တီးတိန်မြို့နယ် တုန်းဇံရွာ လူငယ် အသင်း အနေဖြင့် ရွာပိုင် နယ်နိမိတ် အတွင်း ဘိန်းစိုက်ပျိုးမှုကို ချွင်းချက် မရှိ တားမြစ်သွားမယ်လို့ ဆို
မတ်လ ၁၀ ရက်။ တီးတိန်မြို့နယ် တုန်းဇံရွာ နယ်နိမိတ် အတွင်း ဘိန်းစိုက်ခင်း ပြုလုပ်ရန် ရည်ရွယ်သည့် တောင်ယာ ခုတ်မှုများ အပါအဝင် ဘိန်းစိုက်ပျိုးမှုများကို ကျေးရွာ လူငယ်များ အနေဖြင့် ချွင်းချက် မရှိ တားမြစ်သွားမည် ဖြစ်ပြီး တားမြစ်ချက်များကို မလိုက်နာဘဲ ဘိန်းစိုက်ပျိုးမှုများ ဆောင်ရွက်လာပါက ဘိန်းပင်များကို ခုတ်ဖြတ် ရှင်းလင်းကာ ဘိန်းခင်း ၁ ဧက လျှင် ကျပ် ၅ သိန်း ဒဏ်ငွေ ပေးဆောင် စေမည် ဖြစ်ကြောင်း မတ်လ ၁၀ နေ့မှာ တုန်းဇံကျေးရွာ လူငယ်များ အသင်းက ထုတ်ပြန် ထားပါတယ်။ တုန်းဇံကျေးရွာလူငယ်များ အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ တုန်းဇံရွာနယ်မြေ အတွင်းမှာ ဘိန်းစိုက်ပျိုးမှု ကို ချွင်းချက်…

