မီဇိုရမ်ပြည်နယ်တွင်းရှိ စစ်ရှောင်များ၏ ဇီ၀ဆိုင်ရာအချက်အလက်ကောက်ယူမှု ၉၃ ရာခိုင်နှုန်းပြီးစီး
ဖေဖော်၀ါရီလ ၂၄ ရက်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်တွေရဲ့ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူမှု ၉၃ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်းနဲ့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကိုလည်း မကြာခင် အပြီးသတ်နိုင်ဖို့ အာဏာပိုင်တွေက ရည်မှန်းထားတယ်လို့ ဖေဖော်၀ါရီလ ၂၃ ရက်နေ့က India Today သတင်းဌာနမှာဖော်ပြပါတယ်။ ပြည်ထဲရေးဝန်ကြီး K. Sapdanga က “ပြည်ထောင်စုပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်နေတဲ့ ဒီ Biometric ကောက်ယူမှုဟာ အခုဆိုရင် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်သလို ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ စာရင်းတွေအရ မြန်မာစစ်ဘေးရှောင်တွေရဲ့ Biometric ကောက်ယူမှု ၉၃ ရာခိုင်နှုန်း ပြီးစီးသွားပါပြီ။ ကျန်နေတဲ့ အပိုင်းတွေကိုလည်း အမြန်ဆုံး အပြီးသတ်နိုင်အောင် ဆောင်ရွက်နေပါတယ်” လို့ ဆိုပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရရဲ့…

