တီးတိန်မြို့နယ်မှာ ဇိုမီးအမျိုးသားပါတီက ၂ နေရာ၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အနိုင်ရရှိ
ဒီဇင်ဘာလ ၂၉ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့ မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်ကော်မရှင်ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ ဇိုမီးအမျိုးသားပါတီ(ZNP) က အမျိုးသားလွှတ်တော် (FPTP)မဲဆန္ဒနယ် နှင့် ပြည်နယ် လွှတ်တော် (FPTP)မဲဆန္ဒနယ်တို့မှာ လည်းကောင်း၊ ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှာ လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့တယ်လို့ Chin World Media ရဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ တီးတိန်မြို့ နယ် ရှိ တီးတိန်မြို့ နှင့် ခိုင်ကမ်းမြို့ တို့မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အတွက် တီးတိန်မြို့ပေါ် ရပ်ကွက် (…

