Headlines

ကလေးမြို့က လွှတ်တော်နေရာအားလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိ

ဒီဇင်ဘာလ ၂၉ ရက်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင် ကျင်းပတဲ့ ၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း၊ကလေးမြို့ကလွှတ်တော်နေရာမဲဆန္ဒနယ် အားလုံးမှာပြည်ထောင်စု ကြုံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့တယ် လို့ Chin World Media ရဲ့ သတင်းအရင်းအမြစ်ထံမှ သိရှိရ ပါတယ်။ ကလေးမြို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ နှင့် ရှမ်းနီ (တိုင်းလျန်) ပါတီ တို့ယှဉ်ပြိုင်ခဲ့ ပြီး ကြံ့ခိုင်ရေးပါတီမှ ဒုတိယ မဲအရေအတွက် လိုက်သည့် တစည ပါတီကို ပြည်သူလွှတ်တော် မဲဆန္ဒနယ် မှာ မဲ အရေအတွက် ၈ ထောင်…

Read More

ဒီနေ့ ရွေးကောက်ပွဲနေ့မှာ ကလေးမြို့ပေါ်မှာလူအသွားအလာ မရှိသလောက်နည်းပါး

ဒီဇင်ဘာလ ၂၈ ရက်။ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပတဲ့ ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒေသခံပြည်သူတွေဟာ အပြင်ထွက်သွားလာတာ မရှိသလောက်နည်းပါးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက ” အခြေအနေကတော့ ပြည်သူလူထုက အသံတိတ်သပိတ် လုပ်ကြတဲ့ ပုံစံမျိုးပဲ လမ်းတွေပေါ် လူကိုရှင်းနေတာပဲ ဒါကိုကြည့်ပြီး မဲရုံသွားပြီး မဲမပေးကြဘူးဆိုတာ သိနိုင်တာပေါ့ မဲပေးတဲ့သူတွေက သူတ်ို့ (စစ်ကော်မရှင်) နဲ့ မကင်းတဲ့သူတွေ သူတို့ကို ထောက်ခံတဲ့ အနည်းစုပဲရှိတယ်၊ ဈေးဆိုင်တွေလဲ ပိတ်ထားကြတယ် ဈေးဝယ်သူတွေလည်း မရှိကြဘူး လမ်းတွေပေါ်လဲ လူသွားလူလာ မရှိဘူး” လို့ပြောပါတယ်။ စစ်ကော်မရှင်က ကလေးမြို့ပေါ် မင်္ဂလာဥယာဉ်က အမှတ် (၁၀) ကျောင်း၊ အောင်သစ္စာက…

Read More

ငဖဲမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ ၃ ဦး CDF – Asho ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

ဒီဇင်ဘာလ ၂၄ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအနီး ပဇီကျေးရွာအနီး ရှေ့တန်းစစ်မြေပြင်က စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး ဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို ( CDF – Asho) ထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ပူးပေါင်းခဲ့တယ်လို့ CDF – Asho က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ကာ မြန်မာနိုင်ငံအနှံ့က လူငယ်တွေကို တပ်သားစုဆောင်းပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်ခြင်း၊ စစ်အင်အားဖြည့်တင်းခြင်းနှင့် စိတ်ဆန္ဒမပါပဲ အစတေးခံများအဖြင့် အသုံးချလျက်ရှိကာ ရှေ့တန်းစစ်မြေပြင်တွင် အထက်တပ်မှုးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်မှု ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် တိုက်ခိုက်လိုစိတ်မရှိကြတော့ပဲ နေ့စဉ်နဲ့အမျှ တပ်ကထွက်ပြေးရန်ကြိုးစားလျှက် ရှိနေတာကိုလည်း ဘက်ပြောင်းအလင်းဝင်ရောက်သူတွေရဲ့ ထွက်ဆိုချက်အရ…

Read More

ကလေးမြို့မှာ ရွေးကောက်ပွဲအတွက် လက်ကမ်းစာစောင် ဝေတာတွေကို လုံခြုံရေးအင်အားအများအပြားနဲ့ ပြုလုပ်နေ

ဒီဇင်ဘာလ ၂၂ ရက်။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ပေါ်မှာ လာမည့် ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးအနေဖြင့် လက်ကမ်းစာဆောင်ဝေတာတွေကို စစ်တပ်၊ရဲ လုံခြုံရေးအင်အားအများအပြားနှင့် အခုရက်ပိုင်းအတွင်း ပြုလုပ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “လက်ကမ်းစာဆောင်ဝေတာတွေတော့ လုပ်တာ အခုရက်ပိုင်းအတွင်း ၃ ၊ ၄ ကြိမ်လောက်တွေ့ရတယ် လုံခြုံရေးအများကြီးနဲ့ လုပ်ကြတယ် ဟောပြောတာတွေတော့ လုပ်တာမတွေ့ရဘူး နောက်ပြီး စည်ပင်ရုံးရှေ့တည့်တည့် လေယာဉ်ကွင်းဘေးမှာတော့ ဆိုင်းဘုတ်ကြီးကြီးလုပ်ထားတာတော့ရှိတယ် အဲနေရာကလုံခြုံရေးလည်း ကောင်းတော့ အခိုင်အမာကိုထောင်ထားတာ ကျန်တဲ့နေရာတွေမှာတော့ မတွေ့ရဘူး” လို့ပြောပါတယ်။ ရပ်ကွက်ပေါင်း ၂၀ ရှိတဲ့ ကလေးမြို့ပေါ်မှာ ရွေးကောက်ပွဲကို ကလေးမြို့အနောက်ဘက်ပိုင်း ချင်းလူမျိုးအများစု နေထိုင်တဲ့ ရပ်ကွက် (၇) ရပ်ကွက်မှာ တော့ ရွေးကောက်ပွဲကျင်းပဖို့…

Read More

NUG က အကြမ်းဖက်စာရင်းထဲ ပူဂင့်ကမ်းလျန်ကိုထည့်တဲ့အပေါ် ပြန်လည်ရုတ်သိမ်းပေးဖို့ ZNP ပါတီထုတ်ပြန်

ဒီဇင်ဘာလ ၂၂ ရက်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇိုမီး ဝါရင့်နိုင်ငံရေးသမား ၁ ဦးဖြစ်တဲ့ ပူဂင့်ကမ်းလျန်ကို “ အကြမ်းဖက်” အမည်တပ်ထုတ်ပြန်ချက်ထုတ်ခဲ့တဲ့အပေါ် ပြန်လည်ရုတ်သိမ်းပေးဖို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ ဇိုမီးအမျိုးသားပါတီ နှင့် ပူဂင့်ကမ်းလျန်ဟာ မည်သည့်ပက်သက်မှုမှ မရှိသော်လည်း ဇိုမီး ဝါရင့်နိုင်ငံရေးသမား တဦးဖြစ်တဲ့ ပူဂင့်ကမ်းလျန်ဟာ သူ၏ ဘဝတလျောက်လုံး နိုင်ငံရေးလမ်းစဉ်ကို တစိုက်မတ်မတ်ယုံကြည်လိုက်လျောက်ခဲ့တဲ့ နိုင်ငံရေးသမားတဦးဖြစ်တဲ့အပြင် အကြမ်းဖက်လို့ အမည်တပ်ရသည်ထိ မည်သည့်နေရာတွင်မှ ပါဝင်ပတ်သက်မှု ၊ လုပ်ဆောင်မှု မရှိသည်ကို ဇိုမီးအမျိုးသားထုတရပ်လုံးက သိရှိထားကြပြီးဖြစ်ပြီး ဒီလို မှားယွင်း စွပ်စွဲတဲ့လုပ်ရပ်ပေါ် ဇိုမီးအမျိုးသားပါတီ (ZNP) အနေဖြင့် အံသြစိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးကို ရှေးရှုသည့်အနေဖြင့်…

Read More

ဒေါက်တာမှုထန်၊ ပူဂင့်ကမ်းလျန်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၃၃ ဦး ကိုအကြမ်းဖက်သမားတွေ အဖြစ် NUG ကြေညာ

ဒီဇင်ဘာလ ၂၂ ရက်။ အမျိုးသားညီညွတ်ရေး အစိုးရ(NUG )ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က အာဏာသိမ်းစစ် ခေါင်း ဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ဒေါက်တာမှုထန်၊ ပူဂင့်ကမ်းလျန်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၃၃ ဦး ကို အကြမ်းဖက်သမားတွေ အဖြစ်သတ်မှတ်ပြီး မနေ့ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ NUG က အကြမ်းဖက်သမားတွေ အဖြစ်သတ်မှတ်ကြေညာထားသူတွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့ကာ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၃၁ ရက်မှာ မကြာသေးခင်က ဖျက်သိမ်းလိုက်တဲ့ “ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင်တွေ အားလုံးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ထားတာလို့ ဆိုပါတယ်။ စစ်ကောင်စီအဖွဲ့ဝင်အဖြင့် ခန့်အပ်ခြင်းခံရတဲ့ ဒေါက်တာမှုန်ထန်၊…

Read More

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဖွဲ့စည်းမှုအပေါ် ထောက်ခံကြိုဆိုကြောင်း အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ ထုတ်ပြန်

ဒီဇင်ဘာလ ၁၈ ရက်။ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ဖွဲ့စည်းမှုအပေါ် ထောက်ခံကြိုဆိုတဲ့ကြောင်း အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC) က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ နွေဦးတော်လှန်ရေးလူထုမှ မွေးဖွားပေးလိုက်တဲ့ နယ်မြေဒေသ အသီးသီးက လူမျိုးဘာသာစုံ လူငယ်ကျောင်းသား လက်နက်ကိုင်တော်လှန်ရေး ၁၉ ဖွဲ့ စုပေါင်းပြီး နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) အဖြစ် ဖွဲ့စည်းလိုက်တဲ့ပေါ် ဝမ်းမြောက်စွာ ထောက်ခံကြိုဆိုတယ်လို့ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ ဆိုပါတယ်။ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဘုံရည်မှန်းချက် ဘုံလမ်းစဉ်တွေကို အခြေခံပြီး မဟာမိတ်စုဖွဲ့ခြင်း၊ ပူးတွဲကွပ်ကဲမှုများ တည်ဆောက်ဖော်ဆောင်ခြင်းဟာ တော်လှန်ရေး အောင်ပွဲရှိရာ လမ်ကြောင်းဆီကို ပိုမိုတည့်မတ်စွာ လျှောက်လှမ်းနိုင်မယ့် လမ်းစတွေဖြစ်တယ်လို့ NUCC…

Read More

ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အရေးယူဆောင်ရွက်မှု (၁၄၀) ရှိပြီး ပြည်သူ ၂၂၉ ဦးကို အရေးယူထား

ဒီဇင်ဘာလ ၁၇ ရက်။ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျုးလွန်သူများကို ဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်နေပြီး ဒီဇင်ဘာ(၁၅)ရက်နေ့အထိ အမှု(၁၄၀) ရှိပြီး စုစုပေါင်း ပြည်သူ (၂၂၉)ဦးကို အရေးယူထားတယ်လို့ ဒီဇင်ဘာလ ၁၆ ရက်မှာ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားခဲ့ကြောင်း ဒီနေ့ဒီဇင်ဘာလ ၁၇ ရက်ထုတ် အာဏာသိမ်းစစ်ကော်မရှင်အာဘော်နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြထားပါတယ်။ ပြည်ထောင်စုနယ်မြေ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တာဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တရားခံ အမျိုးသား (၂၀၁)ဦး၊ အမျိုးသမီး(၂၈)ဦး စုစုပေါင်း (၂၂၉)ဦးကို အရေးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်ရဲ့ဖော်ပြချက်အရသိရပါတယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဉပဒေကို ပြီးခဲ့တဲ့…

Read More

ချင်းစကားများ အပါအဝင် တိုင်းရင်းသားဘာသာစကား (၂၀) ကျော်ဖြင့် အသုံးပြုနိုင်မည့် eimiAI ကို လူထုနဲ့ စတင်မိတ်ဆက်မည်

ဒီဇင်ဘာလ ၁၇ ရက်။ ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့် ဘာသာပြန်ဆိုခြင်းနှင့် အခြားဝန်ဆောင်မှုများ ရရှိနိုင်မည့် eimiAI ကို လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၆) နာရီမှာ Grand Launch အခမ်းအနားဖြင့် လူထုနဲ့ တရားဝင် စတင် မိတ်ဆက်သွားမည် ဖြစ်ကြောင်း eimiAI ဖန်တီးရေးဆွဲသူ ချင်းလူမျိုး IT ပညာရှင်တစ်ဦးဖြစ်တဲ့ Ko Michael Suantak ထံမှ သိရပါတယ်။ “eimiAI ကို လူထုနဲ့ မိတ်ဆက်တဲ့ အခမ်းအနားကိုတော့ Google Meet ကနေ ပြုလုပ်သွားမှာ ဖြစ်တယ်။ ဝင်ရောက်ရမယ့် Link…

Read More

ချင်းညီနောင်ပါဝင်တဲ့ ‘နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု’ ဖွဲ့စည်းကြောင်းထုတ်ပြန်

ဒီဇင်ဘာလ ၁၆ ရက်။ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်(CB)အဖွဲ့အပါအဝင် တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့ပါဝင်တဲ့ “နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု – Spring Revolution Alliance – SRA “ဖွဲ့စည်းကြောင်း မနေ့ဒီဇင်ဘာလ ၁၅ ရက်မှာ အဖွဲ့ ၁၉ ဖွဲ့က စုပေါင်းပြီးထုတ်ပြန်ကြေညာပါတယ်။ နွေဦးတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းဖို့ တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့က ၂၀၂၅ မေလအတွင်း စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ပထမပတ်မှာ တပ်ဖွဲ့ ၁၄ ဖွဲ့ ကနဦး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၂၁ ရက်စတင်ပြီး တပ်ပေါင်းစုဖြစ်မြောက်ရေးညီလာခံကို ၃ ရက်ကျင်းပခဲ့ပြီးတဲ့နောက်အဖွဲ့ ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းနိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။…

Read More