Input your search keywords and press Enter.

တောင်ပြိုကျေးရွာမှ ပလက်ဝမြို့သို့ဆင်းလာသည့် စက်လှေကို AA မှ ဖမ်းထားမှု ယနေ့ပြန်လွှတ်ပေး

Salai Khup Khup

တောင်ပြိုကျေးရွာမှ ပလက်ဝမြို့သို့ ကုလားတန်မြစ်ကြောင်းအတိုင်း ဆင်းလာသည့် စက်လှေနှင့် စက်လှေတွင်ပါရှိသည့် ဒေသခံများကို ရက္ခိုင့်တပ်မတော်မှ ဒီဇင်ဘာလ (၅) ရက်နေ့က ဖမ်းစီးခေါ်ဆောင်ထားပြီး ဒီဇင်ဘာလ ( ၆) ရက်နေ့မနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပလက်ဝဒေသခံများထံမှသိရသည်။

ဒေသခံအချို့ပြောပြချက်အရ အေအေ အဖွဲ့မှ အစိုးရတပ်မတော်၏ ရိက္ခာများဖမ်းစီးထားမှုကို သယ်ဆောင်ရန် ခေါ်သွားခြင်းဟုဆိုကြသည်။

ပလက်ဝဒေသခံ တစ်ဦးက “ကြားရသလောက်က အစိုးရစစ်တပ်က သယ်လာတဲ့ ရိက္ခာတွေကို AAအဖွဲ့က လမ်းမှာ ပြန်ပေးဆွဲတယ်နဲ့ တူပါတယ်။ အဲဒါကို ထမ်းဖို့ အကူအညီလိုတော့ စက်လှေက ခရီးသည်တွေကိုပါ ခေါ်သွားတယ်။ တစ်ညခေါ်သွားပြီးတော့ ဒီမနက်မိုးလင်းတော့ ပြန်ရောက်လာတယ်။ ကျွန်တော့်ညီလည်း ပါသွားတယ် ကျွန်တော်ညီနဲ့လည်း မတွေ့ရသေးတော့ အခြေနေတော့ အတိအကျမသိရသေးဘူး။ အဖမ်းခံထားရတဲ့ လူအကုန်လုံး ရောက်လာပြီ။ ရိက္ခာသယ်ဖို့ လူလိုလို့ လိုင်းစက်လှေကလူတွေကို ခဏခိုင်းထားတဲ့ ပုံစံပါ”ဟုပြောသည်။

တောင်ပြိုရွာနှင့် ပလက်ဝကြား ပြေးဆွဲသည့် လိုင်းစက်လှေပေါ်တွင် ခရီးသည် (၂၀) ဝန်းကျင်လိုက်ပါသွားကြောင်းသိရပြီး တစ်နေ့လျှင် တစ်ကြိမ်သာ အသွားအပြန် ခေါက်လေ့ရှိကြောင်းသိရသည်။

ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အနေဖြင့် ရိက္ခာများသည်ရန် ဒေသခံရွာသားများအား ခေါ်ဆောင်လေ့ရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အချို့ဒေသခံများမှာ မည်သည့်တပ်မတော်ဖက်မှ ခေါ်ဆောင်သွားကြောင်း မသိရပဲ ပျောက်ဆုံးလျက်ရှိသည့် ဒေသခံများလည်းယနေ့အထိရှိကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၃) ရက်နေ့ကလည်း ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ဖမ်းစီးထားမှုမှာလည်း တစ်လကျော်ကြာမြင့်ပြီဖြစ်ကြောင်းသိရသည်။

Zawgyi

ေတာင္ၿပိဳေက်းရြာမွ ပလက္၀ၿမိဳ႕သို႕ဆင္းလာသည့္ စက္ေလွကို AA မွ ဖမ္းထားမႈ ယေန႕ျပန္လႊတ္ေပး

ေတာင္ၿပိဳေက်းရြာမွ ပလက္၀ၿမိဳ႕သို႕ ကုလားတန္ျမစ္ေၾကာင္းအတုိင္း ဆင္းလာသည့္ စက္ေလွႏွင့္ စက္ေလွတြင္ပါရွိသည့္ ေဒသခံမ်ားကို ရကၡိဳင့္တပ္မေတာ္မွ ဒီဇင္ဘာလ (၅) ရက္ေန႕က ဖမ္းစီးေခၚေဆာင္ထားၿပီး ဒီဇင္ဘာလ ( ၆) ရက္ေန႕မနက္ပုိင္းတြင္ ျပန္လည္လႊတ္ေပးလုိက္ၿပီျဖစ္ေၾကာင္း ပလက္၀ေဒသခံမ်ားထံမွသိရသည္။

ေဒသခံအခ်ိဳ႕ေျပာျပခ်က္အရ ေအေအ အဖြဲ႕မွ အစိုးရတပ္မေတာ္၏ ရိကၡာမ်ားဖမ္းစီးထားမႈကို သယ္ေဆာင္ရန္ ေခၚသြားျခင္းဟုဆိုၾကသည္။

ပလက္၀ေဒသခံ တစ္ဦးက “ၾကားရသေလာက္က အစိုးရစစ္တပ္က သယ္လာတဲ႔ ရိကၡာေတြကို AAအဖြဲ႔က လမ္းမွာ ျပန္ေပးဆြဲတယ္နဲ႔ တူပါတယ္။ အဲဒါကို ထမ္းဖို႔ အကူအညီလုိေတာ့ စက္ေလွက ခရီးသည္ေတြကိုပါ ေခၚသြားတယ္။ တစ္ညေခၚသြားၿပီးေတာ့ ဒီမနက္မိုးလင္းေတာ့ ျပန္ေရာက္လာတယ္။ ကၽြန္ေတာ့္ညီလည္း ပါသြားတယ္ ကၽြန္ေတာ္ညီနဲ႔လည္း မေတြ႔ရေသးေတာ့ အေျခေနေတာ့ အတိအက်မသိရေသးဘူး။ အဖမ္းခံထားရတဲ႔ လူအကုန္လံုး ေရာက္လာၿပီ။ ရိကၡာသယ္ဖို႔ လူလုိလို႔ လုိင္းစက္ေလွကလူေတြကို ခဏခိုင္းထားတဲ႔ ပံုစံပါ”ဟုေျပာသည္။

ေတာင္ၿပိဳရြာႏွင့္ ပလက္၀ၾကား ေျပးဆြဲသည့္ လုိင္းစက္ေလွေပၚတြင္ ခရီးသည္ (၂၀) ၀န္းက်င္လုိက္ပါသြားေၾကာင္းသိရၿပီး တစ္ေန႕လွ်င္ တစ္ႀကိမ္သာ အသြားအျပန္ ေခါက္ေလ့ရွိေၾကာင္းသိရသည္။

ရကၡိဳင့္တပ္မေတာ္ႏွင့္ အစိုးရတပ္မေတာ္တို႕အေနျဖင့္ ရိကၡာမ်ားသည္ရန္ ေဒသခံရြာသားမ်ားအား ေခၚေဆာင္ေလ့ရွိေၾကာင္း ေဒသခံမ်ားေျပာျပခ်က္အရသိရသည္။ အခ်ိဳ႕ေဒသခံမ်ားမွာ မည္သည့္တပ္မေတာ္ဖက္မွ ေခၚေဆာင္သြားေၾကာင္း မသိရပဲ ေပ်ာက္ဆံုးလ်က္ရွိသည့္ ေဒသခံမ်ားလည္းယေန႕အထိရွိေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ ႏို၀င္ဘာလ (၃) ရက္ေန႕ကလည္း ပလက္၀ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေ၀ွ႕တင္းအား ဖမ္းစီးထားမႈမွာလည္း တစ္လေက်ာ္ၾကာျမင့္ၿပီျဖစ္ေၾကာင္းသိရသည္။