၁ လ နီးပါးရပ်နားခဲ့တဲ့ ကလေး-ဟားခါး ယာဥ်လိုင်းများ ကားခ ၃ သိန်းဖြင့် ကားလိုင်း ပြန်ဆွဲ
ဒီဇင်ဘာလ ၉ ရက်။ ဖလမ်းမြို့တွင်း တိုက်ပွဲကြောင့် ကလေး-ဟားခါး ယာဉ်လိုင်းများ တစ်လ နီးပါး ရပ်နားခဲ့ရာမှ ဒီဇင်ဘာလ ကနေ စပြီး ရိဒ်ခေါဒါရ် ဘက်ကို ပတ်ပြီး ကလေး-ဟားခါး ကားခ ၃ သိန်းဖြင့် ခရီးသည်တင် ကားများ ပြန်လည် ပြေးဆွဲ နေပြီ လို့ ကလေးမြို့ ဒေသခံများ ထံမှ သိရှိခဲ့ရပါတယ်။ “သိရှိသလောက် ကတော့ ရွှေလွင်ပြင် ယဉ်လိုင်း တစ်ခုသာ ပြေးဆွဲ နေပါတယ်။ ကားခ ၃ သိန်းပေးရပါတယ်။ လမ်းမှာ တစ်ည အိပ်ရပါတယ်” လို့ ခရီးသွား ပြည်သူတစ်ဦး ထံမှ သိရှိခဲ့ပါတယ်။ တိုက်ပွဲ ဖြစ်ပွား နေတဲ့ ဖလမ်းမြို့ကို မည်သည့် ယာဉ်မှ ဖြတ်သန်း…

