ဟားခါးမြို့က တင်ဒါကုမ္ပဏီတချို့နဲ့ လူပုဂ္ဂိုလ်တချို့ကို CDF – Hakha က အမည်ပျက်စာရင်းကြေညာထားပြီး လာရောက်ဖြေရှင်းကြဖို့သတိပေး
ဇန်နဝါရီလ ၁၅ ရက်။ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်က တင်ဒါကုမ္ပဏီတချို့နဲ့ လူပုဂ္ဂိုလ်တချို့ကို အမည်ပျက်စာရင်း ကြေညာပြီး ၎င်းတို့အနေဖြင့် ၁၅ ရက်အတွင်း လာရောက်ဖြေရှင်းခြင်းမရှိရင် ပိုင်ဆိုင်မှုတွေ သိမ်းပိုက်ပြီး ဟားခါးမြို့နယ်အတွင်း စီးပွားရှာနေထိုင်သွားလာခွင့် ပိတ်ပင်သွားမယ်လို့ CDF – Hakha Central Council က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ CDF – Hakha Central Council က ကြေညာတဲ့ အမည်ပျက်စာရင်းမှာ ပါရှိတဲ့ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တွေဟာ စစ်အုပ်စုရဲ့ အစေတော်ခံ ဒုတိုင်းမှူး၊ ဗျူဟာမှူးကအစ ၊ ဝန်ကြီးချုပ် နဲ့ ဝန်ထမ်းတွေ အားလုံးနဲ့ပူးပေါင်းပြီး အကျင့်ပျက်ခြစားမှုနဲ့ ကိုယ်ကျိုးအတွက် နာမည်မျိုးစုံနဲ့ ကုမ္ပဏီတွေထောင်နေကြတာလို့လည်း ဖော်ပြထားပါတယ်။ တင်ဒါလုပ်ငန်းတွေမှာလည်း…

