UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ Joshua Van ကို အမေရိကန်က ချင်းအဖွဲ့အစည်းတွေက ခမ်းနားစွာ ဂုဏ်ပြုမယ်
ဒီဇင်ဘာလ ၁၆ ရက်။ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ရရှိထားတဲ့ Joshua Van ကို အမေရိကန်ပြည်ထောင်စု အင်ဒီယားပူလစ်မြို့ရှိ Chin Evangelical Baptist Church Life Center မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အမေရိကန်ရောက်ချင်းအဖွဲ့အစည်းတွေက ခမ်းနားစွာ ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇) ရက်နေ့ပြုလုပ်တဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲမှာ မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသားလူငယ် ဖိုက်တာ Joshua Van က ပြိုင်ဘက်ကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူပြီး UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆွတ်ခူးရခဲ့ပါတယ်။ ချင်းလူငယ် Joshua Van ချန်ပီယံခါးပတ်ရရှိတာကြောင့် UFC လောကမှာ ဒုတိယအသက်အငယ်ဆုံး ချန်ပီယံဖြစ်တဲ့အပြင် အာရှတိုက်တစ်ခုလုံးရဲ့…

