Headlines

ဟားခါးမြို့နားက တောတောင်တွေမှာ ပြည်သူများ သွားလာလှုပ်ရှားခြင်း မပြုလုပ်ကြဖို့ CDF – Hakha မှ ထုတ်ပြန်

ဖေဖော်ဝါရီလ ၉ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့အနီးအနားရှိ တောတောင်ဒေသတွေ အတွင်း ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ လုံခြုံရေး အခြေအနေတွေကြောင့် ပြည်သူများသွားလာလှုပ်ရှားခြင်း မပြုလုပ်ကြဖို့ CDF – Hakha တပ်ဖွဲ့က အများပြည်သူကို အသိပေးထုတ်ပြန်ထားပါတယ်။ အခုလိုထုတ်ပြန်ရတာဟာ လုံခြုံရေးနှင့် သက်ဆိုင်တဲ့ အခြေအနေတွေကြောင့် အန္တရယ်ဖြစ်ပေါ်လာနိုင်တာဖြစ်လို့ ပြည်သူလူထုရဲ့ အသက်အန္တရာယ် ကာကွယ်ရေးအတွက် အခုလို ကန့်သတ်သတ်မှတ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အသိပေးထုတ်ပြန်ချက်နဲ့ ပက်သက်ပြီး အများပြည်သူအနေဖြင့် လေးနက်စွာ လိုက်နားပေါင်း ဆောင်ရွက်ကြဖို့ကိုလည်း မေတ္တာရပ်ခံတယ်လို့ CDF – Hakha က ထုတ်ပြန်ပါတယ်။ CDF – Hakha တပ်ဖွဲ့ဟာ ဟားခါးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆…

Read More

ဖမ်းဆီးထားတဲ့ ဘိန်းခင်း အလုပ်သမား ၂၀၀ ခန့်ကို ပြည်သူစစ်မှုထမ်းကောင်း ဖြစ်အောင်ပျိုးထောင်မယ်လို့ ZFU ထုတ်ပြန်

ဖေဖော်ဝါရီလ ၉ ရက်။ ဘိန်းစိုက်ပျိုးမှုကို အခါ အားလျော်စွာ တားမြစ်ခဲ့ပြီး ဖြစ်သော်လည်း ဆက်လက် လုပ်ကိုင် နေတဲ့အတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း တီးတိန်မြို့နယ်ဘိန်းခင်းတွေက ဖမ်းဆီးလာတဲ့အလုပ်သမားများကို ပြည်သူ စစ်မှုထမ်းကောင်း ဖြစ်သည် အထိ ပြုစု ပျိုးထောင်သွားမယ်လို့ တီးတိန်မြို့နယ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ တခု ဖြစ်တဲ့ ဇိုမီး ဖက်ဒရယ် အစည်းအရုံး (ZFU/PDF-Zoland)ကဖေဖော်ဝါရီလ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။ ZFU/PDF-Zoland အဖွဲ့ဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တီးတိန်မြို့နယ်၊ လေသာတောင် အရှေ့ဘက် ရှိ ဘိန်းခင်းများမှာ နေ့စား အလုပ်သမား အဖြစ် ဒေသစုံကနေ သွားရောက် လုပ်ကိုင်နေတဲ့ အလုပ်သမား ပေါင်း ၂၀၀ ခန့်ကို…

Read More

ဖလမ်းမြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ လူဦးရေ ၆၀၀ ကျော်ကို အခြေခံစားနပ်ရိက္ခာနဲ့ မိုးကာတွေ သွားရောက်လှူဒါန်းနေတယ်လို့ CNO ထုတ်ပြန်

ဖေ ဖော်ဝါရီလ ၅ ရက်။ ဖလမ်းမြို့နယ်အတွင်း နဲ့ မြေပြန့်ဒေသ အပါအဝင် မီဇိုရမ်ပြည်ကို ရောက်ရှိနေတဲ့ ဖလမ်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူ လူဦးရေအားဖြင့် ၆၀၀ ကျော်ကို CNO က အခြေခံစားနပ်ရိက္ခာတွေနဲ့ မိုးကာတွေ သွားရောက်လှူဒါန်းနေတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO ) ရဲ့ Humanitarian Department မှ အတွင်းရေးမှူး Cung Ngai က ပြောပါတယ်။ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) , Humanitarian Department မှ အတွင်းရေးမှူး Cung Ngai က “အခုကတော့ ဖလမ်းမြို့နယ်ထဲမှာပေးနေတယ် မြေပြန့်ဘက်လည်း ပါဝင်တယ် အခုပေးတဲ့ဟာတွေက လောလောဆယ်တော့ မပြီးသေးဘူး ကျန်နေသေးတယ် လူဦးရေအားဖြင့် ပေးရဖို့က ၆၀၀ ကျော်လောက်ဖြစ်တယ်…

Read More

ဟားခါးမြို့မှာ မှတ်ပုံတင်ပြုလုပ်ရာမှာ ကြားခံပွဲစားတွေကြောင့် ဈေးသိန်းချီပိုပေးနေရတယ်လို သိရ

ဖေဖော်ဝါရီလ ၄ ရက်။ ရွှေ့ပြောင်းအခြေချသူဦးရေများစွာရှိတဲ့ ချင်းပြည်နယ်မြိုတော် ဟားခါးမြို့မှာ မှတ်ပုံတင်အသစ်ပြုလုပ်တာ စတဲ့ ကိစ္စတွေအတွက် ကြားခံပွဲစားတွေကြောင့် ဈေးသိန်းချီပိုပေးနေရတယ်လို ဟားခါးမြိုဒေသခံတွေဆီကနေ သိရပါတယ်။ မှတ်ပုံတင်အသစ်ပြုလုပ်ချင်သူတွေအနေဖြင့် ဟားခါးမြိုပေါ်မှာ လူကိုယ်တိုင်မရှိရင် လုပ်ဆောင်ပေးခ ၅ သိန်းခန့်ပေးဆောင်ရပြီး လူကိုယ်တိုင် ဟားခါးမြိုမှာရှိရင် ၂ သိန်းခန့် ပေးဆောင်ရတယ်လို ဟားခါးမြိုကို ရွှေ့ပြောင်းနေထိုင်ကြသူတွေဆီကနေ သိရပါတယ်။ ဟားခါးမြို့နေဒေသခံတစ်ဦးက “ကျနော်ကတော့ ကိုယ်တိုင်လဝကရုံးသွား ဖောင်ဖြည့်ပြီးလုပ်တာ လက်ဖက်ရည်ဖိုးဆိုပြီး တစ်သောင်းငါးထောင်လောက်ပဲ ပေးခဲ့တယ် အခုက ဗမာ၊ ရခိုင် ပြီးတော့ ပလက်ဝဘက်က ဒေသခံတွေ ဟားခါးရောက်လာတော့ အရင်က ပွဲစားမလိုတာတွေတောင် သူတိုရောက်မှ လိုတော့တာ ဘာလိုလည်းဆိုရင် ကြားခံပေးတဲ့သူရှိရင် အမြန်လည်း ရတာပေါ့ အများအားဖြင့် ရုံးက အငယ်တွေက ပြည်မဖက်က ဓလေ့အကျင့်တွေ သယ်လာကြတာ…

Read More

ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့

ဖေဖော်ဝါရီလ ၃ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ကလေး – သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ တတိယစစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲအကြား ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲဘက်က ဗိုလ်မှူးအပါအဝင် စစ်ကော်မရှင်တပ်သား အယောက် ၃၀ ဝန်းကျင် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သလို လက်နက်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ Chin World Media ကို စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ်က “သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း ၃ ကြောင်းမြောက်က ဗိုလ်မှူးအပါအဝင် အယောက် ၃၀ လောက်သေဆုံးတယ်လို ဒဏ်ရာရတာကလည်း ၂၀ ကျော်လောက် ဒဏ်ရာရသလို လက်နက် သိမ်းဆည်းမှုတွေလည်း အများအပြားရကြတယ်လို သတင်းပိုပါတယ်” လို့ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်း စစ်ကော်မရှင်တပ်ဖွဲ…

Read More

ချင်းပြည်နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးထက် မသမာမှုမရှိ၊ ရိုးရိုးသားသား ဖြေဆိုခြင်းဟာ ပထမ ဦးစားပေးဖြစ်တယ်လို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကပြော

ဖေဖော်ဝါရီလ ၂ ရက်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်နည်းဆုံးပြည်နယ်ဖြစ်ခဲ့တဲ့ ချင်းပြည်နယ်မှာ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း အောင်ချက်မြင့်မားရေးထက် မသမာမှုမရှိ၊ ရိုးရိုးသားသား ဖြေဆိုခြင်းသည်သာ အဓိက ပထမ ရည်ရွယ်ချက်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကော်မရှင်ခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ ချင်းပြည်နယ် ခရိုင် (ပြန်/ ဆက်) ရဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီအစည်းအဝေးကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်တဲ့ အစည်းဝေးမှာ ချင်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ ဝုန်ဆွန်းထန်က ပြောကြားခဲ့တာလို့ ဆိုပါတယ်။ ချင်းပြည်နယ်ရဲ့ စုပေါင်းထုတ်ကုန် တန်ဖိုးကျဆင်းခြင်းထက် အကျင့်စရိတ္တပျက်ပြားခြင်းက ပို၍ကြောက်ဖို့ကောင်းကြောင်းနဲ့ ၂၀၂၆ ခုနှစ်အတွင်း ကျင်းပမယ့်…

Read More

အာဏာသိမ်း ၅ နှစ်အတွင်း ချင်းလူမျိုး ၁,၁၈၃ ဦး သေဆုံးခဲ့ရတယ်လို ICA ထုတ်ပြန်

ဖေဖော်ဝါရီလ ၂ ရက်။ ၂၀၂၁ခုနှစ်ကနေ ၂၀၂၆ ခုနှစ် စစ်အာဏာသိမ်း ၅ နှစ်အတွင်း စစ်အုပ်စုကြောင့် ချင်းလူမျိုး ၁,၁၈၃ ဦး သေဆုံးခဲ့ရပြီဖြစ်ပြီး သေဆုံးသူအများစုဟာ အရပ်သားပြည်သူတွေ၊ ဆန္ဒပြသူတွေ၊ တော်လှန်ရေးတပ်ဖွဲဝင်တွေ ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူတွေဖြစ်တယ်လို ချင်းရေးရာအဖွဲချုပ် (ICA) ရဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရသိပါတယ်။ အာဏာသိမ်း စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသူဦးရေ ၁၁၈၃ ဦးတိုဟာ အသက်အရွယ်အားဖြင့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိသူ ၄၉၇ ဦး ဖြင့် အများဆုံးဖြစ်ပြီး၊ အသက် ၃၆ နှစ်အထက် ၁၅၄ ဦး၊ အသက် ၁၁ ကနေ ၁၇ နှစ်အတွင်းရှိသူ ၄၈…

Read More

အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ချင်းပြည်နယ်က မြိုနယ် ၇ မြိုနယ်ကို နောက်ထပ်ရက်ပေါင်း ၉၀ သက်တမ်းတိုး

ဇန်န၀ါရီလ ၃၀ ရက်။ အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ချင်းပြည်နယ်က မြိုနယ် ၇ မြိုနယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုရှိ မြိုနယ်ပေါင်း ၆၃ မြိုနယ်ကို နောက်ထပ်ရက်ပေါင်း ၉၀ အထိ ထပ်မံတိုးလိုက်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြေညာပါတယ်။ ချင်းပြည်နယ်က ချင်းကာကွယ်ရေးတပ်ဖွဲတွေထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြိုနယ်၊ ထန်တလန်မြိုနယ်၊ ပလက်ဝမြိုနယ်၊ တွန်းဇံမြိုနယ်၊ မင်းတပ်မြိုနယ်၊ မတူပီမြိုနယ်နဲ့ ဖလမ်းမြိုနယ်တွေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုရှိ မြိုနယ်ပေါင်း ၆၃ မြိုနယ်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တုန်းက အရေးပေါ်အခြေအနေကြေညာကာ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားရာကနေ ရက် ၉၀ ထပ်မံတိုးလိုက်တဲ့ကြောင်း…

Read More

ရွေးကောက်ပွဲမှာ ရှုံးနှိမ့်ခဲ့ခြင်းဟာ နက်ရှိင်းတဲ့ နိုင်ငံရေးပြဿနာတွေရဲ့ လက္ခဏာသာဖြစ်တယ်လို ချင်းပြည်သစ်ကွန်ဂရက်ပါတီထုတ်ပြန်

ဇန်နဝါရီလ ၂၉ ရက်။ ရွေးကောက်ပွဲမှာ ရှုံးနှိမ့်ခဲ့ခြင်းဟာ နက်ရှိင်းတဲ့ နိုင်ငံရေးပြဿနာတွေရဲ့ လက္ခဏာသာဖြစ်တယ်လို အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ ပါတီစုံရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCCP)က ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။ အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေကြောင့် မဲပေးခွင့် အခွင့်အရေးဆုံးရှုးရတာဟာလည်း ဒီမိုကရေစီစနစ်ရဲ့ အခြေခံအခွင့်အရေးကို ထိခိုက်စေတဲ့ အဖြစ်အပျက်ဖြစ်တယ်လို ဆိုပါတယ်။ ရွေးကောက်ပွဲတစ်ခုတည်းက လူမှုအဖွဲအစည်းအတွင်းရှိ မညီမျှမှုတွေ၊ စွမ်းအားမညီမျှမှုတွေကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းမဟုတ်သလို ချင်းပြည်သစ်ကွန်ဂရက်ပါတီလို တိုင်းရင်းသားပါတီငယ်တွေ အခုရွေးကောက်ပွဲမှာ အများစုမဲမရပေမယ့် သင်တိုရဲ့ အသံ ၊ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေဟာ အရေးပါဆဲဖြစ်တယ်လိုလည်း ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCCP)က ဆိုပါတယ်။ လက်ရှိအခြေအနေကို လက်ပိုက်ကြည့်ရှုနေရန်မဟုတ်ဘဲ ပိုမိုတရားမျှတတဲ့ ရွေးကောက်ပွဲစနစ်တစ်ခုအတွက် ဆက်လက်တိုက်ပွဲဝင်ကြရန်ဖြစ်ပြီး ပြည်သူတွေ မဲပေးခွင့် လွတ်လပ်စွာရရှိရန် ၊…

Read More

တီးတိန်မြို့နယ် New Suangpi ရွာမှာ စစ်ရှောင်ရွာသား ၁ ဦး မိုင်းနင်းမိ ပြီး ခြေထောက် တဖက် ဖြတ်ခဲ့ရ

ဇန်နဝါရီလ ၂၈ ရက်။ ဇန်နဝါရီလ ၂၅ ရက်နေ့က တီးတိန်မြို့နယ် New Suangpi ရွာမှာ စစ်ရှောင်ရာကနေ နေအိမ်ကို စောင့်ကြည့်ဖို့ ပြန်လာတဲ့ ရွာသားအသက် ၃၈ နှစ် အရွယ် Pa Khuang Tin Mang ဟာ ရွာအဝင်ဝ ကနေ မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက် တဖက် ဖြတ်တောက်ခဲ့ရတယ် လို့ တီးတိန်ဒေသခံများ ထံမှ သိရှိရ ပါတယ်။ “စစ်ကောင်စီ စစ်သားတွေ စစ်ကြောင်းထိုး ချီတက်လာတာကြောင့် New Suangpi တရွာလုံး နီးစပ်ရာ ရွာတွေ၊ တောင်ယာတဲ တွေမှာ စစ်ရှောင် ထွက်ပြေးခဲ့ရတယ်။ ရွာထဲကနေ စစ်သားတွေ ထွက်ခွာသွားတဲ့ သတင်း ကြားတာနဲ့ အိမ်ကို သွားကြည့်ဖို့ ရွာထဲပြန်လာတော့…

Read More