Headlines

ပလက်၀‌ဒေသခံများနဲ့ပတ်သက်ပြီး ULA/AA ကို တောင်းဆိုချက် (၄) ချက် တောင်းဆိုကြောင်း CHRO ထုတ်ပြန်

ဩဂုတ်လ ၉ ရက်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဒေသခံပြည်သူများနဲ့ပတ်သက်ပြီး ပလက်ဝ‌ဒေသအား ထိန်းချုပ်ထားတဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) ကို တောင်းဆိုချက် ၄ ချက် တောင်းဆိုကြောင်း ဒီကနေ့ ဩဂုတ်လ (၉) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဌာနတိုင်းရင်းသားများနေ့ (International Day of the World’s Indigenous Peoples) မှာထုတ်ပြန်ပါတယ်။ CHRO ရဲ့ အဆိုပါတောင်းဆိုချက် ၄ ချက်ကတော့ “ပလက်ဝရှိ ဌာနေတိုင်းရင်းသားများအား အတင်းအဓမ္မပေါင်းစည်းမှု၊ ယဉ်ကျေးမှုဖိနှိပ်မှုနှင့် ပိုင်ဆိုင်မှုဖယ်ရှားမှုဆိုင်ရာလုပ်ရပ်များ ချက်ချင်းရပ်တန့်ရေး၊ ဒေသခံအသိုက်အဝန်းများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးအခွင့်အရေးများကို အပြည့်အဝလေးစားရေး၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူထုခေါင်းဆောင်များကို အကြမ်းဖက်မှု၊ အမြတ်ထုတ်မှုနှင့် ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးရေး၊ မိမိတို့၏ ကိစ္စရပ်များကို…

Read More

CSARN မှ ချင်းအမျိုးသမီး ၈ ယောက်အတွက် အမေရိကန်ဒေါ်လာ ၂,၀၀၀ တန် Research Fellowship များ ပေးအပ်မည်

( ချင်းအမျိုးသမီးများအတွက် ထူးခြားသောအခွင့်အလမ်း ) Chin State Academic Research Network (CSARN) မှ ယခုအပတ် အတွင်း ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ ချင်းအမျိုးသမီး ၈ ယောက်အတွက် ၁ ဦးလျှင် အမေရိကန်ဒေါ်လာ (USD) ၂,၀၀၀ စီ တန်ဖိုးရှိသော Research Fellowship များ ပေးအပ်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ CSARN) မှ ခေါ်ယူနေတဲ့ Research Fellowship များအတွက် ရွေးချယ်ခံရမယ့် ချင်းပြည်နယ်မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ ချင်းအမျိုးသမီး ၈ ယောက်အတွက် ၁ ဦးလျှင် အမေရိကန်ဒေါ်လာ (USD)…

Read More

ပလက်ဝမြို့နယ်မှာ ကလေးငယ် ၂ ဦးသာရှိနေတဲ့အချိန်အိမ်မီးလောင်မှုဖြစ်ခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရ

ဩဂုတ်လ ၈ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်း၊ ပကာဝကျေးရွာမှာ သြဂုတ်လ ၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ ကလေးငယ် ၂ ဦးသာ ရှိတဲ့အချိန် နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး နေအိမ်ထဲရှိ ကလေးငယ်တွေကိုတော့ အချိန်မီကယ်ထုတ်နိုင်ခဲ့လို့ လူထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပကာဝကျေးရွာမှာ မီးလောင်မှုဖြစ်ခဲ့တဲ့ အိမ်ရှင် ဇနီးမောင်နှံက တောင်ယာမှာ ညအိမ်သွားတဲ့အချိန် မီးလောင်မှုဖြစ်ခဲ့ပြီး အိမ်မှာကျန်ခဲ့တဲ့ ၈ နှစ်အရွယ်၊ ၁၀ နှစ်အရွာယ် ကလေး ၂ ဦးကိုတော့ ရွာသားတွေက အချိန်မီကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝ ဒေသခံတစ်ဦးက “ သူတို့မွေးထားတဲ့ ဆိတ်တွေကို ပိုးမွှားတွေ မကိုက်အောင် ညဘက် ကလေးတွေက မီးမွှေးထားပြီး အိပ်တဲ့ချိန် ည…

Read More

ဇိုမီးအမျိုးသားပါတီ (ZNP) ကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြု

ဩဂုတ်လ ၈ ရက်။ ဩဂုတ်လ ၇ ရက်နေ့မှာ ဇိုမီးအမျိုးသားပါတီ (Zomi National Party) ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု ထားလိုက်ပြီ ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာများရဲ့ ဖော်ပြချက်များအရ သိရှိခဲ့ရ ပါတယ်။ ဇိုမီးအမျိုးသားပါတီ (ZNP) ကို မှတ်ပုံတင်ခွင့်ပြုကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ ၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့် ပြုတယ်လို့ ဖော်ပြထားကာ ZNP ပါတီ ရဲ့ ပါတီမှတ်ပုံတင် အမှတ်ဟာ(၅၉) ဖြစ်တယ် လို့လည်း ဆိုထားပါတယ်။ ဇိုမီးအမျိုးသားပါတီဟာ ၂၀၂၅…

Read More

ဟားခါးမြို့ပေါ်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ရဲအုပ်တစ်ဦးသေဆုံး

ဩဂုတ်လ ၇ ရက်။ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့လယ်ခေါင်မှာ ဒီကနေ့ သြဂုတ်လ (၇) ရက်နေ့ နေ့လည်ပိုင်းလောက်က ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား ထိတွေ့ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ရဲအုပ်တစ်ဦးသေဆုံးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ပါတယ်။ ဟားခါးဒေသခံတစ်ဦးက “ ဒီကနေ့ ၁၁ နာရီဝန်းကျင်လောက်မှာ မြို့ပေါ်တနေရာမှာ လက်နက်ငယ်၊ လက်နက်ကြီးသံတွေ ကြားကြရတယ်၊ဘယ်ရပ်ကွက်မှာဖြစ်တာလဲဆိုတာတော့ အတိအကျ မသိဘူး၊ဟားခါးမှာ အခုတလော နေ့တိုင်းလိုလိုသေနတ်သံတွေကြားနေရတယ်၊ ဟိုတလောက စကစရွေးကောက်ပွဲကြောင်းပြောကတည်းကနေ နေ့တိုင်းလိုလိုပစ်ခတ်သံရှိတယ် “လို့ပြောပါတယ်။ ဟားခါးမြို့က ရဲအုပ်ဟာ ကားမောင်းနေစဉ် ပစ်ခတ်မှုခံခဲ့ရတာဖြစ်ပြီး ရဲစခန်းဘက်ကို ထွက်ပြေးတိမ်းရှောင်ပေမယ့် ရဲစခန်းအတွင်း ရောက်တဲ့အချိန် ဒဏ်ရာပြင်းထန်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့လည်း CHRO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဟားခါးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ညကလည်း မြို့တွင်းပစ်ခတ်မှုတွေ…

Read More

ချင်းတောင်ကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်သား ၁၉ ဦး လက်နက်ခဲယမ်းတွေနဲ့ အတူ အလင်းဝင်ခဲ့တယ်လို့ ထုတ်ပြန်

ဩဂုတ်လ ၇ ရက်။ ချင်းတောင်ကို ကလေးမြို့ကနေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၁၉ ဦးဟာ လက်နက်ခဲယမ်းအပြည့်အစုံတွေနဲ့ Ranger Kalay Defend Force ထံ အလင်းဝင်ခဲ့တယ်လို့ သြဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။ ကလေးမြို့ကနေ ချင်းတောင်ကို စစ်ကြောင်းထိုးခဲ့တဲ့ မေလက စတင်ပြီး ဇူလိုင်လ အတွင်း အလင်းဝင်လာသူတွေဖြစ်ပြီး အလင်းဝင်လာသူတွေထဲက ၁၈ ဦးဟာ အတင်းအဓမ္မစစ်မှုထမ်းရန် ဖမ်းဆီးခံရသူတွေဖြစ်ပြီး ကျန် ၁ ဦးက ဒုတပ်ကြပ်အဆင့် ရှိသူဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ အလင်းဝင်လာတဲ့ စစ်သည် ( ၁၉ ) ဦးက လက်နက်ငယ် ၃လက် ၊ ကပစကျည် ၈၀၀ ၊ ကျည်ဘောက် ၂၀ ၊…

Read More

ချင်းပြည်နယ်မှာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ရှားပါးတာကြောင့် M.B.B.S ဆေးပညာသင်တန်း ဖွင့်လှစ်မယ်လို့ သိရ

ဩဂုတ်လ ၅ ရက်။ ချင်းပြည်အတွင်း ကြုံတွေ့နေရသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်းကို ကျော်လွှားနိုင်ရန်၊ ပိုမိုလိုအပ်သောနေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ကစတင်ပြီး Bachelor of Medicine, Bachelor of Surgery (M.B.,B.S) သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်တယ်လို့ Chinland Council က ဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရ၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့သြဂုတ်လ ၅ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒီသင်တန်းကို Interim University Council, Univeristy of Medicine 1 နှင့် Ministry of Health and Sports, Government of Chinland တို့ပူးပေါင်းပြီး ဖွင့်လှစ်မှာလို့လည်း ထုတ်ပြန်ထားပါတယ်။…

Read More

CDF – Kanpetlet ကတာဝန်ပေးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကလွဲရင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ လက်ဝယ်ပိုင်ဆိုင်ထားရှိသူတွေကို အရေးယူမယ်လို့ CDF – Kanpetlet က ထပ်မံ သတိပေး

ဩဂုတ်လ ၆ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကို CDF – Kanpetlet ကတာဝန်ပေးအပ်ခံရတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှအပ တိုက်ခိုက်ရေးမောင်းပြန် ရိုင်ဖယ်အမျိုးမျိုး ၊ စစ်သုံးကျည်ဆံအမျိုးမျိုး၊ ဖောက်ခွဲရေးပစ္စည်း အမျိုးမျိုး၊ စကားပြောစက်အမျိုးမျိုး ၊ ဒရုန်းနဲ့ စက်ဘက်ဆိုင်ရာသုံး မည်သည့်ပစ္စည်းမဆို တရားမဝင်လက်ဝယ် ပိုင်ဆိုင်ထားရှိတာ၊ ရောင်းဝယ်ဖောက်ကားတာ မပြုလုပ်ဖို့နဲ့ အကယ်လို့ စုံစမ်းစစ်ဆေးတွေ့ရှိရင် စစ်ဘက်ဆိုင်ရာ ဥပဒေအရ ထိထိရောက်ရောက် အပြစ်ပေး အရေးယူဆောင်ရွက်သွားမယ်လို့ ထပ်မံသတိပေးတဲ့ကြောင်း သြဂုတ်လ ၆ ရက်နေ့မှာ CDF – Kanpetlet ကထုတ်ပြန်ပါတယ်။ လက်ရှိကန်ပက်လက်မြို့နယ် CDF – Kanpetlet ထိန်းချုပ်ဧရိယာအတွင်း နယ်မြေတည်ငြိမ် အေးချမ်းမှုမရှိစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားပြည်သူတစ်ချို့ကို တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ်တွေ Short Gun…

Read More

တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းများ ကိုဒေသခံများမှ ကိုယ်ထူကိုယ်ထပြုပြင်နေရ

ဩဂုတ်လ ၅ ရက်။ တီးတိန်မြို့နယ် အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းမ ဖြစ်သည့် တီးတိန်-မံဆောင်း -လိုင်တွီး- ရိဒ် လမ်းပိုင်း အပါအဝင် တခြား လမ်းသွယ်များရှိ ပျက်စီးနေသော လမ်းပိုင်းများကို ဒေသခံများမှ ကိုယ်ထူကိုယ်ထ ပြုပြင် နေရတယ် လို့ ဒေသခံများရဲ့ ပြောပြချက် အရ သိရှိခဲ့ရ ပါတယ်။ “လိုင်တွီးရွာ နှင့် တီအိုချောင်း (ရိဒ်) ကြား က လမ်း အတော် ပျက်စီးတယ်။ လိုင်တွီးရွာ ကား အသင်း နဲ့ တီအိုဘက် ကားအသင်းတွေ ပူးပေါင်းပြီး ပြင်ဆင်နေပါတယ်” လို့ ဒေသခံ တစ်ဦး ထံမှ ပြောပါတယ်။ မဏိပူရမြစ်ကို ဖြတ်ကူးပြီး သွားလာနိုင်တဲ့ တီးတိန်-ကပ်တဲလ်- လဲင်းတန် လမ်းဟာ လည်း…

Read More

ရန်ကုန်သွားမယ့် ရခိုင်လူငယ်တွေကို စက်လှေပေါ်လိုက်ပါစီးနင်းခွင့်ပေးမိတဲ့ ချင်းအမျိုးသားတစ်ဦးကို AA ဖမ်းဆီးသွားကာ အဆက်အသွယ်မရဖြစ်နေ

ဩဂုတ်လ ၅ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒေသ ၂ ဒိုင်ရ်ဒေသ၊ ခိုက်ခါအုပ်စု၊ ဘူးချောင်းဝကျေးရွာနေ စက်လှေမောင်းတဲ့ ချင်းအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်သွားမယ့် ရခိုင်ပြည်က ရခိုင်လူငယ်တွေကို သူစက်လှေပေါ် စီးနင်းလိုက်ပါခွင့်ပေးမိလို့ ပလက်ဝမြို့နယ် သံထောင်ဂိတ်မှာ အာရက္ခတပ်တော်(AA)ရဲ့ ဖမ်းဆီးတာ ခံရပြီး ဒီကနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဖမ်းဆီးခံရတဲ့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ နီးစပ်တဲ့ ပလက်ဝဒေသခံတစ်ဦးက “အဖမ်းခံရတာ ဇူလိုင်လ ၂၀ ရက်နေ့က ဖြစ်တယ် သူကမြောက်ဦးဘက်ကို ရခိုင်ကုန်သယ်တွေရဲ့ ကုန်ပစ္စည်းတွေကို သွားပို့ပြီး အပြန်မှာ ရခိုင်လူငယ်တွေက လိုက်ချင်တယ်လို့ ပြောလို့ တင်လာတာဖြစ်တယ် အဲဒါ သံထောင်ရွာက AA ဂိတ်မှာ အကုန်လုံးအဖမ်းခံရတယ်။ AA…

Read More