နိုဝင်ဘာလ ၁၇ ရက်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF)အနေဖြင့်အရှိုချင်းဒေသများတွင်အရှိုချင်းပြည်သူလူထုနှင့်ဖြစ်စေ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ဖြစ်စေ၊ပူးပေါင်း၍အုပ်ချုပ်ရေး၊ပညာရေး၊ကျန်းမာရေးစသည့်ကဏ္ဏများကိုဖော်ဆောင်သွားမည် စသည့်အချက်အပါအဝင် အချက် ၇ ချက်ကို နိုဝင်ဘာလ ၁၆ ရက်မှာကျရောက်တဲ့အရှိုချင်းကာကွယ်ရေးတပ် (ACDF)တည်ထောင်ခြင်း ၃ နှစ်ပြည့်သဘောထားထုတ်ပြန်ချက်အဖြစ် ACDFက နိုဝင်ဘာလ ၁၇ ရက်မှာထုတ်ပြန်ထားပါတယ်။
ACDF တပ်ဖွဲ့ရဲ့၃ နှစ်ပြည့်ထုတ်ပြန်ချက်မှာအရှိုချင်းကာကွယ်ရေးတပ် (ACDF)အနေဖြင့်စစ်အာဏာရှင်အားတိုင်းရင်းသားပြည်သူလူထုနှင့်အတူလက်နက်စွဲကိုင်တော်လှန်လာခဲ့သည်မှာယခုဆိုလျင်သုံးနှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊EAOs /တိုင်းရင်းသားပြည်သူလူထုနှင့်မဟာမိတ်တော်လှန်ရေးအဖွဲ့များ၏ဝန်းရံထောက်ပံ့ကူညီမှုအတွက်အရှိုချင်းကာကွယ်ရေးတပ်ACDFအနေဖြင့်များစွာကျေးဇူးတင်ရှိပါကြောင်း၊အရှိုချင်းကာကွယ်ရေးတပ် ACDF အနေဖြင့်အဖွဲ့၏ချမှတ်ထားသောမူဝါဒများအရစစ်အာဏာရှင်ကျရှုံးရေးအတွက်မည်သည့်တော်လှန်ရေးအင်အားစုများနှင့်ဖြစ်စေပူးပေါင်းတော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့်အတူအရှိုချင်းပြည်သူလူထု၏ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်သက်ဆိုင်သောပြည်သူလူထုနှင့်အတူပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အရှိုချင်းကာကွယ်ရေးတပ် ACDFအနေဖြင့်အရှိုချင်းဒေသများတွင်အရှိုချင်းပြည်သူလူထုနှင့်ဖြစ်စေ၊ သက်ဆိုင်ရာအဖွဲစည်းများနှင့်ဖြစ်စေ၊ပူးပေါင်း၍အုပ်ချုပ်ရေး၊ပညာရေး၊ကျန်းမာရေးစသည့်ကဏ္ဏများကိုဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊အရှိုချင်းကာကွယ်ရေးတပ် ACDFအနေဖြင့်တိုင်းရင်းသားပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုတတ်နိုင်သမျှကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊အရှိုချင်းကာကွယ်ရေးတပ် ACDFအနေဖြင့်တိုင်းရင်းသားပြည်သူလူထု၏ငြိမ်းချမ်းသာယာဝပြောရေးကိုရှေ့ရှုပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ထွန်းရေးအတွက်ချစ်ခြင်း မေတ္တာ၊ညာဏ်ပညာနှင့်သစ္စာတရားကိုလက်ကိုင်ထားပြီးဖော်ဆောင်သွားမည်ဖြစ်ကြောင်း ACDF တပ်ဖွဲ့ရဲ့၃ နှစ်ပြည့်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်စပ်မှာ စစ်ရေးလှုပ်ရှားတဲ့ ACDF တပ်ဖွဲ့ရဲ့၃ နှစ်ပြည့်တော်လှန်ရေးကာလအတွင်းမှာ တပ်ဖွဲ့ဝင်၂ဦးကျဆုံးခဲ့ကြောင်းသိရပါတယ်။