ဒရုန်းများဖြင့် တိုက်ခိုက်ခံရတဲ့ကြားက ချင်းပြည်နယ် လွှတ်တော် အစည်းအဝေး စတင် ကျင်းပပြီး Pu Kawl Lian Thang အား ဥက္ကဌ အဖြစ် တင်မြှောက်
မတ်လ ၂၀ ရက်။ မတ်လ ၂၀ ရက်နေ့မှာ ချင်းပြည်နယ် ဟားခါးမြို့ ရှိ ပြည်နယ်လွှတ်တော် အဆောက်အဦး မှာ တတိယ အကြိမ် ချင်းပြည်နယ် လွှတ်တော် အစည်းအဝေး စတင်ကျင်းပခဲ့ပြီး ချင်းဒေသတော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်သည့်ကြားမှ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့ Pu Kawl Lian Thang ကို ပြည်နယ်လွှတ်တော် ဥက္ကဌ အဖြစ် ရွေးချယ် တင်မြှောက် နိုင် ခဲ့ကြောင်း ဟားခါးမြို့နေ ဝန်ထမ်း အသိုင်းအဝိုင်းမှ သိရပါတယ်။ Pu Kawl Lian Thang ဟာ ပလက်ဝမြို့နယ်…

