တန်းတူညီမျှမှုရှိတဲ့ ပြည်ထောင်စုသစ်တစ်ရပ်ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ CDF – Asho ၃ နှစ်ပြည့်မှာ ထုတ်ပြန်
ဇန်နဝါရီလ ၂၂ ရက်။ တောင်ပေါ် မြေပြန့်အပါအဝင်ပြည်ထောင်စုတစ်ခုလုံးရှိ တိုင်းရင်းသားလူမျိုးစုအားလုံးတွက် ကောင်းမွန်မျှတမှုရှိတဲ့ နိုင်ငံရေးစနစ်တစ်ရပ်ပေါ်ပေါက်ရန်နဲ့ တန်းတူညီမျှမှုရှိတဲ့ ပြည်ထောင်စုသစ်တစ်ရပ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho) တည်ထောင်ခြင်း ၃ နှစ်ပြည့်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ CDF-Asho က ထုတ်ပြန်ပါတယ်။ ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ တော်လှန်ရေးခရီး ၃ နှစ်တာအတွင်း ပြည်တွင်းပြည်ပရှိ တော်လှန်ပြည်သူတွေရဲ့ ပံ့ပိုးဝန်းရံမှုတွေကြောင့် စစ်ဆင်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်း ဖော်ဆောင်နိုင်မှုအပေါ် လေးစားဂုဏ်ယူတယ်လို့လည်း ဖော်ပြထားပါတယ်။ ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ စစ်ဆင်ရေးတွေမှာ အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ တော်လှန်ရေးရဲဘော်…

