Headlines

ချင်းအမျိုးသားဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို PDFရဲဘော်တစ်ဦး Starlink ၆ လုံးဖြင့်ဂန့်ဂေါမြို့မှာ အလင်းဝင်လာဟုဆိုကာ စစ်ကောင်စီမှလုပ်ကြံဝါဒဖြန့်

နိုဝင်ဘာလ ၅ ရက်။

ပြီးခဲ့တဲ့ရက်ပိုင်းမှစတင်ပြီး စစ် ကောင်စီဝါဒဖြန့် Telegram Channel တွေနဲ့Facebook page တချို့မှာ ချင်းအမျိုးသားဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့တစ်ခုမှ PDF ရဲဘော်တစ်ဦး Starlink (စတားလင့်) ၆လုံးဖြင့် ဂန့်ဂေါမြို့မှာ စစ်ကောင်စီဆီမှာ အလင်းဝင်ရောက်လာဟုဆိုကာ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေ ကြောင်း ဒေသတွင်းမီဒီယာဖြစ်တဲ့ ယောအလင်းတန်း သတင်းဌာနက ဖော်ပြထားပါတယ်။

ဖြစ်စဉ်အမှန်မှာ ပြီးခဲ့သည့် တစ်လခန့်က ချင်းအမျိုးသား ကယ်ရီသမားတစ်ဦးသည် စတားလင့် ၆လုံးဖြင့် လမ်းမှားကာ ဂန့်ဂေါမြို့ပေါ်သို့ ဖြတ်သန်းမိခဲ့ကြောင်းသိရပါတယ်။ ဂန့်ဂေါမြို့တွင်းသို့ လမ်းမှားဝင်ရောက်မိသည်ကို သိသိချင်း နောက်ကြောင်းပြန်လှည့်ရန်ကြိုးစားစဉ် ဂန့်ဂေါမြို့မြောက်ဖက် စိုင်ဒူးကျေးရွာဖက်မှ ဝင်လာသော စကစဂိတ်တွင် စတားလင့် ၆လုံးနှင့်အတူ ဖမ်းဆီးခံခဲ့ရကာ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်အတွင်းသို့ခေါ်ဆောင်သွားခံခဲ့ရကာခလရ ၅၀ အတွင်းအရောက်တွင် “”မင်းPDFလားလို့မေးမြန်းခဲ့ရာ ကျနော်PDFမဟုတ်ကြောင်းနှင့် စတားလင့်များအား အခကြေးငွေယူပြီး ပို့ဆောင်ပေးရသော ကယ်ရီသမားသာဖြစ်ကြောင်း'”ပြော‌ဆိုပြီးနောက် လွတ်မြောက်လာခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူ ချင်းအမျိုးသား၏ ပြောပြချက်အရသိရပါတယ်။

ယင်းညနေဖက်မှာပင် ဖမ်းဆီးခံရသူ ချင်းအမျိုးသားအား ပြန်လွှတ်ပေးကာ စတားလင့်၆လုံးကို သိမ်းယူထားလိုက်ပြီးခုအခါကျမှ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ဝါဒဖြန့်နေတာဖြစ် ကြောင်း၊ဖမ်းဆီးခံရသူ ချင်းအမျိုးသားသည်လဲ ယခုအခါ လုံခြုံတဲ့နေရာသို့ရောက်ရှိနေပြီဖြစ် ကြောင်း ယောအလင်းတန်းသတင်းဌာနက ဖော်ပြချက်အရသိရပါတယ်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒေသခံတစ်ဦးကတော့ “” ဒီသတင်းတက်လာတော့ ဂန့်ဂေါမြို့နယ်အတွင်းမှာရှိတဲ့ ခရိုင်ရင်းတွေရော ၊ Localရင်းတွေပါမကျန် လိုက်ပြီးမေးကြည့်တော့ သူတို့ ရင်းတွေထဲကနေ ခုလို ပျောက်ဆုံးနေတဲ့ ရဲဘော်မရှိဘူးလို့ပြောလာတယ်။ ပြီးတော့ ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ ဘယ်ရင်းမှလဲ စတားလင့် ၆လုံးအထိပိုင်တဲ့ရင်းမရှိပါဘူး။ ချင်းအမျိုးသားအဖမ်းခံရတာကို PDFတွေနဲ့ ပြည်သူကြားအထင်လွဲအောင် တမင်ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်နေတာသာဖြစ်ပါတယ်””လို့‌ယောအလင်းတန်းသို့ပြောကြားခဲ့ပါတယ်။

အသံ – Athan အဖွဲ့ရဲ့ သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံတဝန်း ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်ခံရတဲ့ မြိုနယ်ပေါင်း ၉၂ မြို့နယ်ထဲမှာ ချင်းပြည်နယ် တောင်ပိုင်းနဲ့တဆက်တည်းဖြစ် နေတဲ့ မ ကွေးတိုင်း ဆော၊ထီးလင်း၊ဂန့်ဂေါမြို့နယ် တွေနဲ့ချင်းပြည်နယ်က ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ တီးတိန်၊ ထန်တလန်၊ တွန်းဇံ၊ ဖလမ်း စတဲ့ မြို့နယ်တွေမှာ ပါဝင်နေပါတယ်။

အင်တာနက်နဲ့ဖုန်း ဖြတ်တောက်ခံရတဲ့ မြန်မာနိုင်ငံက နေရာတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်နဲ့ နေရာအချို့မှာ Starlink ဖြင့် ပြည်သူတွေက အင်တာနက်လိုင်းကို အသုံးပြုနေကြရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-စစ်ကောင်စီဖက်မှ ဝါဒဖြန့်ထားသော ဓာတ်ပုံ

Leave a Reply

Your email address will not be published. Required fields are marked *