ပလက်ဝမြို့နယ်မှာ AA က ၄၅ ရက် စစ်သင်တန်းတက်ဖို့ အတင်းလူစုဆောင်းလို့ ဒေသခံအမြောက်အများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ
ဇန်နဝါရီလ ၂၈ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကစလို့ အာရက္ခတပ်တော် ( AA) က စစ်သင်တန်း ၄၅ ရက် တက်ရောက်ဖို့ အတင်းအဓမ္မနာမည်စာရင်းကောက်ယူတာတွေ လူဖမ်းဆီးတာတွေ လုပ်နေလို့ ဒေသခံတွေဟာ ရရာလမ်းကြောင်းတွေနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ အာရက္ခတပ်တော် ( AA) က စစ်သင်တန်း ၄၅ ရက်တက်ရောက်ဖို့ ပြီးခဲ့တဲ့နိုဝင်ဘာလ ကစလို့ ပလက်ဝမြို့ပေါ်မှာ ဟောပြောတာ ၊ စာရင်းကောက်ယူတာတွေ အရင်လုပ်ခဲ့ပြီးနောက် ပလက်ဝအောက်ပိုင်းက ရွာတွေမှာ တစ်ရွာဝင် တစ်ရွာထွက်တောက်လျောက်လုပ်သလို ပလက်ဝအထက်ပိုင်းက ရွာတွေမှာလည်း အခုဇန်နဝါရီလကစလို့ တောက်လျှောက် လုပ်လာတာကြောင့် ဒေသခံ ခူမီးချင်းတိုင်းရင်းသား ကျားမ မရွေးအကုန်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။…

