ချင်းပြည်(Chinland)အစိုးရရဲ့ဆေးရုံ၊ဆေးခန်းတွေမှာတာဝန်ထမ်းဆောင်ဖို့ NUG အစိုးရက ကျန်းမာရေးဝန်ထမ်း ကဏ္ဏ ၁၆ နေရာအတွက် အလုပ်ခေါ်ယူ
ဇန်နဝါရီလ ၉ ရက်။ Chinland Council ကဖွဲ့စည်းပေးထားတဲ့ချင်းပြည် (Chinland) အစိုးရ ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်း ကဏ္ဏ ၁၆ နေရာအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ( NUG)၊ ကျန်းမာရေးဝန်ကြီးဌာနကအလုပ်ခေါ်ယူမယ်လို့ ဇန်နဝါရီလ ၈ ရက်နေ့က စာထုတ်ပြန်ထားပါတယ်။ ချင်းပြည် (Chinland) အစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ အထူးကုဆရာဝန်တွေ၊ သွားနဲ့ခံတွင်း အထူးကုဆရာဝန်နဲ့ သွားခံတွင်းဆရာဝန်တွေ၊ ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားတွေ၊ အထူးပြုသူနာပြုတွေ၊ သူနာပြုတွေ၊ ဘဏာရေးနဲ့ စီမံရေးအရာရှိ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များက ဒီပလိုမာဘွဲ့ရရှိသူတွေ၊ ဆေးဝါးတက္ကသိုလ်တွေက ဘွဲ့ရသူတွေ၊ ဆေးနဲ့ ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ရသူတွေ၊ ကျန်းမာရေးမှူးတွေ၊ အမျိုးသမီးကျန်းမာရေးဆရာမတွေ(LHV)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် – ၁…

