Headlines

ဟားခါးမြို့မရဲစခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၁၆ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့မ ရဲစခန်းကို ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်း ၃ နာရီလောက်မှာ CDF – Hakha နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၁၅ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF / CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး(CNF / CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ဒီကနေ့ မနက်ပိုင်း ၃ နာရီလောက်ကနေ စဖြစ်တာပါ အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့ကြတယ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်က ၅ ဦးကျတယ် တို့ဘက်က တစ်ဦးကျတယ်…

Read More

စစ်ကော်မရှင်ဟာ အရပ်သားနေရာများအား ဗုံးကြဲတိုက်ခိုက်မှုများ ချင်းပြည်အနှံ့ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် မည်သူမျှ ရွေးကောက်ပွဲတွင် လုံးဝ မပါဝင်ကြရန် CDF-Hakha ထုတ်ပြန်

အောက်တိုဘာလ ၁၄ ရက်။ စစ်ကော်မရှင်ဟာ ၎င်းတို့၏ ရွေးကောက်ပွဲအကြိုကာလများတွင် အရပ်သားနေရာများအား ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ချင်းပြည်အနှံ့ ဆက်တိုက်လုပ်ဆောင်နေခြင်း သည် တရားမဝင်ရွေးကောက်ပွဲဖြစ်ခြင်းကို ပေါ်လွန်ပြသခြင်းဖြစ်ပြီး မည်သူမျှ ရွေးကောက်ပွဲတွင် လုံးဝ မပါဝင်ကြရန်နှင့် ပါဝင်သူများကို ထိရောက်စွာ အရေးယူမယ်လို့ ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-Hakha တပ်ဖွဲ့က ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာက ကျောင်းကို အောက်တိုဘာလ (၁၃)ရက်နေ့က ကျောင်းသား/သူများ စာသင်ချိန် မနက် ၁၀နာရီခန့်တွင် စစ်ကော်မရှင်မှ ကြောက်မက်ဖွယ်ရာနှင့် ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းသားတစ်ဦး(၈နှစ်)နှင့် ကျောင်းသူ တစ်ဦး(၁၂နှစ်)သေဆုံးရပြီး (၂၁)ဦး ဒဏ်ရာ (၂ဦးစိုးရိမ်) ရရှိဆုံးရှုံးခဲ့ရသည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသလို ခံစားရသူ မိသားစုနှင့် ရွာသူရွာသားများနဲ့အတူ…

Read More

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တို့ရဲ့ထိုးသတ်ပွဲ ဒီဇင်ဘာလ ၇ ရက်မှာ ကျင်းပမယ်

အောက်တိုဘာလ ၁၄ ရက်။ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC ရဲ့ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Alexandre Pantoja တို့ရဲ့ Flyweight (ဖလိုင်းဝိတ်) ချန်ပီယံခါးပတ်လုပွဲကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ UFC က ဒီကနေ့မှာ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကြေညာပါတယ်။ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ UFC 317 ဖလိုင်းဝိတ်တန်းပြိုင်ပွဲမှာ UFC ဖလိုင်းဝိတ်တန်းရဲ့ အဆင့် ၁ နေရာက အမေရိကန်ဖိုက်တာ Brandon Royval ကို အနိုင်ရခဲ့ပြီး UFC ရဲ့ ဖလိုင်းဝိတ်တန်းမှာ Joshua Van…

Read More

စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဟားခါးမြို့နယ်အတွင်းရှိ ပြည်သူ့ကျောင်းအားလုံး ခေတ္တပိတ်ကြောင်းထုတ်ပြန်

အောက်တိုဘာလ ၁၄ ရက်။ ပညာရေးအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်က ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဟားခါးမြို့နယ်အတွင်းရှိ CDF – Hakha ဗဟိုကောင်စီ၊ ပညာရေးဌာန လက်အောက်က ကျောင်းတွေအားလုံးကို အောက်တိုဘာလ ၁၃ ရက်နေ့ကစလို့ ခေတ္တပိတ်ထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ မနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၁၀ နာရီခွဲ၀န်းကျင်က ဟားခါးမြို့နယ်၊ ဗန်ဟား ( Vanha) ကျေးရွာရှိ စာသင်ကျောင်းကို ဂျက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား (၂) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိခဲ့ပြီးနောက် CDF – Hakha ဗဟိုကောင်စီ အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ Vanha ကျေးရွာက စာသင်ကျောင်းကို စစ်အုပ်စုက ဂျက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့လို့…

Read More

ဟားခါးမြို့နယ်က စာသင်ကျောင်းကို စစ်ကော်မရှင်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၁၃ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟား( Vanha) ကျေးရွာရှိ စာသင်ကျောင်းကို အာဏာသိမ်းမြန်မာစစ်ကော်မရှင်တပ်က ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား(၂) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးက “ သေတာက ကျောင်းသား ၂ ယောက်သေတယ်လို့ ပြောကြတယ် ထိခိုက်ဒဏ်ရာရတာလည်း များတယ်လို့ ပြောတယ် အတိအကျတော့ ကျနော်လည်း မသိဘူး” လို့ပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ကလေးငယ် ၂ ဦး သေဆုံးပြီးတော့ ကျောင်းဆရာမ ၁ ဦးနဲ့ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရပါတယ်” လို့ Chin World…

Read More

NCA ၁၀ နှစ်ပြည့် အခမ်းအနားကို UN နဲ့ နိုင်ငံတကာသံတမန်တွေ မတက်ရောက်ဖို့ NCA လက်မှတ်ရေးထိုးခဲ့တဲ့ KNU,CNF ပါဝင်တဲ့အဖွဲ့ ၆ ဖွဲ့က တိုက်တွန်း

အောက်တိုဘာလ ၁၃ ရက်။ အောက်တိုဘာလ ၁၅ ရက်မှာ စစ်အုပ်စု ကျင်းပမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်မြောက် အခမ်းအနားကို မတက်ရောက်ခြင်းဖြင့် မြန်မာပြည်သူလူထုနဲ့ အတူရပ်တည်ကြောင်းပြသရန် ကုလသမဂ္ဂ(UN),ASEAN နဲ့ နိုင်ငံတကာသံတမန်တွေကို NCA ကို ကိုယ်တိုင်လက်မှတ်ထိုးခဲ့ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) စတဲ့တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့တို့က ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ပူးတွဲထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၁၅ ရက်မှာ စစ်အုပ်စု ကျင်းပမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်…

Read More

ရွေးကောက်ပွဲကို ငြင်းပယ်ဖို့အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန် အာဆီယံကို NUG၊KNUနဲ့ CNF အပါအဝင် အဖွဲ့ ၂၀ က တောင်းဆို

အောက်တိုဘာလ ၁၂ ရက်။ အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်မည့် မည်သည့် ရွေးကောက်ပွဲမဆို ငြင်းပယ်ရန်နှင့် အသိအမှတ်မပြုရန် ၊ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆေင်ရွက်ပေးရန် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ၊ NUCC နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ချင်းအမျိုးသားတပ်ဦး(CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/IEC )အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အဖွဲ့အစည်းပေါင်း ၂၀ က အောက်တိုဘာလ ၁၁ ရက်မှာ စုပေါင်းပြီး တောင်းဆိုလိုက်ပါတယ်။ မလေးရှားနိုင်ငံ က အာဆီယံဥက္ကဋ္ဌ ဖြစ်လာသည့်အချိန်မှစတင်၍ မြန်မာ့အရေးအတွက် ဖြေရှင်းရေး အတွက် NUG အမျိုး သား ညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ CRPH-ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊…

Read More

မတူပီမြို့ပေါ် ကို မနေ့ညက စစ်ကော်မရှင်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့သိရ

အောက်တိုဘာလ ၁၁ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ပေါ် တနေရာကို အောက်တိုဘာလ ၁၀ ရက်နေ့ မနေ့ည ၈ နာရီလောက်မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ ဗုံးကြဲခံရတာ မီးသတ်ရုံးအနီးဝန်းကျင်လောက်မှာ ကြဲသွားတာလို့ပြောတယ် နောက်ပြီး လူအထိအခိုက်သေဆုံးမှုရှိတယ်လို့လည်းသိရတယ် အရပ်သားလား ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။ မတူပီမြို့ကို ချင်းညီနောင် ( CB) အဖွဲ့ဝင် MRO/CDF – Matupi က ထိန်းချုပ်ထားတာဖြစ်ပြီး မနေ့ညက စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု လူထိခိုက်သေဆုံးမှုတွေနဲ့ ပက်သက်ပြီးတော့ တစုံတစ်ရာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့နယ်ကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ…

Read More

မလေးရှားမှာ ချင်းလူငယ်တစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၁၀ ရက်။ မလေးရှားနိုင်ငံ ၊ ဆလန်ဂေါပြည်နယ်၊ Sungai Buloh မှာ အသက် (၁၇)နှစ်အရွယ် ချင်းလူငယ်တစ်ဦးဟာ ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၅ နာရီလောက်မှာ မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်ပြီး သေဆုံးလျက်သူ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ နီးစပ်တဲ့သူတစ်ဦးက “ဒီမနက် ၅ နာရီလောက်မှာ စက်ရုံမှာရှိတဲ့ သူ့သူငယ်ချင်းတွေက အိပ်ယာကထတော့ သူ့ကိုမတွေ့လို့လိုက်ရှာတာ စက်ရုံနားမှာဘဲ သူ့ကိုယ်သူ ကြိုးဆွဲချ သေဆုံးတဲ့ အလောင်းကိုတွေ့ကြတယ် သူက မလေးရှားရောက်လာတာလည်း မကြာသေးဘူးလို့ပြောတယ်” လို့ပြောပါတယ်။ မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ ချင်းလူငယ်ဟာ အသက် (၁၇) နှစ်အရွယ်ခန့်သာရှိသေးတဲ့ Chhietu Paw ဖြစ်ပြီး ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဒါရ်လင်းကျေးရွာက မရာ(ချင်း)…

Read More

ချင်းပြည်နယ်မှာ လူငယ် ၃ ယောက်မှာ ၁ ယောက်က သူတို့လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်နေကြရကြောင်း ကုလထုတ်ပြန်

အောက်တိုဘာလ ၁၀ ရက်။ မြန်မာနိုင်ငံရှိ လူငယ် (၇) ယောက်မှာ (၁) ယောက်နှုန်းက သူတို့လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်နေကြရပြီး ချင်းပြည်နယ်မှာဆိုရင် လူငယ် ၃ ယောက်မှာ ၁ ယောက် နီးပါးကဒီလိုခံစား နေရ ကြောင်း ၊လုံခြုံမှုအတွက် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်မှုဟာ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် ဘက်က လူငယ်တွေမှာ ပိုအဖြစ်များတာတွေ့ရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ( UNDP Myanmar) ရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံရှိ လူငယ်များစွာဟာ သူတို့ရဲ့ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းဖြစ်လာတယ်လို့ UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်…

Read More