Headlines

တီးတိန်မြို့မှာ ၅ လ အကြာထုတ်ပေးနိုင်ခြင်းမရှိတဲ့ ပင်စင်လစာများ ကို ပြန်လည်ထုတ်ပေးမယ်

စက်တင်ဘာလ ၂၀ ရက်။

တီးတိန်မြို့မှာ ၅ လ အကြာ ထုတ်ပေးနိုင်ခြင်း မရှိတဲ့ အငြိမ်းစား ပင်စင်လစာများကို စက်တင်ဘာလ ၂၃ ရက်နေ့ ကစပြီး ခလရ ၂၆၉ တပ်ရင်းဝန်းထဲကနေ ပြန်လည် ထုတ်ပေးတော့မည် ဖြစ်ကြောင်း တီးတိန်မြို့ဒေသခံများ ထံမှ သိရှိရပါတယ်။

“‌‌ပင်စင်လစာ နောက်ဆုံး ထုတ်ပေးတာက ဧပြီလ မှာပါ။ မေလကုန်မှာ ကျတော့ ဘဏ်မှာ ပိုက်ဆံ ပြတ် သွားတော့ ထုတ်မပေးနိုင်ဘူး။ အဲလိုနဲ့ မြို့တွင်း တိုက်ပွဲ ဖြစ်သွားတော့ ဝန်ထမ်းတွေရဲ့ လစာတွေပါ ထုတ်မရ တော့ဘူး၊ အကုန်လုံး နှောင့်နှေး နောက်ကျ ပြီးမှ ရကြတယ်” လို့ တီးတိန်ဒေသခံ ၁ ဦးကပြောပါတယ်။

” အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဘဏ်မှာ မထုတ်ရ‌ တော့ဘူး။ ရဲစခန်းမှာ ထုတ်ရပါတယ်။ အခုကျတော့ ထုတ်ရမှာက ခလရ ၂၆၉ တပ်ကုန်း မှာပါ။ ထုတ်ယူမယ့် သူရယ် လိုက်ပို့တဲ့ သူရယ် မှတ်ပုံတင် ယူရမယ် လို့ သိရတယ်” လို့ ပင်စင် ထုတ်ယူဖို့ နောက်ထပ် လိုအပ်သည့် အရာများကို တီးတိန်မြို့ခံ ၁ ဦးက ပြောပြပါတယ်။

တီးတိန်မြို့တွင်း တိုက်ပွဲ ဖြစ်ပြီး နောက်ပိုင်း မြို့နယ် အတွင်းရှိ ဝန်ထမ်း တွေရဲ့ လစာများကို အချိန်နဲ့ တပြေးညီ ထုတ်ပေး နိုင်ခြင်း မရှိတော့ဘဲ အများစုဟာ ဩဂုတ်လလစာ မရသေး ဘူးလို့ သိခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *