အိန္ဒိယ – မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်တွေ တင်းကြပ်လွန်းတဲ့အတွက် မီဇိုရမ်ပြည်ကချင်းစစ်ဘေးရှောင်တွေ စိုးရိမ်ပူပန်မှုများလာ
မတ်လ ၁၈ ရက်။ အခု ၂၀၂၅ ခုနှစ် ဇန်န၀ါရီလကစပြီးအိန္ဒိယ-မြန်မာနယ်စပ်လွတ်လပ်စွာဝင်ထွက်သွားလာခွင့်စနစ် Free Movement Regime (FMR) ဖျက်သိမ်းပြီး အိန္ဒိယ – မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်တွေကို အရမ်းတင်းကြပ်လာတဲ့အပေါ် အိန္ဒိယဘက်ခြမ်းကို စစ်ဘေးရှောင်နေရတဲ့ ချင်းစစ်ဘေးရှောင်တွေအနေနဲ့ နေထိုင်ခိုလှုံခွင့်မပေးတော့မှာတွေအတွက်ပါ စိုးရိမ်ပူပန်နေရကြောင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေတဲ့သူတွေဆီကနေ သိရပါတယ်။ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အမှတ် (၂) တံတားကနေ စီးပွားရေးသမားတချို့က မှောင်ခိုလုပ်ငန်းတွေ အကြီးအကျယ် လုပ်တာကြောင့် လွတ်လပ်စွာဖြတ်သန်းခွင့်ကို အိန္ဒိယဘက်က ပိုတင်းကြပ်လိုက်တာဖြစ်ပြီး ဒုက္ခတကယ်ရောက်ပြီး စစ်ဘေးရှောင်နေရတဲ့ သူတွေအတွက် များစွာ အခက်ခဲကြုံရတယ်လို့လည်း ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောပါတယ်။ ဇိုခေါ်ဒါရ်မြို့မှာ စစ်ဘေးရှောင်နေသူတစ်ဦးက “မြန်မာပြည်မှာနေဖို့ အဆင်မပြေတော့လို့ ကိုယ့်အသက်ရှင်ဖို့အတွက်ကို လာပြီးနေတဲ့သူတွေအတွက်တော့…

