 
        
            နောက်ဆုံးပွဲမှာ မြန်မာဖိုက်တာ အောင်လအန်ဆန် အလဲထိုးနိုင်ပွဲနဲ့ အဆုံးသတ်
အောက်တိုဘာလ ၄ ရက်။ မြန်မာ MMAကစားသမား ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ ကစားသမားဘဝသူ့ရဲ့နောက်ဆုံးပွဲမှာ ဆွီဒင်နိုင်ငံသား ဇီဘက်တီယန်ကာဒက်စတမ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူပြီး ကစားသမားဘဝကို လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ ကစားသမားဘဝသူ့ရဲ့နောက်ဆုံးပွဲအခုပွဲကို ONE Fight Night 36 ရဲ့ ဒုတိယခေါင်ပွဲ မစ်ဒယ်ဝိတ်တန်း MMAပွဲစဉ်အဖြစ် အောက်တိုဘာလ ၄ ရက်မနက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Lumpinee Stadium မှာ ပြုလုပ်ခဲ့တာပါ။ အောင်လအန်ဆန်ဟာ ၂၀၀၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်မှာ ONE Championship ပထမဆုံးပွဲ ထိုးသတ်ခဲ့ပါတယ်။ မြန်မာဖိုက်တာ အောင်လအန်ဆန် ဟာ ONE Championship လက်အောက် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း…


 
                         
                         
                         
                         
                         
                         
         
         
         
         
         
         
         
        