စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေဟာ ခွင့်ပြုမိန့်မရပဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိဘူးလို့သိရ
ဇန်န၀ါရီလ ၂၄ ရက်။ မနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေထဲမှာ စစ်မှုထမ်းဖို့ အမိန့်စာဆင့်ခေါ်ခံရသူတွေဟာ ခွင့်ပြုမိန့်မရပဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိဘူးလို့ပြဌာန်းထားကြောင်း သိရပါတယ်။ စစ် ကောင်စီက ဇန်နဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ ပုဒ်မ – ၅၉ ခုပါဝင်ပြီး ပုဒ်မ – ၅၀ မှာ စစ်မှုထမ်းဖို့ ဆေးစစ် အောင်မြင်ပြီးသူတွေဟာ စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ပြုဖို့၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခင် ပြည်ပနိုင်ငံ တွေကို ထွက်ခွာခွင့် မရှိစေရ ဆိုပြီး ပြဌာန်း ထားတာဖြစ်ပါတယ်။ ပုဒ်မ – ၅၁ မှာ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့…

