Headlines

သံသယရှိတယ်ဆိုပြီး ငဖဲမြို့နယ်က ဒေသခံချင်းလူမျိုးသားအမိ ၂ ဦးကို စစ်ကောင်စီတပ်က မတ်လ ၇ ရက်က ဖမ်းဆီးခဲ့ပြီး ဒီကနေ့အချိန်ထိ ပြန်လွှတ်မပေးသေးဘူးလို့ သိရ

မတ်လ ၁၀ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီ(အရှိုချင်း)ရွာက ဒေသခံ ဒေါ်ပလွန် (၅၄)နှစ်နဲ့ မိုင်အက်စတာမန်း (၁၈) နှစ် အရွယ် သားအမိ တို့ကို စစ်ကောင်စီက သံသယရှိတယ်ဆိုပြီး မတ်လ (၇) ရက်နေ့က ဖမ်းဆီးခဲ့ကာ ဒီကနေ့အချိန်ထိပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။ ငဖဲမြို့နယ်က လက်နက်စက်ရုံ(က.ပ.စ) က စစ်ကောင်စီ အင်အား ၄၀ ကျော်ဟာ ကားနှစ်စီး၊ဆိုင်ကယ် (၇) စီးတို့နဲ့ စပ်စီရွာကို မတ်လ (၇)ရက်နေ့ နေ့လည်နှစ်နာရီဝန်းကျင်လောက်မှာ ဝင်ရောက်လာပြီး ဒေါ်ပလွန်နဲ့သူသမီး မိုင်အက်စတာမန်းတို့ကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးက “အဲဒီနေ့က သူတို့အိမ်က လက်တော့ပ်တစ်လုံး၊ ဖုန်းတစ်လုံးကိုလည်း စစ်ကောင်စီက သိမ်းသွားတယ် ပြီးတော့ စပ်စီရွာ ခရစ်ယာန်ဘုရားကျောင်းက မူကြိုကျောင်းကိုလည်း စစ်ကောင်စီတွေက…

Read More

ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ မဟုတ်ရင် နောက်နှစ် ဇန်နဝါရီလထဲမှာ ကျင်းပမယ်လို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြော

မတ်လ ၇ ရက်။ အထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပသွားဖို့ စီစဉ်ထားတဲ့အကြောင်း ဘယ်လာရုစ်နိုင်ငံကို ချစ်ကြည်ရေး ခရီးရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံကိုသွားရောက်ပြီးနောက် ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို နဲ့ ပြုလုပ်တဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ရွေးကောက်ပွဲအကြောင်း ထုတ်ဖော် ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျနော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်ခဲ့တဲ့အတွက် ကျနော့်တို့နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာပြီးတော့ ခေတ္တတာဝန် ယူထားတာ ဖြစ်ပါတယ်။…

Read More

နွေဦးတော်လှန်ရေးအတွင်း ချင်းလူမျိုးတွေရဲ့ ညီညွှတ်ရေးဟာ တခြားလူမျိုးစုတော်လှန်ရေးအဖွဲ့တွေအတွက် စံပြဖြစ်ဖို့လိုအပ်တယ်လို့ NUG ယာယီသမ္မတပြော

မတ်လ ၅ ရက်။ နွေဦးတော်လှန်ရေး ကာလအတွင်း ချင်းလူမျိုးတွေရဲ့ ညီညွှတ်ရေးဟာ တခြားသော လူမျိုးစုတော်လျန်ရေးအဖွဲ့တွေအတွက် ကနဦးစံပြဖြစ်လာဖို့ လိုအပ်ကြောင်း၊ချင်းပြည်ကောင်စီ [CC] နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) အကြား ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းမှုတွေကို အဓိက အသားပေးပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက “ခုဆိုရင် ချင်းပြည်ကောင်စီ [CC] နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် (ICNCC/CB) တို့အကြား ဘုံပေါင်းစည်းမှုတစ်ရပ် လုပ်ဆောင်နိုင်ဖို့ ခြေလှမ်းစနိုင်တော့မှာ ဖြစ်ကြောင်း ကြားသိရတာကြောင့်၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ တစ်ခုလုံးက ဝမ်းသာ ဂုဏ်ယူမိခဲ့ ကြပါတယ်။…

Read More

Myanmar Star ပြိုင်ပွဲ Top 7 မှာ ချင်းလူငယ် ၂ ဦး ဆက်လက် ပါဝင်

ဖေဖော်ဝါရီလ ၂၈ ရက်။ ဒီကနေ့ ဖေဖော်ဝါရီလ ၂၈ ရက်ညမှာ Myanmar Star သီချင်းဆိုပြိုင်ပွဲ Season 2 ရဲ့ Top 7 ကို ရွေးချယ်ခဲ့ရာမှာ ချင်းလူငယ် နှစ်ဦး ဖြစ်တဲ့ Ephraim Kyaw Oo နှင့် Hoihpi တို့ ဆက်လက် ပါဝင်လာခဲ့ကြောင်း Myanmar Star ရဲ့ တိုက်ရိုက် ထုတ်လွင့်မှု အရ သိရှိခဲ့ရ ပါတယ်။ Myanmar Star Season 2 ရဲ့ Top 8 ကနေ Top 7 အဖြစ် ရွေးချယ် ရရှိ သူတွေကတော့ Ephraim Kyaw Oo (Paletwa), Hoihpi…

Read More

မြန်မာနိုင်ငံမှာ ငွေကြေးအဖွဲ့အစည်းတွေအကြား ဒစ်ဂျစ်တယ် ငွေလွှဲပြောင်းမှုနဲ့ အပြန်အလှန် ငွေပေးချေမှု ပြုလုပ်နိုင်မယ့် MMQR စနစ် စတင်အသုံးပြု

ဖေဖော်ဝါရီလ ၂၈ ရက်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)၊ ကျောက်စိမ်း ခန်းမမှာ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုများ အတွက် ငွေကြေးအဖွဲ့အစည်းတွေအကြား ငွေလွှဲပြောင်းမှုနဲ့ အပြန်အလှန်ငွေပေးချေမှု ပြုလုပ်နိုင်မယ့် National QR Standard ဖြစ်တဲ့ MMQR စတင် အသုံးပြုခြင်း အခမ်းအနားကျင်းပခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းဖော်ပြချက်များ အရ သိရှိရပါတယ်။ MMQR ဟာ မြန်မာ နိုင်ငံရဲ့ National Standard အဖြစ် သတ်မှတ်ထားတဲ့ QR Code နဲ့ ငွေပေးမှုကို ထောက်ပံ့ပေးမယ့် Digital Payment Switch တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြီးကြပ်ဦးဆောင် ပြီး ဆောင်ရွက်ခဲ့ခြင်း…

Read More

ငဖဲမြို့နယ်မှာ ကာကင်းစခန်းတွေက ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ CDF – Asho ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၆ ရက်။ အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်၊ ကာကင်းစခန်းတွေကနေ စခန်းစွန့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးကို ၃ ရက်အတွင်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ရှိတဲ့ တောင်ကုန်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်စဉ်အတွင်း ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့စလို့ နယ်မြေရှင်းလင်းဖမ်းဆီးလျှက်ရှိရာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ၃ ရက်တာအတွင်း စစ်ကောင်စီတပ်သား…

Read More

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံအဝန်း မီးရှို့ဖျက်ဆီးခံရတဲ့အိမ် အရေအတွက် ၁ သိန်းကျော်ပြီဖြစ်

ဖေဖော်ဝါရီလ ၂၅ ရက်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ပဋိပက္ခကာလအတွင်း တစ်နိုင်ငံလုံးမှာ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်အရေအတွက် တစ်သိန်းကျော်ရှိပြီဖြစ်တယ်လို့ Data for Myanmar က ဖေဖော်ဝါရီလ (၂၁) ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရသိရပါတယ်။ အဆိုပါအစီအရင်ခံစာဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ နိုဝင်ဘာလအထိ ကောက်ခံရရှိတဲ့စာရင်းဖြစ်ပြီး ၂၀၂၄ နိုဝင်ဘာလ နောက်ပိုင်း မီးရှို့ဖျက်ဆီးခံရတဲ့အိမ် အခြေအနေနဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့က အရေအတွက်အချို့မပါဝင်သေးဘူးလို့ဆိုပါတယ်။ ၂၀၂၄ နိုဝင်ဘာလအထိ ကောက်ခံရရှိတဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ လူနေအိမ်အပါအဝင် အခြားအဆောက်အဦး မီးလောင်ပျက်စီးမှုအရေအတွက်ဟာ ၁၀၉၂၄၂ လုံးရှိပြီဖြစ်တယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။ ယခုအရေအတွက်ဟာလည်း Data for Myanmar ရဲ့ကောက်ခံရရှိထားတဲ့စာရင်းဖြစ်ပြီး လက်တွေ့မြေပြင်မှာ ယခုအရေအတွက်ထက် ပိုများမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ၄ နှစ်အတွင်း ချင်းလူမျိုးတွေပိုင်ဆိုင်တဲ့အိမ် ၃၇၀၀…

Read More

ငဖဲမြို့နယ်က အရှိုချင်းစစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ချင်းအမျိုးသား ၂ ဦးသေဆုံး အများအပြားထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီလ ၂၅ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်း လမ်းမပေါ်မှာရှိတဲ့ လင်းတဲကျေးရွာက ဒေသခံအရှိုချင်းစစ်ရှောင်တွေခိုလှုံနေတဲ့ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လည်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းအမျိုးသား ၂ ဦးသေဆုံးပြီး အသက်အန္တရယ်စိုးရိမ်ရ ထိခိုက်ဒဏ်ရသူလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အမ်း – ပဒါန်း လမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေဟာ လင်းတဲကျေးရွာ အနီးနားပက်ဝန်းကျင်ရောက်လာတဲ့အချိန် ဒေသခံတွေဟာ ဘုန်းကြီးကျောင်းထဲ ထွက်ပြေးခိုလှုံနေကြတာဖြစ်ပြီး အဲဒီနေရာကို မနေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒေသခံတစ်ဦးက “လင်းတဲကျေးရွာက စစ်ကောင်စီရဲ့ အမ်း – ပဒါန်း လမ်းမပေါ်မှာရှိတဲ့ နတ်ရေကန်ပျူဟာကုန်း…

Read More

မောင်တောမြို့နယ်မှာ AA ထံ စစ်သင်တန်းတက်ရောက်ပြီး ကိုယ့်ရပ်ရွာကို ကာကွယ်မယ်လို့ ကလေးအများပြားပါဝင်တဲ့ မြိုလူမျိုး ၇၅ ဦး ဆန္ဒဖော်ထုတ်

ဖေဖော်ဝါရီလ ၂၄ရက်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကပ်ရပ်တည်ရှိတဲ့ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ အာရက္ခတပ်တော် (AA) ထံ စစ်သင်တန်း တက်ရောက်ပြီး ကိုယ့်ရပ်ရွာကာကွယ်မယ်လို့ ကျေးရွာ ၄ ရွာမှ ကလေးအများအပြားပါဝင်တဲ့ မြိုလူမျိုး ၇၅ ဦး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေက သိရပါတယ်။ မနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက ဒုံးညို၊ ရွှေတိုင်၊ ဘောင်း၊ ကြောင်နဖေ စသည့်မြိုကျေးရွာ ၄ရွာမှ ကလေးအများပြားပါဝင်တဲ့ မြိုလူမျိုးတွေဟာ AA အလံ ကိုင်ဆောင်ကာ ကြွေးကြော်သံတွေအနဲ့အတူ ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။ “မနေ့က အနီးအနားမှာရှိတဲ့ မြိုရွာ ၄ ရွာက လူတွေနဲ့ ဆန္ဒဖော်ထုတ်ကြတာပါ။ အဓိက ဆန္ဒဖော်ထုတ်ကတော့ AA ဆီမှာ စစ်သင်တန်းတက်မယ်။ ကိုယ့်ရပ်ရွာကို ကာကွယ်မယ်ဆိုတာပါ။ လူကြီးတွေက အလုပ်တွေ…

Read More

ငဖဲမြို့နယ်မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီးအများအပြားဒဏ်ရာရကာ၊CDF-Asho တပ်ဖွဲ့ဝင် ၁ ဦးလည်းကျဆုံးခဲ့ကြောင်းCDF –Asho ထုတ်ပြန်

ဖေဖော်ဝါရီလ ၂၃ ရက်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့နေ့လည် ၁ နာရီခွဲမှာ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာစစ် ဆင်လာတဲ့ အင်အား (၁၀၀) ကျော်ခန့်ပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းကာကွယ်ရေးတပ် – အရှို(CDF -–Asho) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကာ CDF –Asho ဘက်ကလည်း ၁ ဦးကျဆုံးခဲ့တယ်လို့ CDF –Asho က ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပြီး ဆုတ်ခွာစစ် ဆင်လာတဲ့ စစ်ကောင်စီအင်အား (၁၀၀) ကျော်ခန့်ပါ ယာဉ်တန်း ၄ စီးကို ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက်…

Read More