ကလေးမြို့အကျဉ်းထောင်က လွတ်ရက်စေ့တော့မယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချခံရသူ တချို့ ထပ်လွှတ်ပေး
ဒီဇင်ဘာလ ၂ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်နှစ်ရှည်ထောင်ဒဏ်ချခံထားရသူတချို့ကို ထပ်မံပြန်လွှတ်ပေးခဲ့ တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ မနေ့က ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ ပြန်လွတ်ပေးလိုက်တဲ့အထဲ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂ ဦးနဲ့ အမျိုးသား ၉ ဦး စုစုပေါင်း ၁၁ ဦးကို ပြန်လွတ်ပေးခဲ့တာလို့ နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတစ်ဦးက “မနေ့က ကလေးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၅၂ (က)၊ ၅၀၅ (က) အဲလိုမျိုးအမှုတွေ တချို့ကတော့ လွတ်ဖို့ ၁ နှစ်နီးပါးကျန်တဲ့သူတွေ အများစုကတော့ လွတ်ခါနီးပြီပေါ့ လပိုင်းလိုတဲ့ဟာတွေ အမျိုးသမီး…

