ပါကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်း…

Read More

ကလေးမြို့နယ်က တောထဲက စစ်ဘေးရှောင်တွေ အရေပြားရောဂါနဲ့ ရာသီတုပ်ကွေး အဖြစ်များနေကြတယ်လို့ သိရ

ဇူလိုင်လ ၈ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေမှာ အရေပြားရောဂါနဲ့ ရာသီတုပ်ကွေး အဖြစ်များနေကြပြီးလမ်းပန်းဆက်သွယ်ရေး ခက်ခဲကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်း အခက်အခဲရှိသလို နဲ့ ဆေးဝါးပြတ်လပ်တာတွေကြောင့် လည်း အခက်ခဲတချို့ရှိနေတယ်လို့ စစ်ဘေးရှောင်တွေရဲ့ကျန်းမာရေးကိုကူညီနေတဲ့ People’s Healthcare Network (Kalay ) ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ People’s Healthcare Network (Kalay ) ကတာဝန်ရှိသူတစ်ဦးက “အရေပြားရောဂါနဲ့ ရာသီတုပ်ကွေးတွေ အဖြစ်များနေပါတယ် ကလေးမြို့နယ် တောင်ပိုင်းက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ အဖြစ်များနေတယ် ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာနဲ့ တချို့ ဆေးဝါးတွေ ပြတ်လပ်နေတာကြောင့် အခက်ခဲတချို့ရှိနေပါတယ် ရာသီတုပ်ကွေးကြောင့် သေဆုံးလူနာအထိတော့ ပြင်းထန်တာမျိုးမရှိသေးပါဘူး” လို့ပြောပါတယ်။ ကလေးတောင်ပိုင်းက အရှေ့စည်း၊ တင်သား၊ ဒိုးနွယ်၊…

Read More

ချင်းလူမျိုး စီးပွါးရေးပညာရှင် ဒေါက်တာရွှေဟိန်း ရေးသားတဲ့ ချင်းပြည်နယ်အတွက် မဟာ စီမံကိန်းများနဲ့ မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ စာအုပ်များမိတ်ဆက်ပွဲပြုလုပ်

ဇူလိုင်လ ၇ ရက်။ ချင်းလူမျိုး စီးပွါးရေးပညာရှင် ဒေါက်တာရွှေဟိန်း ကိုယ်တိုင်ပြုစုရေးသားထုတ်ဝေတဲ့ အတ္ထုပတိ စာအုပ်အပါအဝင် ချင်းပြည်နယ်ရဲ့ မဟာစီမံကိန်းများနဲ့ မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ စာအုပ်များ မိတ်ဆက်ပွဲကို ဇူလိုင်လ ၅ ရက်နေ့မှာ ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ၊ လိုင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ စီးပွါးရေးပညာရှင် ဒေါက်တာရွှေဟိန်း ရေးသားပြုစုတဲ့ “Resilient Myanmar & Chin State Master Plan (2025–2045)”, “Unbroken: The Life Journey of Dr. Shwe Hein – A Barefoot Man from Myanmar”, “Thilawa Special Economic Zone and Myanmar’s Economic Prospects”, “Sow…

Read More

အချင်းချင်းပဋိပက္ခဖြစ်စေတဲ့ ဘယ်ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းကိုမှ အားပေးထောက်ခံမှာ မဟုတ်ဘူးလို့ CDF – Paletwa ထုတ်ပြန်

ဇူလိုင်လ ၇ ရက်။ တော်လှန်ရေးကာလအတွင်း လူမျိုးနွယ်စု၊ ဒေသ ကိစ္စရေးတွေမှာ လုံးဝ ဝင်ရောက်စွက်ဖက်ပူးပေါင်းပါဝင်ဖို့ အားမပေးကြောင်းနဲ့ အချင်းချင်း ပဋိပက္ခဖြစ်စေတဲ့ မည်သည့် ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းကိုမျှ အားပေးထောက်ခံမှာ မဟုတ်ဘူးလို့ Chinland Defense Force – Paletwa ( CDF – Paletwa) က ဒီကနေ့ ဇူလိုင်လ (၇) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ချင်းပြည်လွတ်မြောက်ရေး အမျိုးသားတည်ဆောက်ရေးလမ်းစဉ်နဲ့ အာဏာရှင်စနစ်ဟူ သမျှ တိုက်ဖျက်ရေးတို့မှာ ရည်မှန်းချက်တူ တော်လှန်ရေး တပ်ဖွဲ့တွေ နဲ့ ဆက်လက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိ ချင်းပြည်တွင်း ဖြစ်ပွားနေတဲ့ လူမျိုးချင်းတူ ညီအစ်ကိုကြား သွေးထွက်သံယိုမှုကိစ္စဟာ ချင်းလူမျိုးတွေရဲ့ သွေးစည်းညီညွှတ်ရေး လမ်းစဉ်ကို လွန်စွာထိခိုက်စေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။…

Read More

ရိဒ်ခေါဒါရ်မြို့ကို CNO / CNDF က သိမ်းပိုက်ပြီး CNO / CNDF ဌာနချုပ်ကို CNF/A က ပြန်သိမ်းတယ်လို့ CNO/CNDF ကဆို

ဇူလိုင်လ ၇ ရက်။ အိန္ဒိယ-မြန်မာနယ်စပ်က ဖလမ်းမြို့နယ်၊ရိဒ်ခေါဒါရ်မြို့ကို ဇူလိုင် ၅ ရက်က ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/ CNDF) က သိမ်းပိုက်လိုက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF/CNA) ကလည်း မနေ့ ဇူလိုင် ၆ ရက်မှာ ဖလမ်းမြို့နယ်ထဲက CNO/CNDF ဌာနချုပ်ကို ပြန်သိမ်းလိုက်တယ်လို့ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က “ကျတော်တို့ ရိဒ်ခေါဒါရ်အကုန်လုံးကို ကျနော်တို့ CNO/ CNDF က ထိန်းချုပ်ထားတဲ့ အခြေအနေမှာရှိပါတယ် အခုလက်ရှိအခြေနေမှာ မနေ့ညက CNA က ဘာမှမဆိုင်ဘဲနဲ့ ကျနော်တို့ ဌာနချုပ်ဘက်ကို အလစ်ငိုက် သိမ်းသွားတာရှိပါတယ် နောက်ပြီး ဖလမ်းဘက်ကိုလည်း သိမ်းဖို့ရန်အတွက် ချီတက်လာတာရှိပါတယ်” လို့ပြောပါတယ်။ HPO/CDF-Hualngoram ထိန်းချုပ်ထားတဲ့…

Read More

တီးတိန်မြို့နယ် မွာလ်ပီးရွာက စစ်ကောင်စီတပ်စခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့ကသိမ်းပိုက်

ဇူလိုင်လ ၆ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးပြီး ခြေကုပ်ယူထားတဲ့ တီးတိန်မြို့နယ်၊ စီးယင်းဒေသ မွာလ်ပီးကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မနေ့ဇူလိုင်လ ၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ကလေးမြို့နယ်အစပ် ခိုင်ကမ်းထိ ဆုတ်သွားတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF/A) ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF/A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ မွာလ်ပီးကျေးရွာမှာ ခြေကုပ်ယူထားတဲ့ စကစ စခန်းတွေကို သိမ်းပိုက်နိုင်တယ်ဆိုတာ အတည်ပြုလို့ ရပါတယ် ဒါပေမယ့် စကစတွေ ကလေးနယ်စပ် ခိုင်ကမ်းကို ဆုတ်ကြတာပါ”လို့ပြောပါတယ်။ ကလေးမြို့နဲ့ ၁၇ မိုင်အကွာ ကလေး-သိုင်းငင်းလမ်းပေါ်က မွာလ်ပီးကျေးရွာမှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီစခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည် (Chinland)ကောင်စီတပ်ဖွဲ့ ၊…

Read More

မလေးရှားမှာ ချင်းလူမျိုးများ မဆင်မခြင် နေထိုင်ပြုမူမူများကြောင့် ဖမ်းဆီးခံရပါက တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်း ICC ထုတ်ပြန်

ဇူလိုင်လ ၅ ရက်။ မလေးရှားရောက် ချင်းလူမျိုးများအနေနဲ့ မဆင်မခြင် နေထိုင်ပြုမူမှုများကြောင့် ဖမ်းဆီးခံရမှုများကြုံတွေ့ပါက Independent Chin Communities (ICC) များဖြစ်တဲ့ ACR, CRC, DCM, FRO နဲ့ ZAM တို့အနေဖြင့် တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ကြောင်း ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ ယခုလက်ရှိတွင် မြန်မာဒုက္ခသည်များ၊ အထူးသဖြင့် ချင်းလူမျိုးများနေထိုင်ရာ အိမ်ယာ၊ တိုက်ခန်း၊ ရပ်ကွက်တိုင်းတွင် အနေအထိုင် မဆင်မခြင်မှုများ၊ စည်းမဲ့ကမ်းမဲ့နေထိုင်သွားလာသောက်စားမှုကြောင့် မလေးရှားနိုင်ငံသားများမှ တိုင်းကြားမှုများရှိနေတယ်လို့ အသိပေးချက်စာမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အရက်မူးယစ်ပြီး‌ အော်ဟစ်ခြင်း၊ စကားများခိုက်ရန်ဖြစ်ပွားခြင်း၊ ညအချိန်မတော် လမ်းဘေးထိုင်ကာ အရက်သေစာသောက်စားခြင်း၊ လမ်းဘေးတွင်အိပ်ခြင်း၊ ညအချိန်မတော် လမ်းဘေးနဲ့ လူနေအိမ်အောက်များတွင် မူးယစ်ပြီး အော်ဟစ်ခြင်း၊ ဘောလုံးပွဲများအချိန်လွန်ကြည့်ခြင်း၊ ဘုရားကျောင်းတက်ဆင်းချိန်တွင်…

Read More

Zomi National Party Applies for Registration Under the Leadership of U Thang Sian Khai

July 4 The Zomi National Party (ZNP), led by U Thang Sian Khai, has submitted an application to register as a political party, according to reports from military-controlled media. The application was submitted to the Union Election Commission (UEC) on July 3. According to the reports, the Zomi National Party applied in accordance with Article…

Read More

HPO/ CDF – Hualngoram နဲ့ CNO / CNDF တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးမယ်

ဇူလိုင်လ ၅ ရက်။ ဖလမ်းမြို့နယ်မှာ ဇူလိုင် ၂ ရက်ကစပြီးတောက်လျှောက် ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့ HPO/ CDF – Hualngoram တပ်ဖွဲ့နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) တို့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့မှာ ဒီကနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က “ဟုတ်ပါတယ် မီဇိုရမ်အစိုးရလို့ဘဲပြောရမှာပေါ့ Adyocacy Group for peace (ငြိမ်းချမ်းရေးတွက် လှုပ်ရှားဆောင်ရွက်တဲ့အဖွဲ့) က ၂ ဖက်စလုံးကို ဆွေးနွေးကြမယ်ပေါ့လေ အဲလိုပုံစံနဲ့ သူတို့ဘက်ကနေ ကမ်းလှမ်းတဲ့ဟာရှိပါတယ် ဆိုတော့ ၂ ဦး နှစ်ဖက်ကြားမှာ သူတို့ဘက်ကနေ ကြားဝင်ဖြန်ဖြေပေးတဲ့ပုံစံဖြစ်တယ်။၂ ဦးနှစ်ဖက်တွေ့ဆုံပြီး ဘယ်လိုပုံစံနဲ့…

Read More