၂၀၂၅ ရွေးကောက်ပွဲ အပိုင်း ၁ ကို ဟားခါး၊တီးတိန်၊ခိုင်ကမ်းမြို့ပေါ် ရပ်ကွက်များမှာသာ ပြုလုပ်မည်
ဒီဇင်ဘာလ ၆ ရက်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ချင်းပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈၄ ခု နှင့် ရပ်ကွက် ၂ ခုမှာ ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိတဲ့ အတွက် ရွေးကောက်ပွဲများ ကျင်းပမည် မဟုတ်ကြောင်း၊ဟားခါး၊တီးတိန်နှင့်ခိုင်ကမ်းမြို့ပေါ်ရှိ ရပ်ကွက် ၁၆ ခုမှာသာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း အာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒီဇင်ဘာလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဟားခါးမြို့မှာ မြို့ ၂ ခု၊ ကျေးရွာ ၆၈ ရွာ ရှိပြီး ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု…

