ချင်းလူမျိုးများ နေထိုင်သည့် ရက္ခိုင်ပြည်၊ တရွေချောင်းဒေသအကြောင်း
Salai Htun Hla Kyaw တရွေချောင်းသည် မင်းပြားမြို့နယ်၊ မင်းကူးလမ်းအုပ်စု၏ အဓိက အသက်သွေးကြောမ ကြီးများထဲမှ တစ်ခုဖြစ်သည်။ မင်းကူးလမ်းအုပ်စုထဲမှ မြစ်ဖျားခံစီးဆင်းပြီး ဖုံသာအုပ်စုထဲ၌ ဖုံသာချောင်းအမည်ဖြင့် အနောက်ဘက်သို့ ဆက်လက်စီးဆင်းကာ ထိုမှတစ်ဆင့် ဒုံသားကျေးရွာအနီးတွင် လေးမြို့မြစ်ထဲသို့ စီးဝင်သွားသည်။ တရွေချောင်းကို ဒေသနေ ချင်းလူမျိုးများက တေလောင်ဟု ခေါ်ဆိုကြသည်။ ချောင်းတလျှောက် ကမ်းပါးများပေါ်တွင် ကျေးရွာပေါင်း ၂၀ အထိ တည်ရှိလျှက်ရှိပြီး ၁၉ ရွာမှာ ချင်းလူမျိုးများ နေထိုင်သော ရွာများဖြစ်သည်။ ကျေးရွာအများစုသည် ဝါး (သို့မဟုတ်) သစ်များဖြင့် ဆောက်လုပ်ထားသည့် ခြေတံရှည်အိမ်များဖြင့် ပြည့်နှပ်နေတတ်ပြီး ၎င်းတို့ကို ကြည့်ခြင်းအားဖြင့် ဒေသနေ ဌာနေချင်း လူမျိုးများ၏ လူနေမှုဘဝ အခြေအနေအပြင် ဖွံ့ဖြိုးမှုနောက်ကျခြင်းများ၏ ပုံရိပ်များကိုပါ အထင်းသား တွေ့မြင်နိုင်သည်။…

