
သြဂုတ်လ ၁၂ ရက်။
ပြည်သူများ၏ ငြိမ်းချမ်းရေးလိုလားမှုအား အနုပညာ လက်ရာများမှ တဆင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံ ကြားသိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေး ကာတွန်း၊ ပိုစတာဒီဇိုင်း၊ ပန်းချီ ဖိတ်ခေါ်ပြိုင်ပွဲကို Voices in Peace (VIP) မှ ဩဂုတ်လ (၁၂) ရက်နေ့မှာစတင်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာမှာ ပြိုင်ပွဲ၀င်ရန်ဖိတ်ခေါ်ကြေငြာပါတယ်။
ပြိုင်ပွဲ၏ ရည်ရွယ်ချက်များတွင် ချင်းလူမျိုးအချင်းချင်းအကြား ပဋိပက္ခ ဖြစ်ပွားမှုကိုမလိုလားတဲ့ ချင်းငြိမ်းချမ်းရေးအား စကားလုံးများဖြင့် မပြောပြတတ်သူများ/ အခွင့်မရကြသူများအတွက် ပုံများ၊ အရုပ်များဖြင့် ဖော်ပြနိုင်ကြစေရန်၊ ပြည်သူများ၏ ငြိမ်းချမ်းရေးလိုလားမှုအား အနုပညာ လက်ရာများမှ တဆင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံ ကြားသိစေရန်နဲ့ ပိုထိရောက်သော ငြိမ်းချမ်းရေး သတင်းစကားပြန့်ပွားစေရန် ရည်ရွယ်ထားတာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီ ကထုတ်ပြန်ထားပါတယ်။
ငြိမ်းချမ်းရေး ကာတွန်း/ပိုစတာဒီဇိုင်း/ပန်းချီပြိုင်ပွဲ
•••••••••••••••••••••••••••••••••••••••
ပြိုင်ပွဲခေါင်းစဉ် – ချင်းငြိမ်းချမ်းရေး
ပြိုင်ပွဲအခြေခံစည်းကမ်းများ
••••••••••••••••••••••••••
၁။ အသက်၊ နယ်ပယ် ၊ ကျား/မ ကန့်သတ်
ချက်မရှိပါ။
၂။ တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက် ဝင်ရောက်
ယှဉ်ပြိုင် နိုင်ပါသည်။
ပြိုင်ပွဲအချိန်ဇယား နှင့် ပေးပို့ရန်လိပ်စာ
•••••••••••••••••••••••••••••••••••
၁။ နောက်ဆုံးထားလက်ခံမည့် ရက်စွဲ
September 12 2025(Dead line date)
ပြိုင်ပွဲ ရလဒ်ကြေညာချိန် October 12 2025
၂။ အွန်လိုင်း မက်ဆင်ဂျာ Voices in peace Facebook Page messenger Voices In Peace (သို့) voicesinpeace2025@gmail.com သို့ပေးပို့ရန်
၃။ မည်သည့် Artworks အမျိုးစားမဆို Online
Platform ဖြင့်ကိုက်ညီမည့် File အမျိုးအစား Resolution ကောင်းရန်လိုအပ်ပါသည်။
၄။ ပါဝင်သူ ကလောင်အမည်နှင့် အနုပညာလက်ရာ
ပုံ၏ (ခေါင်းစဉ်)Title ပါဝင်ရမည်။
ပြိုင်ပွဲတွင် ဆုပေါင်း (၆) ခုပေးမည်ဖြစ်ပြီး ပထမဆု (၄) သိန်း၊ ဒုတိယဆု (၃)သိန်း၊ တတိယဆု(၂)သိန်း နှင့် Voices in Peace အွန်လိုင်းစာမျက်နှာတွင် Share နှင့် Reaction အများဆုံးဆု (၃) ဆုအတွက် တစ်စုလျှင် (၁) သိန်းကျပ်စီ ကိုလည်းချီးမြှင့်သွားမှာဖြစ်ပါတယ်။
ပြိုင်ပွဲကာလကို ဩဂုတ်လ (၁၂) ရက်နေ့မှာစတင်ကာ စက်တင်လာလ (၁၂) ရက်နေ့အထိ ပြိင်ပွဲ၀င်များရဲ့လက်ရာများကို လက်ခံသွားမှာဖြစ်ပြီး အောက်တိုဘာလပထမအပတ်အတွင်း ဆုပေးမည့်အစီအစဥ်ကိုပြုလုပ်သွားမှာဖြစ်ပါတယ်။
ချင်းငြိမ်းချမ်းရေးကဗျာဖိတ်ခေါ်ပြိုင်ပွဲအတွက်လည်း မကြာမီ မှာ စတင်ကြော်ငြာသွားမှာဖြစ်တယ်လို့ ပြိုင်ပွဲကော်မတီ၀င်များဆီကသိရပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်၊ စည်းမျဥ်းစည်းကမ်းနဲ့ ပေးပို့ရမည့်လိပ်စာများနဲ့ပတ်သက်ပြီး Voices In Peace မှာသွားရောက်လေ့လာနိုင်ပါတယ်။
Voices in Peace သည် ချင်းလူမျိုးအချင်းချင်းအကြားငြိမ်းချမ်းရေးကိုလိုလားသည့် ချင်းလူမျိုးများအတွင်းမှ တတ်သိပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်များ၊ သတင်းသမားများ၊ CDM များ၊ ဘာသာရေးဆိုင်ရာဦးဆောင်အဖွဲ့၀င်များ၊ သံရုံး၀န်ထမ်းများနှင့် စုဖွဲ့ထားပါတယ်။