Headlines

admin

ကလေးမြို့အကျဉ်းထောင်က လွတ်ရက်စေ့တော့မယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချခံရသူ တချို့ ထပ်လွှတ်ပေး

ဒီဇင်ဘာလ ၂ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်နှစ်ရှည်ထောင်ဒဏ်ချခံထားရသူတချို့ကို ထပ်မံပြန်လွှတ်ပေးခဲ့ တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ မနေ့က ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ ပြန်လွတ်ပေးလိုက်တဲ့အထဲ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂ ဦးနဲ့ အမျိုးသား ၉ ဦး စုစုပေါင်း ၁၁ ဦးကို ပြန်လွတ်ပေးခဲ့တာလို့ နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတစ်ဦးက “မနေ့က ကလေးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၅၂ (က)၊ ၅၀၅ (က) အဲလိုမျိုးအမှုတွေ တချို့ကတော့ လွတ်ဖို့ ၁ နှစ်နီးပါးကျန်တဲ့သူတွေ အများစုကတော့ လွတ်ခါနီးပြီပေါ့ လပိုင်းလိုတဲ့ဟာတွေ အမျိုးသမီး…

Read More

ဟားခါးမြို့မှာ လာပြီး စစ်ဘေးရှောင်နေတဲ့ ချင်းပြည်သူထောင်ကျော် အတွက် ဆုတောင်းပေးခြင်းနဲ့ ညစာဧည့်ခံခြင်းတို့ ပြုလုပ်ပေးခဲ့တယ်လို့ HBA ထုတ်ပြန်

ဒီဇင်ဘာလ ၁ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ကို စစ်ဘေးရှောင် လာရောက်ခိုလှုံကြတဲ့ တခြားမြို့နယ်တွေက ချင်းစစ်ရှောင်လူထောင်ကျော်အတွက် ဟားခါးနှစ်ခြင်းခရစ်ယာန်အသင်းတော်များအစည်းအရုံး ( Hakha Baptist Association – HBA) က ဆုတောင်းပေးခြင်းနဲ့ ညစာဧည့်ခံခြင်းအခမ်းအနားကို မနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မှာ ဟားခါးမြို့ကဘုရားကျောင်းတချို့မှာ ပြုလုပ်ခဲ့တယ်လို့ HBA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆုတောင်းပေးခြင်းနဲ့ ညစာပြင်ဆင်ပေးခြင်း အခမ်းအနားကို ချင်းပြည်နယ်အတွင်းက မြို့နယ် ၆ မြို့နယ်ခန့်က ဟားခါးမြို့ကို စစ်ဘေးရှောင်နေကြသူတွေ ပါဝင်နိုင်ခဲ့တယ်လို့လည်း HBA ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိဟားခါးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြတဲ့အထဲ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်က ပြည်သူတွေအများဆုံးလို့ သိရပြီး ထန်တလန်မြို့နယ်ကနေလာရောက်ခိုလှုံသူ အိမ်ထောင်စု ၂၆၀ နဲ့ လူဦးရေ ၈၆၀…

Read More

ချင်းပြည်နယ်မှာ ၄ နှစ်ကျော်ကာလအတွင်း ချင်းလူမျိုး ၃၈၃ ဦးဖမ်းဆီးခံရပြီး ၁၈၃ ဦး သတ်ဖြတ်ခံရ

ဒီဇင်ဘာလ ၁ ရက်။ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် စလို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ အထိ ၄ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၈၃ ဦးရှိပြီး စစ်ကော်မရှင်တပ်ကြောင့် သေဆုံးရသူက ၁၈၃ ဦး သေဆုံးခဲ့ရပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၄ နှစ်ကျော်အတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ စုစုပေါင်းဟာ ၃၀၀၄၅ ဦးရေရှိပြီး အဲဒီထဲမှာ အမျိုးသမီး ၆၁၉၃ ဦးနဲ့ ကလေးငယ် ၆၂၉ ဦးတို့ ပါဝင်တယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အာဏာသိမ်း စစ်အုပ်စုနှင့် သူ့ရဲ့လက်ပါးစေတွေကြောင့် သေဆုံးရတဲ့…

Read More

ပလက်ဝမှာ သက်ငယ်မုဒိန်းမှုကျူးလွန်ခဲ့သူကို ထိရောက်စွာအရေးယူပေးဖို့ GKO တောင်းဆို

နိုဝင်ဘာလ ၂၈ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒလက်ကိုင်းကျေးရွာမှာ အသက်မပြည့်သေးတဲ့ လေးတူ (ချင်း) မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူကို ထိရောက်စွာ အရေးယူပေးဖို့ ပလက်ဝဒေသခံခူမီးချင်းမျိုးနွယ်စုအဖွဲ့အစည်းဖြစ်တဲ့ Global Khumi Organization (GKO) က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီချိန်လောက်မှာ ပလက်ဝမြို့နယ် ၊ ဒလက်ကိုင်းကျေးရွာက ဒေသခံ လေးတူ (ချင်း) မိန်းကလေးငယ်ကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ၊ ပြည်လုံးကြီးကျေးရွာနေ ဦးထွန်းလှိုင် အသက် ၄၆ နှစ်အရွယ်က ဒလက်ကိုင်းရွာမြောက်ပိုင်းတောစပ်တစ်နေရာမှာ အဆိုပါ ချင်းအမျိုးသမီးငယ်ကို ခေါ်ဆောင်ပြီး ၃ ကြိမ် အဓ္ဓမ္မပြုကျင့်ခဲ့တဲ့ပေါ် ULA…

Read More

တီးတိန်မြို့နယ် ဇောင်ကောင်ရွာကို စစ်ကော်မရှင်တပ်မှ တိုက်ခိုက်တာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံး

နိုဝင်ဘာလ ၂၈ ရက်။ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၁ နာရီခန့်မှာဖလမ်းဘက်ကို ဦးတည် ချီတက်လာတဲ့ အင်အား ၃၀၀ ကျော်ပါ စစ်ကော်မရှင်တပ်စစ်ကြောင်းက ဖလမ်း-ကလေး လမ်းပေါ်ရှိ တီးတိန်မြို့နယ် ဇောင်ကောင်ရွာ အတွင်းသို့ ဝင်စီး တိုက်ခိုက်ခဲ့တာ ကြောင့် တီးတိန်မြို့နယ် တောင်ပိုင်း ဒေသမှာ အခြေစိုက် စစ်ရေးလှုပ်ရှားတဲ့ ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CDF-CDM-Siyin တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့တယ် လို့ ဒေသစစ်ရေး သတင်း အရင်းအမြစ်ကနေ သိရှိရ ပါတယ်။ “ညဦးဘက်မှာ ဘဲကန့် ဘက်ကနေ တက်လာတဲ့ စကမ စစ်သားတွေရဲ့ စစ်ကြောင်းကို မိုင်းဆွဲတော့ စက် error သွားတယ်။ ရှေ့တန်း တပ်ဖွဲ့လည်း ပြဿနာတက်သွားတယ်။ စကမ…

Read More

တီးတိန်မြို့ အဝင် Saimual တောင်ကုန်းကို ချင်းညီနောင်တပ်ဖွဲ့များ ပြန်လည်ထိန်းချုပ်နိုင်

နို၀င်ဘာလ ၂၈ ရက်။ ခလရ ၂၆၉တပ်ရင်းမှ စစ်ကော်မရှင်တပ် တပ်စွဲထားသည့် တီးတိန်မြို့ အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ် စိုက်ထူထားရာ Saimual တောင်ကုန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့ ၆ ခုဖြင့် ဖွဲ့စည်းထားတဲ့ ချင်းညီနောင်တပ်ဖွဲ့ (CB) မှ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း တီးတိန်မြို့နယ်မှာ အခြေစိုက် စစ်ရေး လှုပ်ရှားတဲ့ PDF-Zoland မှ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ PDF-Zoland ရဲ့ ကြေငြာချက်ထဲမှာတော့ “နိုဝင်ဘာလ ၂၇ ရက် မနက် ၈ နာရီကစပြီး ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း၊ မိမိတို့ ချင်းညီနောင် တပ်ဖွဲ့က စစ်ကော်မရှင် တပ်ဖွဲ့ဝင်များအား တပ်စွဲထားသည့် နေရာမှ တိုက်ထုတ်နိုင်ခဲ့ကြောင်း၊…

Read More

ကလေးမြို့မော်လိုက်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသူ ၅ ဦးသာ ပြန်လွတ်လာ

နိုဝင်ဘာလ ၂၇ ရက်။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ မော်လိုက်အကျဉ်းထောင်ကနေ ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်မနက်မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသူ ၅ ဦးသာ ပြန်လွတ်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးကိစ္စနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့ဒေသခံတစ်ဦးက “ အတိအကျ သိရတာက အမျိုးသားမပါဘူး နိုင်ငံရေးအကျဉ်းသူ မိန်းကလေး ၅ ယောက်လောက်ဘဲ လွတ်လာတယ်လို့ ပြောတယ် ၅၀၅ ပုဒ်မနဲ့ ၅ ယောက်ဘဲ လွတ်တာပေါ့ မော်လိုက်ကလေးထောင်မှာ နိုင်ကျဉ်းက ၅၀၀ ကျော်မှာပေါ့ အမျိုးသားက ၄၀၀ကျော် အမျိုးသမီးက ၁ ရာကျော်လောက်ရှိတာပေါ့ အခုနောက်ပိုင်းမှာ ၅၀၅ ပုဒ်မနဲ့ သီးသန့် အမိန့်ချဖမ်းတာ…

Read More

ပုဒ် ၅၀၅(က)ဖြင့်ထောင်ကျနေသူ၊အမူရင်ဆိုင်နေရသူ စုစုပေါင်း လူ ၈ ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကော်မရှင်ကြေညာ

နိုဝင်ဘာလ ၂၆ ရက်။ မြန််မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရာဇသတ်ကြီးပုဒ် ၅၀၅(က)ဖြင့်ထောင်ကျနေသူ၊ထွက်ပြေးတိမ်းရှောင်နေရသူနဲ့ အမူရင်ဆိုင်နေရသူ စုစုပေါင်းလူ ၈ ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေး၊အမှုပိတ်သိမ်းကြောင်း အာဏာသိမ်းစစ်ကော်မရှင်က နိုဝင်ဘာလ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။ ၅၀၅(က)ဖြင့် ပြစ်မှုကျခံနေသူ ၇၂၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း၊၅၀၅(က)ဖြင့် ပြစ်ဒဏ်ကျခံနေသူ၂၃၆၁ ဦးအား ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လျော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း၊၅၀၅(က)ဖြင့် ထွက်ပြေးတိမ်းရှောင်သဖြင့်၅၁၂ ဖြင့် တရားစွဲဆိုခံရသူ ၅၅၈၀ ဦး အားကြားနာစစ်ဆေးဆဲအမှုများ ပိတ်သိမ်းလိုက်ကြောင်းအာဏာသိမ်းစစ်ကော်မရှင်က ကြေညာလိုက်ပါတယ်။ နို၀င်ဘာလ ၂၅ ရက်မှာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံသားတွေအပေါ် ပေးအပ်ထားတဲ့ ယာယီခိုလှုံခွင့်အကာအကွယ်ပေးမှု(TPS )ကို ရပ်ဆိုင်းပြီးနောက်ရက်မှာပဲ စစ်ကော်မရှင်က လွတ်ငြိမ်းခွင့်ထုတ်ပြန်လာတာဖြစ်ပါတယ်။

Read More

မင်းတပ်မြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သားပြည်သူနေအိမ်တချို့ထိခိုက်ပျက်ဆီး

နို၀င်ဘာလ ၂၆ ရက်။ CDF – Mindat တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် တိုက်နယ် ၂ အတွင်းရှိ ကျေးရွာတစ်ရွာအနီးကို စစ်ကော်မရှင်တပ်က မနေ့ည နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲလောက်မှာ လေကြာင်းကနေ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူနေအိမ်အချို့ ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ မင်းတပ်ဒေသခံ HKl Mindat ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မင်းတပ်မြို့နယ် တိုက်နယ် ၂ အတွင်းက ကျေးရွာတစ်ရွာအနီးကို ဂျက်ဖိုက်တာတစ်စီးက ည ၁၀ နာရီ ၄၀ မိနစ်၊ ၄၄ မိနစ် တွေမှာ ၂ ကြိမ် ဗုံး ၄ လုံးကြဲချပြီး အကြောင်းမဲ့…

Read More

အိန္ဒိယ (မီဇိုရမ်) – မြန်မာ ( ပလက်ဝ) နယ်စပ်ဝင်ထွက်သွားလာခွင့် ပြန်ဖွင့်ပေးပြီ

နို၀င်ဘာလ ၂၅ ရက်။ ပြင်းထန်တဲ့ ကူးစက်ဝမ်းရောဂါကြောင့် နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ ယာယီပိတ်ထားတဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် နဲ့ မြန်မာနိုင်ငံ၊ချင်းပြည်နယ်၊ ပလက်ဝအကြားရှိ နယ်စပ်ဝင်ထွက်သွားလာခွင့်ကို နိုဝင်ဘာလ ၂၄ ရက်နေ့လောက်ကစလို့ ပြန်ဖွင့်လိုက်ပြီလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ အိန္ဒိယနယ်စပ်မှာနေထိုင်တဲ့ ပလက်ဝဒေသခံတစ်ဦးက “မနေ့ကစလို့ ထင်တယ် လော့ဒေါင်းတွေ ပြန်ဖွင့်လိုက်တာ ပလက်ဝဘက်ပြန်မယ့်သူတွေ ပြန်ဖို့ လုပ်တာတွေ ရှိတယ် ကျနော်အသိတွေ ဒီအခုက ဝမ်းရောဂါလည်း သက်သာသွားတဲ့ အခြေအနေမျိုးရှိလို့ ဖြစ်မယ် ဘယ်နေ့ကစလို့ အခုလို ပြန်ခွင့်ပြုတာလည်းဆိုတာ ရက်တိကျတော့ မသိလိုက်ဘူး မနေ့လောက်ကနေ ခွင့်ပြုတာထင်တယ်” လို့ပြောပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာ၊ တွီဒန်းကျေးရွာ လုံတင်းကျေးရွာတွေမှာ နိုဝင်ဘာလဆန်းလောက်ကနေ စပြီး ပြင်းထန်တဲ့…

Read More