Headlines

ငဖဲမြို့နယ်မှာ ကာကင်းစခန်းတွေက ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ CDF – Asho ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၆ ရက်။ အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်၊ ကာကင်းစခန်းတွေကနေ စခန်းစွန့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးကို ၃ ရက်အတွင်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ရှိတဲ့ တောင်ကုန်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်စဉ်အတွင်း ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့စလို့ နယ်မြေရှင်းလင်းဖမ်းဆီးလျှက်ရှိရာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ၃ ရက်တာအတွင်း စစ်ကောင်စီတပ်သား…

Read More

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံအဝန်း မီးရှို့ဖျက်ဆီးခံရတဲ့အိမ် အရေအတွက် ၁ သိန်းကျော်ပြီဖြစ်

ဖေဖော်ဝါရီလ ၂၅ ရက်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ပဋိပက္ခကာလအတွင်း တစ်နိုင်ငံလုံးမှာ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်အရေအတွက် တစ်သိန်းကျော်ရှိပြီဖြစ်တယ်လို့ Data for Myanmar က ဖေဖော်ဝါရီလ (၂၁) ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရသိရပါတယ်။ အဆိုပါအစီအရင်ခံစာဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ နိုဝင်ဘာလအထိ ကောက်ခံရရှိတဲ့စာရင်းဖြစ်ပြီး ၂၀၂၄ နိုဝင်ဘာလ နောက်ပိုင်း မီးရှို့ဖျက်ဆီးခံရတဲ့အိမ် အခြေအနေနဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့က အရေအတွက်အချို့မပါဝင်သေးဘူးလို့ဆိုပါတယ်။ ၂၀၂၄ နိုဝင်ဘာလအထိ ကောက်ခံရရှိတဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ လူနေအိမ်အပါအဝင် အခြားအဆောက်အဦး မီးလောင်ပျက်စီးမှုအရေအတွက်ဟာ ၁၀၉၂၄၂ လုံးရှိပြီဖြစ်တယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။ ယခုအရေအတွက်ဟာလည်း Data for Myanmar ရဲ့ကောက်ခံရရှိထားတဲ့စာရင်းဖြစ်ပြီး လက်တွေ့မြေပြင်မှာ ယခုအရေအတွက်ထက် ပိုများမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ၄ နှစ်အတွင်း ချင်းလူမျိုးတွေပိုင်ဆိုင်တဲ့အိမ် ၃၇၀၀…

Read More

ငဖဲမြို့နယ်က အရှိုချင်းစစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ချင်းအမျိုးသား ၂ ဦးသေဆုံး အများအပြားထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီလ ၂၅ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်း လမ်းမပေါ်မှာရှိတဲ့ လင်းတဲကျေးရွာက ဒေသခံအရှိုချင်းစစ်ရှောင်တွေခိုလှုံနေတဲ့ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လည်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းအမျိုးသား ၂ ဦးသေဆုံးပြီး အသက်အန္တရယ်စိုးရိမ်ရ ထိခိုက်ဒဏ်ရသူလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အမ်း – ပဒါန်း လမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေဟာ လင်းတဲကျေးရွာ အနီးနားပက်ဝန်းကျင်ရောက်လာတဲ့အချိန် ဒေသခံတွေဟာ ဘုန်းကြီးကျောင်းထဲ ထွက်ပြေးခိုလှုံနေကြတာဖြစ်ပြီး အဲဒီနေရာကို မနေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒေသခံတစ်ဦးက “လင်းတဲကျေးရွာက စစ်ကောင်စီရဲ့ အမ်း – ပဒါန်း လမ်းမပေါ်မှာရှိတဲ့ နတ်ရေကန်ပျူဟာကုန်း…

Read More

မောင်တောမြို့နယ်မှာ AA ထံ စစ်သင်တန်းတက်ရောက်ပြီး ကိုယ့်ရပ်ရွာကို ကာကွယ်မယ်လို့ ကလေးအများပြားပါဝင်တဲ့ မြိုလူမျိုး ၇၅ ဦး ဆန္ဒဖော်ထုတ်

ဖေဖော်ဝါရီလ ၂၄ရက်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ်တည်ရှိတဲ့ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အာရက္ခတပ်တော် (AA) ထံ စစ်သင်တန်း တက်ရောက်ပြီး ကိုယ့်ရပ်ရွာကာကွယ်မယ်လို့ ကျေးရွာ ၄ ရွာမှ ကလေးအများအပြားပါဝင်တဲ့ မြိုလူမျိုး ၇၅ ဦး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေက သိရပါတယ်။ မနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက ဒုံးညို၊ ရွှေတိုင်၊ ဘောင်း၊ ကြောင်နဖေ စသည့်မြိုကျေးရွာ ၄ရွာမှ ကလေးအများပြားပါဝင်တဲ့ မြိုလူမျိုးတွေဟာ AA အလံ ကိုင်ဆောင်ကာ ကြွေးကြော်သံတွေအနဲ့အတူ ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။ “မနေ့က အနီးအနားမှာရှိတဲ့ မြိုရွာ ၄ ရွာက လူတွေနဲ့ ဆန္ဒဖော်ထုတ်ကြတာပါ။ အဓိက ဆန္ဒဖော်ထုတ်ကတော့ AA ဆီမှာ စစ်သင်တန်းတက်မယ်။ ကိုယ့်ရပ်ရွာကို ကာကွယ်မယ်ဆိုတာပါ။ လူကြီးတွေက အလုပ်တွေ…

Read More

ငဖဲမြို့နယ်မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီးအများအပြားဒဏ်ရာရကာ၊CDF-Asho တပ်ဖွဲ့ဝင် ၁ ဦးလည်းကျဆုံးခဲ့ကြောင်းCDF –Asho ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၃ ရက်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့နေ့လည် ၁ နာရီခွဲမှာ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာစစ် ဆင်လာတဲ့ အင်အား (၁၀၀) ကျော်ခန့်ပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းကာကွယ်ရေးတပ် – အရှို(CDF -–Asho) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကာ CDF –Asho ဘက်ကလည်း ၁ ဦးကျဆုံးခဲ့တယ်လို့ CDF –Asho က ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာစစ် ဆင်လာတဲ့ စစ်ကောင်စီအင်အား (၁၀၀) ကျော်ခန့်ပါ ယာဉ်တန်း ၄ စီးကို ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက်…

Read More

ချင်းတော်လှန်ရေးခေါင်းဆောင်တွေ အချင်းချင်းပွင့်လင်းစွာညှိနှိုင်းတိုင်ပင်ကာ ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင်ဖို့ မျှော်လင့်ကြောင်း NUG က ချင်းအမျိုးသားနေ့ သဝဏ်လွှာပေးပို့

ဖေဖော်ဝါရီလ ၂၀ ရက်။ နွေဦးတော်လှန်ရေးမှာ ချင်းတိုင်းရင်းသားတွေအတွက် ဦးဆောင်ဦးရွက်ပြုလျက်ရှိကြတဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေအနေနဲ့ အချင်းချင်း ရင်းနှီးပွင့်လင်းစွာညှိနှိုင်း တိုင်ပင်ကာ လွတ်လပ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ချင်းဒေသကို အတူတကွ လက်တွဲထူထောင်နိုင်ဖို့ကိုလည်း မျော်လင့်တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ချင်းအမျိုးသားနေ့မှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ နွေဦးတော်လှန်ရေးကာလ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ပြည်သူလူထုကို အကြမ်းဖက်အာဏာရှင် လက်ပါးစေစစ်တပ်က ပစ်ခတ်ဖြိုခွင်းသောအခါတွင် ချင်းအမျိုးသားတို့ရဲ့ တူမီးလက်နက်နဲ့ ပြည်သူကိုကာကွယ်ပေးခဲ့ပြီး စစ်အာဏာရှင်ကို စတင်ခုခံတွန်းလှန်တဲ့ သမိုင်းကလည်း အထင်အရှားဖြစ်ခဲ့တဲ့ ဂုဏ်ယူဝမ်းမြောက်စရာဖြစ်တယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။ နယ်ချဲ့အစိုးရနဲ့ ဖက်ဆစ်တော်လှန်ရေးသမိုင်း၊ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ သမိုင်းနဲ့ လက်ရှိတွင်လည်း အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ လက်တွဲလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို အတူပူးပေါင်း တိုက်ပွဲဝင်လျက်ရှိတဲ့ ချင်းအမျိုးသားခေါင်းဆောင်တွေနဲ့…

Read More

အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ချင်းပြည်နယ်ကို မူလအခြေအနေပြန်ရောက်အောင် အကုန်အကျများစွာနဲ့ အချိန်ယူတည်ဆောက်ကြရမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကပြော

ဖေဖော်ဝါရီလ ၂၀ ရက်။ နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့မှ ဖြစ်ပေါ်လာသော မတည်ငြိမ်မှုကိုအခွင့်ကောင်းယူ၍ တည်ငြိမ်အေးချမ်းနေသောဒေသများကို အကြမ်းဖက်တိုက် ခိုက်ဖျက်ဆီးခဲ့ကြသဖြင့် ချင်းပြည်နယ်အပါအဝင် ဒေသအသီးသီး၌ အပြစ်မဲ့ပြည်သူများရဲ့ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများသာမက ပြည်သူပိုင်အဆောက်အဦများစွာပျက်စီးဆုံးရှုံးကာ မူလအခြေအနေပြန်ရောက်အောင် အကုန်အကျများစွာနဲ့ အချိန်ယူတည်ဆောက်ကြရမှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာကျရောက်တဲ့ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကိုသဝဏ်လွှာပေးပို့ရာမှာပြောပါတယ်။ ” လက်နက်ကိုင်အကြမ်းဖက်မှုတွေရဲ့ဆိုးကျိုးကို လက်တွေ့ခံစားနေရတာက ဒေသခံတိုင်းရင်းသားပြည်သူတွေဘဲဖြစ်ပါတယ်။ ထိခိုက်ဆုံးရှုံးမှုမှန်သမျှဟာလည်း နိုင်ငံတော်ရဲ့ အရင်းအမြစ်နဲ့ အခြေခံအဆောက်အဦတွေဘဲဖြစ်ပါတယ်။ တိုးတက်ဖွံ့ဖြိုးမှုအရှိန်အဟုန်ရရှိနေတဲ့အခြေအနေမှာ အခုလို မဆင်မခြင်လုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးရခြင်းဟာ နိုင်ငံရဲ့အင်အားကိုလျော့ပါးစေပြီး မူလအခြေအနေပြန်ရောက်အောင် အကုန်အကျများစွာနဲ့ အချိန်ယူတည်ဆောက်ကြရမှာဖြစ်ပါတယ်။ နစက အနေနဲ့ဖြစ်ပွားနေတဲ့ လက် နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းဖို့ NCA ပါသ ဘောတူညီချက်တွေအတိုင်း ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ”လို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။ ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်း၌ နိုင်ငံ…

Read More

စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၀)သင်တန်းဖွင့်ပွဲပြုလုပ်၊ ၁ နှစ်အတွင်း အမျိုးသား ၅ သောင်း ကိုစစ်မှုထမ်းဖို့အတွက်စုဆောင်းနိုင်ခဲ့ပြီဖြစ်

ဖေဖော်ဝါရီလ ၁၈ ရက်။ စစ်မှုထမ်း အပတ်စဉ် ၁၀ သင်တန်းတွေကို တိုင်းစစ်ဌာနချုပ် ၆ ခုမှာ မနေ့ ဖေဖော်ဝါရီ (၁၇) ရက်မှာ စတင်ဖွင့်လှစ်တဲ့အကြောင်း စစ် ကောင်စီကသတင်း ဖော်ပြပါတယ်။ စစ်မှုထမ်းအပတ်စဉ် တစ်ခုကို အသက် ၁၈ နှစ်က နေ အသက် ၃၅ နှစ်အကြားက အမျိုးသား လူဦးရေအယောက် (၅၀၀၀) ခေါ်ယူမယ်လို့ သတ်မှတ်ထားတာ ကြောင့် အခုစစ်မှုထမ်းအပတ်စဉ် ၁၀ သင်တန်းဖွင့်လှစ်ပြီဖြစ်လို့ စစ်ကောင်စီတပ်က မြန်မာနိုင်ငံတဝန်းက လူငယ်၊လူရွယ်အမျိုးသား ၅ သောင်းကို စစ်မှုထမ်းဖို့အတွက် စုဆောင်းထားပြီးပြီလို့ယူဆလို့ရပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ကနေ စစ်မှုထမ်းဥပဒေကို အာဏာသိမ်း စစ် ကောင်စီက ပြဌာန်းခဲ့တာဖြစ်ပါတယ်။ နိုင်ငံအဝန်းစစ်မျက်နှာများစွာဖွင့်တိုက် နေရလို့…

Read More

ပထမမျိုးဆက် ချင်းပန်းချီဆရာတွေနဲ့ မျိုးဆက်သစ်ချင်းပန်းချီဆရာတွေ စုပေါင်းပြီး ချင်းအမျိုးသားနေ့မှာ ပန်းချီပြပွဲကျင်းပမယ်

ဖေဖော်ဝါရီလ ၁၇ ရက်။ ချင်းပန်းချီဆရာတွေထဲက Artist Moe Yin Lushai Hills နဲ့ Artist Pu ZoZam တို့ပါ၀င်တဲ့ ပထမမျိုးဆက်ပန်းချီဆရာတွေနဲ့ လက်ရှိမျိုးဆက်သစ် ပန်းချီဆရာတွေ စုပေါင်းကာ လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့ကစလို့ ၅ ရက်အကြာ ပန်းချီပြပွဲ (Inn Lam Art Exhibition) ကိုရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က Izana Gallery မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီပန်းချီပြပွဲမှာပါ၀င်တဲ့ ချင်းလူငယ်ပန်းချီဆရာ ဆလိုင်းနံရံက “ချင်းလူမျိုးပန်းချီဆွဲတဲ့ မျိုးဆက်တွေ အတူပြပွဲလုပ်တဲ့သဘောပါပဲ ပန်းချီဆရာတွေကတော့ လက်လှမ်းမှီသလောက်ပဲလုပ်နိုင်သေးတယ်။ ချင်းပန်းချီဆရာတွေ မစုံသေးဘူး နယ်ဝေးရောက်နေသူတွေ၊ နိုင်ငံခြားရာက်နေသူတွေကိုတော့ လက်လှမ်းမမှီတာတွေရှိတယ်။ Native Chin Art Circle –…

Read More

ကလေးမြို့နယ်နဲ့ မုံရွာမြို့တွေမှာ ၃ ရက်အတွင်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၂၁၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၆ ဦး အပါအဝင် အရပ်သား ပြည်သူ၁၅ ဦးသေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့

ဖေဖော်ဝါရီလ ၁၇ ရက်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မုံရွာမြို့နယ်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ သုံးရက်တာအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၂၁၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၆) ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူ ၁၅ ဦးသေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် ဟောက်ဝှစ်စာနဲ့ လက်နက်ကြီးတွေအသုံးပြုပြီး အရပ်သားပြည်သူနေအိမ်တွေ စစ်ရှောင်စခန်းတွေ ဆေးရုံတွေ နဲ့ စာသင်ကျောင်း ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု…

Read More