
ဖလမ်းမြို့ရှောင်ကွင်းလမ်း မြေပြိုပျက်စီးလို့ ခရီးသွားလာလို့ မရသေးဘူးလို့ ထုတ်ပြန်
မေလ ၂၉ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ မြို့ရှောင်ကွင်းလမ်း မြေပြိုပျက်စီးနေလို့ ခရီးသွားလာလို့ မရသေးတဲ့အကြောင်း Falam Regional Committee က မေလ ၂၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ Falam Regional Committee က “ဖလမ်းမြို့ရှောင်ကွင်းလမ်း ပျက်စီးသွားတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ခရီးသွားလာလို့ မရသေးဘူး ပြုပြင်ပြီးရင် ပြန်လည် အသိပေးမယ်” လို့ ဆိုပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကာလတလျောက် လအတော်ကြာပိတ်ထားတဲ့ ဖလမ်းမြို့ရှောင်ကွင်းလမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစလို့ ပြန်အသုံးပြုခွင့် ပေးထားတာလည်းဖြစ်ပါတယ်။ ဖလမ်းမြို့ရှောင်ကွင်းလမ်းကနေ ကလေးမြို့၊ ဝေဘူလမြို့ ၊ ရိဒ်ခေါဒါရ်မြို့ ၊ ဟားခါးမြို့ နှင့် စတဲ့မြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းဖြစ်ပါတယ်။ ဖလမ်းမြို့ကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ပါဝင်တဲ့…