Headlines

admin

မီဇိုရမ်ပြည်နယ်မှာ မြန်မာဒုက္ခသည် ၃၂,၀၀၀ ကျော်ရဲ့ ဇီဝဆိုင်ရာအချက်အလက် မှတ်ပုံတင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ဇူလိုင် ၃ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ပြည်နယ်အစိုးရစာရင်းအရ လက်ရှိခိုလှုံလျက်ရှိတဲ့ မြန်မာနိုင်ငံသား ၃၂,၀၀၀ ကျော်ရဲ့ ဇီ၀ဆိုင်ရာအချက်အလက် (Biometric) မှတ်ပုံတင်ခြင်း လုပ်ငန်းကိုစတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှုးက ဇူလိုင်လ (၂) ရက်နေ့မှာ တရားဝင်ပြောကြားခဲ့ ေကြာင်း India Today သတင်းဌာနမှာဖော်ပြပါတယ်။ မီဇိုရမ်ပြည်နယ်၊ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူး Andrew H. Vanlaldika က “ဇီဝဆိုင်ရာ အချက်အလက် မှတ်ပုံတင်ခြင်းဟာ မြန်မာဒုက္ခသည်တွေကို သတ်မှတ်ဖော်ထုတ်ဖို့ သီးသန့်ရည်ရွယ် တာဖြစ်ပြီး ၎င်းတို့ရဲ့နိုင်ငံကို နှင်ထုတ်ခြင်းကို မဆိုလိုပါဘူး” လို့ပြောပါတယ်။ ဇီဝဆိုင်ရာနဲ့ လူဦးရေဆိုင်ရာ အချက်အလက်များ စုဆောင်းခြင်းကို ဤလအတွင်း ခရိုင် ၁၁ ခုလုံး၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့များက သင်တန်းများ ပေးခဲ့ပြီးဖြစ်ကာ ကွန်ပျူတာနဲ့…

Read More

ချင်းပြည်မှာတာဝန်ထမ်းဆောင်ဖို့ သူနာပြုနဲ့ သားဖွားသင်တန်း ဒီပလိုမာ ဒုတိယအသုတ် ထပ်မံခေါ်ယူ

ဇူလိုင် ၃ ရက်။ ချင်းပြည်နယ်အတွင်း ကြုံတွေ့နေရတဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ် ရှားပါးခြင်း ကျော်လွှားနိုင်ရန် နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွှမ်းခြုံမှု ပိုပေးနိုင်ဖို့ သူနာပြုနဲ့ သားဖွားသင်တန်း ဒီပလိုမာ ဒုတိယအသုတ်ကို ထပ်မံခေါ်ယူမယ်လို့ Chinland Council က ဖွဲ့စည်းထားတဲ့ ချင်းပြည် ( Chinland) အစိုးရ ရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။ သူနာပြုနဲ့ သားဖွားသင်တန်း ဒီပလိုမာ ဒုတိယအသုတ်ကို လူဦးရေ အယောက် ၇၀ လက်ခံမှာဖြစ်ပြီး သင်တန်းပြီးမြောက်ရင် ချင်းပြည်တွင်း အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူတွေ ဖြစ်ရမယ်လို့လည်း ကြေညာထားပါတယ်။ တက်ရောက်မယ့်သူတွေအနေနဲ့ ၂၀၂၁ မတိုင်မီတက္ကသိုလ်ဝင်တန်း အောင်သူတွေနဲ့ ၂၀၂၁ နောက်ပိုင်း NUG…

Read More

ဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းက မလေးရှားနိုင်ငံရဲ့ လုပ်သားလိုအပ်မှုများကို ဖြေရှင်းနိုင်တယ်လို့ UNHCR ကိုယ်စားလှယ်ပြော

မလေးရှားနိုင်ငံအတွင်း အလုပ်အကိုင်နဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံကိုရောက်လာတဲ့ ဒုက္ခသည်များကို တရားဝင် အလုပ်လပ်ကိုင်ခွင့်ပြုခြင်းအားဖြင့် လုပ်သားလိုအပ်ချက်ကို ဖြေရှင်းနိုင်တယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) ရဲ့ကိုယ်စားလှယ် Louise Aubin က New Straits Times ကိုပြောပါတယ်။ Louise Aubin က ဒုက္ခသည်များကြုံတွေ့နေရတဲ့ အခက်အခဲများမှာ လုပ်ခနည်းပါးခြင်း (သို့) လုံး၀အလုပ်မရှိခြင်း၊ ဘေးအန္တရယ် မရှိတဲ့ အလုပ်လုပ်ခွင့်အခြေအနေများတွင် တရားဝင် စာချုပ်ချုပ်ဆိုမှုများမရှိခြင်းကြောင့် အလုပ်သမားများ မတရားထုတ်ပယ်ခံရတာမျိုးရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း ဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းအားဖြင့် ခေါင်းပုံဖြတ်ခြင်းနဲ့ အလွဲသုံးစားမှုအပြုခံရခြင်းမှာ ကာကွယ်မှုလည်း တိုးတက်စေမယ်လို့ပြောပါတယ်။ သူမက မလေးရှား UNHCR မှာမှတ်ပုံတင်ထားတဲ့ ဒုက္ခသည် ၆၉ ရာခိုင်နှုန်းဟာ အလုပ်လုပ်နိုင်တဲ့အရွယ်တွေဖြစ်ပြီး လုပ်သားအင်အားလိုအပ်မှုမှာ ပံ့ပိုးနိုင်သူများဖြစ်တယ်လို့ ဆိုပါတယ်။ IDEAS သုတေသနအဖွဲ့ရဲ့ ၂၀၂၄ ခုနှစ်အစီရင်ခံစာအရ ဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ခွင့်ပေးပြီး…

Read More

ရူပီး ၆.၆၇ ကုဋေတန်ဖိုးရှိ မူးယစ်စိတ်ကြွဆေးပြား၂ သောင်း ကျော်နဲ့အတူ မြန်မာနိုင်ငံသားတစ်ဦးကို မြန်မာပြည်နယ်စပ်နား ဇိုခေါထာရ်မှာဖမ်းဆီးရမိ

ဇူလိုင်လ ၂ ရက်။ အိန္ဒိယ ရူပီးငွေ ၆.၆၇ ကုဋေတန်ဖိုးရှိ မက်သာအမ်ဖက်တမင်း မူးယစ်စိတ်ကြွဆေးပြား၂ သောင်း ကျော်ကို မြန်မာနိုင်ငံသားတစ်ဦးနဲ့ အတူ အိန္ဒိယ-မြန်မာနယ်စပ်နား ကျန်ဖိုင်းခရိုင်၊ ဇိုခေါထာရ်မှာ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ အာသံရိုက်ဖယ်တပ်ဖွဲ့တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးတစ်ခုမှာ ဖမ်းမိတယ်လို့ ဇူလိုင်လ (၁) ရက်နေ့မှာ India Today သတင်းဌာနမှာဖော်ပြပါတယ်။ ဇွန်လ (၂၉) ရက်နေ့ တိကျတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်အရ အိန္ဒိယ-မြန်မာနယ်စပ်၊ ဇိုခေါထာရ်ရွာမှာ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့ နှစ်ဖွဲ့ပူးပေါင်းပြီး လျှင်မြန်စွာ စစ်ဆေးရေးဂိတ်တစ်ခုကို ပြုလုပ်ပြီး ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက သံသယဖြစ်ဖွယ် မြန်မာနိုင်ငံသားတစ်ဦးကို ကြားဖြတ်ဖမ်းဆီးခဲ့ပြီး ၎င်းနဲ့အတူ ခန့်မှန်းခြေ ၂.၂၂ ကီလိုဂရမ် အလေးချိန်ရှိ မက်သာအမ်ဖက်တမင်းဆေးပြား ၂၀၂၀၀ ပြားကိုတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော်…

Read More

ကလေးမြို့က ဘီယာဆိုင်မှာ လူငယ်တွေကို စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွား

ဇူလိုင်လ ၂ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လကနေ စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းဖို့ လူငယ်တွေကိုလိုက်လံဖမ်းဆီးနေတယ်လို့ သတင်းများထွက်ပေါ်နေပြီး ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းမှာ စမ်းမြို့ရပ်ကွက်က ဘီယာဆိုင်တဆိုင်မှာ ထိုင်နေတဲ့ လူငယ် ၄/ ၅ ယောက်ဝန်းကျင်ကို အရပ်ဝတ်၊ အိမ်စီးကားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင် သွားတာကို ကလေးမြို့ဒေသခံတစ်ဦးက သူမျက်မြင် တွေ့ခဲ့တယ်လို့ Chin World Media ကိုပြောပါတယ်။ ဒေသခံ မျက်မြင်တစ်ဦးက “ဖမ်းတာက နေ့တိုင်းလိုလိုကိုဖမ်းနေကြတယ် ဟိုတနေ့က စမ်းမြို့ရပ်ကွက်က အရက်ဆိုင်ကနေ လူငယ်တွေကို ညနေလောက်မှာ ဆွဲတာ ကျနော်ကိုယ်တိုင်မြင်လိုက်တယ် 4w ကားနဲ့ လူငယ် လေးငါးယောက်လောက်ပါသွားတယ် ဟိုတလောကဆိုရင် ရပ်ကွက်ထဲက ခြင်းဝိုင်းကို ဝင်ပြီးဖမ်းသွားတယ် အကျီချွတ်တွေနဲ့ ပါသွားတယ်…

Read More

UFC ရဲ့ ဖလိုင်းဝိတ်တန်းမှာ ချင်းလူငယ်ဖိုက်တာ Joshua Van အဆင့် ၁ တိုးမြင့်သတ်မှတ်ခံရ

ဇူလိုင် ၂ ရက်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ UFC 317 ဖလိုင်းဝိတ်တန်းပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ အမေရိကန်ဖိုက်တာ Brandon Royval တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲကို ဇွန်လအတွက် အကောင်းဆုံးပွဲ Fight of the Month အဖြစ် ကမ္ဘာကျော် ကိုယ်ခံပညာသိုင်းပေါင်းစုံ MMA ပြိုင်ပွဲတွေကျင်းပနေတဲ့ UFC က ရွေးချယ်လိုက်ကာ၊ယခုအချိန်ကစပြီး UFC ရဲ့ ဖလိုင်းဝိတ်တန်းမှာ ချင်းလူငယ်ဖိုက်တာ Joshua Van ကို အရည်အချင်းသတ်မှတ်ချက် Ranking အဆင့် ၁ တိုးမြင့်သတ်မှတ်လိုက်ကြောင်းသိရပါတယ်။ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC ဖလိုင်းဝိတ်တန်းရဲ့အဆင့် ၁ သတ်မှတ်ခံရတဲ့ အမေရိကန်ဖိုက်တာ…

Read More

ဗဟိုမီဇိုလူငယ်အသင်း(CYMA)က ၅ လအတွင်းဖမ်းဆီးရမိတဲ့ ရူပီး သိန်း ၄၂၉.၂၇ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီး

ဇူလိုင်လ ၁ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ဗဟိုမီဇိုလူငယ်အသင်း(CYMA) ရဲ့ လက်အောက်ခံ ဗဟိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (CADS)ကဦးစီးပြီး မီဇိုရမ် ပြည်နယ်အတွင်း ဖမ်းဆီးရမိတဲ့ ရူပီး သိန်း ၄၂၉.၂၇ တန်ဖိုးရှိမူးယစ်ဆေးဝါးများဖျက်စီးခြင်း အစီအစဉ်တစ်ရပ်ကို ဇွန်လ (၃၀) ရက်နေ့က မြို့တော်အိုင်ဇော်လ်မြို့ရှိ YMA ခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ India Today မီဒီယာကဖော်ပြပါတယ်။ CYMA အတွင်းရေးမှုး Prof. Malsawmliana က ဖမ်းစီးရမိတဲ့ မူးယစ်ဆေးဝါးဖမ်းဆီးထားမှုနဲ့ပတ်သက်ပြီး စာရင်းများကို တင်ပြခဲ့ရာ ၂၀၂၅ မတ်လကနေ ဇွန်လကုန်အထိ ငါးလအတွင်း ဘိန်းဖြူ (နံပါတ် ၄): ၈၆၁ ယူနစ်၊ တစ်တက် ဆေးပြားများ: ၁,၄၉၈ ပြား၊ မက်သာအမ်ဖက်တမင်း: ၁၀ ကီလိုဂရမ်၊ ဆေးဝါးပြားများ:…

Read More

မီဇိုရမ်ပြည်က ရေဘေးသင့် စစ်ဘေးရှောင်ပလက်ဝဒေသခံတွေရဲ့ နေအိမ်ပြန်လည်တည်ဆောက်ရေးအပြင် အခြေခံစားနပ်ရိက္ခာ ၊ ဆေးဝါးတွေ အကူအညီ လိုအပ်လျက်ရှိနေ

ဇူလိုင်လ ၁ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်၊ တွီဒင်း၊ ကာကီနဲ့ လောင်ဆွီးကျေးရွာတွေမှာ ရေဘေးသင့်နေတဲ့ စစ်ဘေးရှောင် ပလက်ဝဒေသခံတွေအတွက် နေအိမ်ပြန်လည်တည်ဆောက်နိုင်ရန် သစ်ဝါး၊ ရေပုံးတွေနဲ့ အခြေခံစားနပ်ရိက္ခာတွေ ၊ ဆေးဝါးတွေ လိုအပ်လျက်ရှိနေတယ်လို့ ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူညီရေးဌာန ရဲ့ဇွန်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ဘေးရှောင် ရေးဘေးသင့်ပလက်ဝဒေသခံတွေကို ဇွန်လ ၂၇ ရက်နေ့က ကာကီစခန်းကို ဆန် (၁၀၇)အိတ်၊ လောင်းပဆူးစခန်း ဆန် (၂၅) အိတ်၊ တွီဒင်းစခန်းကို ဆန် (၁၀၇) အိတ် စုစုပေါင်း ဆန်အိတ် အပြင် ဆား (၁၀၀) အိတ်၊ ဆီ (၄၈)ဘူးနဲ့ နေအိမ်လုံးဝပျက်စီးသွားတဲ့ နေအိမ် ၈၅ ဆောင်အတွက် တစ်အိမ်ထောင်ကို…

Read More

နေပြည်တော်မှာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ အိန္ဒိယနိုင်ငံ ကိုယ်စားလှယ် အဖြစ် ချင်း(ဇို)မျိုးနွယ်စုဝင် ပညာရှင်တစ်ဦး ပါဝင်တက်ရောက်ခဲ့

ဇွန်လ ၃၀ ရက်။ ဇွန်လ ၂၅ ရက်ကနေ ၂၇ရက်နေ့ အထိ နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဖိုရမ် (Peace Forum 2025) မှာပါဝင်တက်ရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ် ၄ ဦးထဲမှာ အိန္ဒိယဖွားချင်း(ဇို)မျိုးနွယ်စုဝင် ပညာရှင် တစ်ဦးဖြစ်တဲ့ Professor Dr Kham Khan Suan Hausing လည်း ပါဝင် တက်ရောက်ခဲ့တယ် လို့ သိရပါတယ်။ Professor Kham Khan Suan Hausing ဟာ အိန္ဒိယ နိုင်ငံ ဟိုက်ဒရာဘတ် တက္ကသိုလ် (UoH) ရှိ နိုင်ငံရေးသိပ္ပံဌာန နှင့် လူမှုရေး သိပ္ပံကျောင်း တို့တွင်…

Read More