Headlines

ဂျပန် နိုင်ငံမှာ ယာဉ်တိုက်မှုဖြင့်ကွယ်လွန်သွားတဲ့ ချင်းကျောင်းသူရဲ့အရိုးပြာ ရန်ကုန် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဉယျာဉ်တော်မှာ ဂူသွင်း သင်္ဂြုလ်

ဖေဖော်ဝါရီလ ၁ရက်။

ဂျပန်နိုင်ငံမှာ ယာဉ်တိုက်မှု ဖြင့် ကွယ်လွန်သွားတဲ့ အသက် ၂၂ နှစ်အရွယ် Lia Dim Thian Muang Thaw (ခ) Nari ရဲ့အရိုးပြာကို ဒီနေ့ဖေဖော်ဝါရီလ ၁ရက် နေ့ မွန်းလွဲ 2 နာရီ အချိန်မှာရန်ကုန်မြို့ ရေဝေး သုဿာန် ရှိ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဉယျာဉ်တော်မှာ ဂူသွင်း သင်္ဂြုလ် သွားခဲ့ကြောင်းကွယ်လွန်သူရဲ့ မိသားစု အသိုင်းအဝိုင်းထံမှ သိရှိခဲ့ရပါတယ်။

ကွယ်လွန်သူ Lia Dim Sian Muang Thaw @ Nari ဟာ ဂျပန် နိုင်ငံ Oita, Beppu မြို့ ရှိ Asia Pacific University မှာ နိုင်ငံတကာ ဆက်ဆံရေး (International Relations) ဒုတိယနှစ် တက်နေသူ ဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၁၂: ၉ (သန်းခေါင်) နာရီတွင် သူငယ်ချင်းများ နဲ့ ဆိုင်ကယ်ဖြင့် ဈေးဝယ် ထွက်စဉ် သူမ စီးတဲ့ ဆိုင်ကယ်ကို ကားတစီးက အနောက်ကနေ တိုက်သဖြင့် နေရာတွင်ပင် ပွဲချင်း ကွယ်လွန်သွားခဲ့ ပါတယ်။

သူမရဲ့ ရုပ်အလောင်း ဖြင့် နောက်ဆုံး ဝတ်ပြု ကိုးကွယ်မှု ကိုမူ Oita, Beppu မြို့ရှိ Beppu International Baptist Church ဘုရားကျောင်းတွင် ဇန်နဝါရီလ ၈ ရက်နေ့ ဒေသ စံတော်ချိန် မနက် ၉ နာရီတွင် ပြုလုပ်ခဲ့ပြီး မီးသင်္ဂြိုလ် ခဲ့ကာ အရိုးပြာကို မြန်မာပြည်သို့ သယ်ဆောင် လာခဲ့ရခြင်း ဖြစ်တယ် လို့လည်း မိသားစု အသိုင်းအဝိုင်းရဲ့ပြောပြချက် အရ သိရှိရပါတယ်။

“အရိုးပြာနဲ့ နောက်ဆုံး ဝတ်ပြုကိုးကွယ်ခြင်းကို Yangon Siyin Baptist Church မှာ မနက် ၁၁ နာရီ ကနေ နေ့လည် ၁၂:၃၀ အထိ ပြုလုပ်ခဲ့ ပါတယ်။ ပြီးတော့ ဧည့်ခံကျွေးမွေးတာတွေ လုပ်တယ်။ ၁နာရီ ကျော်ကျော်မှာ ဘုရား ကျောင်း ကနေ အရိုးပြာအိုးကို ရေဝေး သုဿာန် ပို့ခဲ့တယ်။ မွန်းလွဲ ၂ နာရီမှာ အရိုးပြာကို ရေဝေးရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ်တော်မှာ ဂူသွင်း သင်္ဂြိုလ်ခဲ့တယ်။ အဲတာပြီးတာနဲ့ မိသားစုကို နှစ်သိမ့်တဲ့ ဝတ်ပြုစည်းဝေးခြင်း ကိုလည်း Yangon Siyin Baptist Church မှာ ညနေ ၃ နာရီ ကနေ စတင်ပြုလုပ်သွား ခဲ့တယ်” လို့ ဈာပန အစီအစဉ် နှင့် ပတ်သက်ပြီး ဆွေမျိုးအသိုင်းအဝိုင်းများ ထံမှ သိရှိခဲ့ ရပါတယ်။

Lia Nari ဟာ ၂၀၁၇ ခုနှစ်တွင် သင်္ချာ၊ ဓာတု၊ ဇီဝ သုံးဘာသာ ဂုဏ်ထူးဖြင့် တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်တွင် ပြင်သစ် ဘာသာ အထူးပြု ပညာဆည်းပူးရာ မှ ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ Oita, Beppu မြို့ရှိ Asia Pacific University (APU) တွင် နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ကို ဆက်လက် သင်ယူခဲ့သူ ဖြစ်ပြီး သေဆုံး ချိန်တွင် အသက် ၂၂ နှစ် ရှိပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *